Monday 12 January 2015

တရုတ်သို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖမ်းမိ

တရုတ်နိုင်ငံသို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မူဆယ်မြို့တွင် ဖမ်းဆီး ရမိစဉ် (ဓာတ်ပုံ − သိန်းဇော်(ရွှေလီဦး))
တရုတ်နိုင်ငံသို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် အခြား တရားမ၀င် သစ်တောထွက် ပစ္စည်းများကို မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ ဖမ်းဆီးရမိ ခဲ့ကြောင်း မူဆယ်မြို့နယ် သစ်တောဦးစီး ဌာနမှ သတင်းရရှိသည်။

စွမ်ဆော်ရပ်ကွက်နေ အမျိုးသားတစ်ဦးပိုင်ဆိုင်သည့် ဂိုဒေါင်တစ်ခုအတွင်းမှ ဆင်စွယ်၊ ကျားသစ်နှင့် ကျား သားရေ၊ တောင်ဆိတ်နှင့် ဆတ်ချိုများအ ပြင် တိရစ္ဆာန်မျိုးစုံ၏ အစွယ် ၂၆ ခုကို ရဲနှင့် သစ်တောဝန်ထမ်း များပါသည့် ပူးပေါင်းအဖွဲ့က ဇန်န၀ါရီ ၁၁ ရက် နံနက်တွင်ဝင် ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သင်းခွေချပ် အကြေးခွံ များနှင့် တောရိုင်းတိရစ္ဆာန်သည်း ခြေများ၊ တရားမ၀င် တမလန်းနှင့်  ပိတောက် သစ်များလည်း ထိုဂိုဒေါင်အတွင်းမှ သိမ်းဆည်းနိုင်ခဲ့ကြောင်း မူဆယ်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန် ရှိသူတစ် ဦးကပြောသည်။

‘‘ဒီမှာ ဖမ်းမိတာတွေက တော့ တရုတ်ပို့မယ့်လမ်းကြောင်းပဲ။ လက်ရှိအချိန်မှာတော့ အိမ်ပိုင်ရှင် အမျိုးသား တစ်ယောက်ကို အမှုဖွင့်ထားတယ်။ နောက်ထပ်စစ်ဆေးနေတုန်းပါပဲ’’ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် အသက် (၅၃) နှစ်အရွယ် အိမ်ရှင်အမျိုး သားကို ရဲတပ်ဖွဲ့နှင့် သစ်တော အရာရှိက အမှုဖွင့်ထားပြီး မူ ဆယ်ရဲစခန်း၌ ထိန်းသိမ်းထား ကြောင်း သတင်းရရှိသည်။

မူဆယ်မြို့မှ တစ်ဆင့်တရားမ၀င် တောရိုင်းတိရစ္ဆာန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ပို့သည့် ဈေးကွက်မှာ ကြီးကြီးမားမားဖြစ်ထွန်းနေပြီး တာဝန်ရှိသူများ ထိရောက်စွာ ဖော်ထုတ်အရေးယူရန် ဒေသခံများက တိုက် တွန်းကြသည်။

7Day DAILY 

No comments:

Post a Comment