Monday 12 January 2015

မလေးရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို ပြန်လည်ဖမ်းဆီး နိုင်ငံခြားသား ၈၀၀ နီးပါးတွင် မြန်မာ ၁၃၀ ခန့်ပါဝင်

Photo: မလေးရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို ပြန်လည်ဖမ်းဆီး
နိုင်ငံခြားသား ၈၀၀ နီးပါးတွင် မြန်မာ ၁၃၀ ခန့်ပါဝင်
Monday, January 12, 2015

မလေး ရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို နိုင်ငံမှရှင်းလင်းသွား မည်ဟု တရားဝင်ကြေညာပြီးနောက် ဇန်နဝါရီ ၁၁ရက်က ပြန်လည်စတင် ဖမ်းဆီးခဲ့ရာ တရားမဝင်နိုင်ငံခြားသား ၈၀ဝနီးပါး ဖမ်းဆီးခဲ့ပြီး အဆို ပါနိုင်ငံခြားသားများအနက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၃ဝနီးပါး ခန့် ပါဝင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ကပုန်းလူမှုကူညီရေးအ သင်းမှ သိရသည်။

ဇန်နဝါရီ ၁၁ရက် မလေးရှားစံတော်ချိန် မနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့လယ်ရှိ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ အများဆုံးတည်ရှိရာ ကိုတာယာကုန်တိုက် အနီးနှင့် မိုင်းဒင်းကုန်တိုက်အနီးတို့တွင် မလေးရှားရဲ ၆ဝခန့်သည် အရပ်သား အဝတ်အစားများဖြင့် လမ်းများ ကိုပိတ်စောင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကပုန်းလူမှုကူညီရေးအသင်းမှ ဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင်လည်း ဖမ်းမိသည့် နိုင်ငံခြားသားအလုပ်သမားများအား လုံးကို အော်ပရာဇီဟုခေါ်သော မလေးရှားနိုင်ငံ၏ နိုင်ငံရေးအရ ဖမ်းဆီးသည့် စစ်ဆင်ရေးဖြင့် အုပ်စုလိုက်ထိုင်ခိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖမ်းဆီးပြီး မကြာမီ ယူ နီဖောင်းဝတ်ဆင်ထားသော(Rela Immigration)ဟုခေါ်သည့် အရေး ပေါ်ကျန်းမာရေးအဖွဲ့(၉၉၉) ရောက် ရှိလာကာ ဖမ်းဆီးထားမိသည့် နိုင်ငံ ခြားသား အလုပ်သမားများအားလုံး ကို အချုပ်ကား ငါးစီးဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ကပုန်းလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်း ဝင်းက ပြောသည်။

''မနေ့ကလစာထုတ်ပြီး ဒီနေ့ကအလုပ်ပိတ်ရက်ဆိုတော့ နိုင်ငံပေါင်း စုံက ရွှေ့ပြောင်းအလုပ်သမားအား လုံးက သူ့တို့နိုင်ငံတွေက မိသားစုတွေ ဆီကို ပိုက်ဆံလွှဲတဲ့သူနဲ့၊ လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေဝယ်တဲ့သူနဲ့၊ အခု ဖမ်းတဲ့နေရာကလဲ ရွှေ့ပြောင်းအလုပ် သမားတွေအတွက် လိုအပ်တာတွေ အကုန်လုပ်ဆောင်ဖို့ အဆင်ပြေတဲ့ နေရာလဲဖြစ်တော့ ဒီနေ့က ခါတိုင်းထက်ပိုပြီး လူစည်ကားတာပေါ့။ ဖမ်း ဆီးရေးကလဲ အဖမ်းငြိမ်နေတော့ မဖမ်းတော့ ဘူးထင်ပြီး ထွက်ကြတာ'' ဟု ဦးဆန်းဝင်းက ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကိုယ်တိုင်တွေ့မြင်ခဲ့ သည့် အခြေအနေများကို ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဇန်နဝါရီ ၁ဝရက်တွင် လစာ ထုတ်ရက်ဖြစ်ပြီး ၁၁ရက်သည် အလုပ်ပိတ် ရက်ဖြစ်သည့်အတွက် လူ စည်ကားလျက်ရှိသည့်အချိန်ကို စောင့်ဆိုင်းကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း နှင့် ဖမ်းမိသူများကို မည်ကဲ့သို့လုပ်ဆောင်မည်ကိုမူ မသိရှိရသေးကြောင်း၊ မလေးရှားအစိုးရ၏ တရားမဝင် အလုပ်သမားများအတွက် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက် ရက်ပြည့်အပြီး တွင် ပထမဦးဆုံးအကြိမ် ပြင်းထန် စွာဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ နီပေါ၊ မြန် မာ စသည့်မလေးရှားတွင် အလုပ် လုပ်ကိုင် လျက်ရှိသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား နိုင်ငံစုံလင်စွာ အားလုံး ပါရှိကြောင်းလည်း ဦးဆန်းဝင်းက ဆိုသည်။

