Monday 12 January 2015

သီရိလင်္ကာ သမ္မတဟောင်း အာဏာ ဆုပ်ကိုင်ထား လိုမှုကို စုံစမ်း စစ်ဆေးမည်

သီရိလင်္ကာ သမ္မတဟောင်း မဟင်ဒါ ရာဇာပက်သသည် လွန်ခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပြီးနောက် အာဏာ ဆက်ဆုပ်ကိုင်သွားရန် ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး သွား မည်ဖြစ်ကြောင်း သီရိလင်္ကာ အစိုးရအဖွဲ့သစ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သီရိလင်္ကာ သမ္မတသစ် မီသရီပါလာသီရိသေန၏ ပြောရေးဆိုခွင့်ရှိသူ မန်ဂလာ ဆမာရာဝီရာ က အစိုးရ အဖွဲ့သစ်အနေဖြင့် အာဏာရယူရန် ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားသည်။

'' လူတွေက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း သွားခဲ့တယ်လို့ ထင်ခဲ့ကြတာ အဲဒါ လုံးဝမဟုတ်ပါဘူး'' ဟု ဆမာရာဝီရာက ပြောကြားသည်။

ရာဇာပက်သသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ရဲချုပ်တို့အား အကူအညီတောင်းရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခံရပြီးနောက်မှသာ အာဏာလွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ကြာသပတေးနေ့က ရွေးကောက် ပွဲတွင် ၎င်းရှုံးနိမ့်နေကြောင်း၊ မဲရေတွက်မှု များသိသာစွာ ထွက်ပေါ်လာချိန်တွင် မဲရေတွက်မှုကို ရပ်ဆိုင်း ရေး အတွက် တပ်ဖြန့်ချထားရန် စီစဉ်ခဲ့ကြောင်း ဆမာရာဝီရာက ဆက်လက်ပြောကြားသည်။

ရာဇာပက်သသည် သောကြာနေ့က အာဏာလွှဲပြောင်းပေးခဲ့သည်။

The Mirror Daily

No comments:

Post a Comment