မလေးရှားအစိုးရအနေဖြင့်လည်း ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၉ရက်တွင် မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှ နိုင်ငံ အတွင်း တရား မဝင် နေထိုင်သူများ၊ ဗီဇာသက်တမ်း လွန်(Overstay)
ဖြင့် နေထိုင်သူများ သည် မလေးရှားနိုင်ငံ၏ ပြစ်မှု၊ မှုခင်းများအတွက် ကိုင်တွယ်ရန်ခက် ခဲသည့်အပြင် နိုင်ငံ၏တရားစီရင်ရေး စရိတ်များစွာ ကုန် ကျသည့်အတွက် ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား ကာ တိုင်းပြည်မှ ရှင်းလင်း သွားမည်ဖြစ်ကြောင်းကို တရားဝင်ကြေညာ ချက်ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်ရှင်များအနေ ဖြင့် တရားမဝင်နေထိုင်သည့် အလုပ်သမား များအား ငှားရမ်းထားပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ကာ အပ်နှံရ မည်ဖြစ်ကြောင်း၊ ယင်းနည်းတူ တရားမဝင် အလုပ်သမား ပို့ဆောင်နေသော အေဂျင်စီများ၊ ပွဲစားများကိုလည်း အထူးစီမံချက်ဖြင့် ဖော် ထုတ်အရေးယူသွားမည်ဖြစ် ကြောင်းနှင့် တရားမဝင် အလုပ်သမား များနှင့် တရားမဝင် နေထိုင်သူများ ဖမ်းဆီးရမိပါက ယခင်ထောင်ဒဏ်အပြင် ၂၀၁၄ခုနှစ် နိုဝင်ဘာလမှစတင် ကာ ထောင်ဒဏ်နှင့် ကြိမ်ဒဏ်နှစ်မျိုးလုံး ပြစ် ဒဏ်ချမှတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာထားသည်။

ZCH
Democracytoday
မလေး ရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို နိုင်ငံမှရှင်းလင်းသွား မည်ဟု တရားဝင် ကြေညြာ ပီးနောက် ဇန်နဝါရီ ၁၁ရက်က ပြန်လည်စတင် ဖမ်းဆီးခဲ့ရာ တရားမဝင်နိုင်ငံခြားသား ၈၀ဝနီးပါး ဖမ်းဆီး ခဲ့ပြီး အဆို ပါနိုင်ငံခြားသားများအနက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၃ဝနီးပါး ခန့် ပါဝင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ကပုန်းလူမှုကူညီရေးအ သင်းမှ သိရသည်။

ဇန်နဝါရီ ၁၁ရက် မလေးရှားစံတော်ချိန် မနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့လယ်ရှိ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ အများဆုံးတည်ရှိရာ ကိုတာယာ ကုန်တိုက် အနီးနှင့် မိုင်းဒင်းကုန်တိုက်အနီးတို့တွင် မလေးရှားရဲ ၆ဝခန့်သည် အရပ်သား အဝတ်အစား များဖြင့် လမ်းများ ကိုပိတ်စောင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကပုန်းလူမှုကူညီရေးအသင်းမှ ဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင်လည်း ဖမ်းမိသည့် နိုင်ငံခြားသားအလုပ်သမားများအား လုံးကို အော်ပရာဇီဟုခေါ်သော မလေးရှားနိုင်ငံ၏ နိုင်ငံရေးအရ ဖမ်းဆီးသည့် စစ်ဆင်ရေးဖြင့် အုပ်စုလိုက်ထိုင်ခိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖမ်းဆီးပြီး မကြာမီ ယူ နီဖောင်းဝတ်ဆင်ထားသော(Rela Immigration)ဟုခေါ်သည့် အရေး ပေါ်ကျန်းမာရေးအဖွဲ့(၉၉၉) ရောက် ရှိလာကာ ဖမ်းဆီးထားမိသည့် နိုင်ငံ ခြားသား အလုပ်သမားများ အားလုံး ကို အချုပ်ကား ငါးစီးဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ကပုန်းလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးဆန်း ဝင်းက ပြောသည်။

''မနေ့ကလစာထုတ်ပြီး ဒီနေ့ကအလုပ်ပိတ်ရက်ဆိုတော့ နိုင်ငံပေါင်း စုံက ရွှေ့ပြောင်းအလုပ်သမားအား လုံးက သူ့တို့နိုင်ငံတွေက မိသားစုတွေ ဆီကို ပိုက်ဆံလွှဲတဲ့သူနဲ့၊ လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေဝယ်တဲ့သူနဲ့၊ အခု ဖမ်းတဲ့နေရာကလဲ ရွှေ့ပြောင်းအလုပ် သမားတွေအတွက် လိုအပ်တာတွေ အကုန်လုပ်ဆောင်ဖို့ အဆင်ပြေတဲ့ နေရာလဲဖြစ်တော့ ဒီနေ့က ခါတိုင်းထက်ပိုပြီး လူစည်ကားတာပေါ့။ ဖမ်း ဆီးရေးကလဲ အဖမ်းငြိမ်နေတော့ မဖမ်းတော့ ဘူးထင်ပြီး ထွက်ကြတာ'' ဟု ဦးဆန်းဝင်းက ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကိုယ်တိုင်တွေ့မြင်ခဲ့ သည့် အခြေအနေများကို ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဇန်နဝါရီ ၁ဝရက်တွင် လစာ ထုတ်ရက်ဖြစ်ပြီး ၁၁ရက်သည် အလုပ်ပိတ် ရက်ဖြစ်သည့်အတွက် လူ စည်ကားလျက်ရှိသည့်အချိန်ကို စောင့်ဆိုင်းကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း နှင့် ဖမ်းမိသူများကို မည်ကဲ့သို့ လုပ်ဆောင်မည်ကိုမူ မသိရှိရသေးကြောင်း၊ မလေးရှားအစိုးရ၏ တရားမဝင် အလုပ်သမားများအတွက် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက် ရက်ပြည့်အပြီး တွင် ပထမဦးဆုံး အကြိမ် ပြင်းထန် စွာဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ နီပေါ၊ မြန် မာ စသည့်မလေးရှား တွင် အလုပ် လုပ်ကိုင် လျက်ရှိသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား နိုင်ငံစုံလင်စွာ အားလုံး ပါရှိကြောင်းလည်း ဦးဆန်းဝင်းက ဆိုသည်။

မလေးရှားအစိုးရအနေဖြင့်လည်း ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၉ရက်တွင် မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှ နိုင်ငံ အတွင်း တရား မဝင် နေထိုင်သူများ၊ ဗီဇာသက်တမ်း လွန်(Overstay) ဖြင့် နေထိုင်သူများ သည် မလေးရှားနိုင်ငံ၏ ပြစ်မှု၊ မှုခင်းများအတွက် ကိုင်တွယ်ရန်ခက် ခဲသည့်အပြင် နိုင်ငံ၏တရားစီရင်ရေး စရိတ်များစွာ ကုန် ကျသည့်အတွက် ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား ကာ တိုင်းပြည်မှ ရှင်းလင်း သွားမည်ဖြစ်ကြောင်းကို တရားဝင်ကြေညာ ချက်ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်ရှင်များအနေ ဖြင့် တရားမဝင်နေထိုင်သည့် အလုပ်သမား များအား ငှားရမ်းထားပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ကာ အပ်နှံရ မည်ဖြစ်ကြောင်း၊ ယင်းနည်းတူ တရားမဝင် အလုပ် သမား ပို့ဆောင်နေသော အေဂျင်စီများ၊ ပွဲစားများကိုလည်း အထူးစီမံချက်ဖြင့် ဖော် ထုတ်အရေးယူ သွားမည်ဖြစ် ကြောင်းနှင့် တရားမဝင် အလုပ်သမား များနှင့် တရားမဝင် နေထိုင်သူများ ဖမ်းဆီးရမိပါက ယခင်ထောင်ဒဏ်အပြင် ၂၀၁၄ခုနှစ် နိုဝင်ဘာလမှစတင် ကာ ထောင်ဒဏ်နှင့် ကြိမ်ဒဏ်နှစ်မျိုးလုံး ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာထားသည်။

ZCH
Democracytoday

No comments:

Post a Comment