Monday 12 January 2015

ပြင်သစ်မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်သူ အမျိုးသမီး အကြမ်းဖက်သမားကို လုံခြုံရေးတပ်ဖွဲ့များ ပိုက်စိပ်တိုက်ရှာ

Photo: ပြင်သစ်မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်သူ အမျိုးသမီး အကြမ်းဖက်သမားကို လုံခြုံရေးတပ်ဖွဲ့များ ပိုက်စိပ်တိုက်ရှာ
Monday, January 12, 2015

ပြင်သစ်မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် ဆူပါမားကက် တစ်ခုတို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိခြင်း ခံရသည့် အမျိုးသမီး အကြမ်းဖက်သမားကို ပြင်သစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိုက်စိပ်တိုက် လိုက်လံရှာဖွေလျက် ရှိသည်ဟု Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ အမျိုးသမီး အကြမ်းဖက်သမား၏ အမည်မှာ ဟေယက်ဘိုမီဒင်း (၂၆ နှစ်) ဖြစ်ပြီး ၎င်းသည် ပြင်သစ်မဂ္ဂဇင်းတိုက်အား အကြမ်းဖက် တိုက်ခိုက်ခဲ့သူများနှင့် တွဲဖက် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်ဟု ပြင်သစ်ထောက်လှမ်းရေး အာဏာပိုင်များက ယုံကြည်ထားကြသည်။

အဆိုပါ အမျိုးသမီး အကြမ်းဖက်သမားသည် လက်နက်ကိုင်ဆောင်ထားပြီး လွန်စွာ အန္တရာယ်ရှိသူတစ်ဦး ဖြစ်သည်ဟု ပြင်သစ်အာဏာပိုင်တို့က သတိပေးချက် ထုတ်ပြန်ထားသည်။

သို့သော် အကြမ်းဖက်ကွန်ရက် နှိမ်နင်းရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ အဆိုအရ အဆိုပါ အကြမ်းဖက် အမျိုးသမီးသည် မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် ဆူပါမားကက် အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပေါ်မီ ရက်ပိုင်းကတည်းကပင် ပြင်သစ်နိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သွားပြီဟုလည်း သိရသည်။

အဆိုပါ အကြမ်းဖက် အမျိုးသမီးသည် ယခုအခါ ဆီးရီးယား၊ တူရကီနှင့် ပြင်သစ်နိုင်ငံတို့တွင် ပုန်းခိုလျက် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

တူရကီ လုံခြုံရေး အရာရှိကြီးတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားရာတွင် “ပြင်သစ်အာဏာပိုင်တွေ အပူတပြင်း ရှာဖွေနေကြတဲ့ အကြမ်းဖက် အမျိုးသမီးဟာ ဇန်နဝါရီလ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ကနေ ဖြတ်သွားတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြင်သစ်သရော်စာ မဂ္ဂဇင်း Charlie Hebdo ကို တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ညီအစ်ကိုနှစ်ဦးသည် ဇန်နဝါရီလ ၁၀ ရက်နေ့က ပြင်သစ်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးမှာ ရှရစ်ကိုအူစီနှင့် ဆာအစ်ကိုအူစီတို့ ဖြစ်ကြပြီး ၎င်းတို့ ပုန်းခိုနေထိုင်ရာ ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ဒန်မာတင်အီဂိုလီမြို့ရှိ အိမ်သုတ်ဆေး အရောင်းဆိုင်တစ်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောက်ကာ သတ်ဖြတ်လိုက်ကြခြင်း ဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးသည် ဆိုင်အတွင်းမှ စတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု အာဏာပိုင်များက ဆိုသည်။

ဤအတောအတွင်းမှာပင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဥရောပခေါင်းဆောင်များက Charlie Hebdo မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ စည်းလုံးညီညွတ်မှုကို ပြသရန် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ကြရန် စီစဉ်လျက်ရှိရာ လုံခြုံရေးများ အထူးပင် တင်းကျပ်ထားသည်။

The Voice Weekly
ပြင်သစ်မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် ဆူပါမားကက်တစ်ခုတို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု သံသယရှိခြင်းခံရသည့် အမျိုးသမီးအကြမ်းဖက်သမားကို ပြင်သစ်လုံခြုံရေး တပ်ဖွဲ့ဝင် များက ပိုက်စိပ်တိုက် လိုက်လံရှာဖွေလျက် ရှိသည်ဟု Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

အဆိုပါ အမျိုးသမီး အကြမ်းဖက်သမား၏ အမည်မှာ ဟေယက်ဘိုမီဒင်း (၂၆ နှစ်) ဖြစ်ပြီး ၎င်းသည် ပြင်သစ်မဂ္ဂဇင်းတိုက်အား အကြမ်းဖက် တိုက်ခိုက်ခဲ့သူများနှင့် တွဲဖက် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်ဟု ပြင်သစ်ထောက်လှမ်းရေး အာဏာပိုင်များက ယုံကြည်ထားကြသည်။

အဆိုပါ အမျိုးသမီး အကြမ်းဖက်သမားသည် လက်နက်ကိုင်ဆောင်ထားပြီး လွန်စွာ အန္တရာယ်ရှိသူတစ်ဦး ဖြစ်သည်ဟု ပြင်သစ်အာဏာပိုင်တို့က သတိပေးချက် ထုတ်ပြန်ထားသည်။

သို့သော် အကြမ်းဖက်ကွန်ရက် နှိမ်နင်းရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ အဆိုအရ အဆိုပါ အကြမ်း ဖက် အမျိုးသမီးသည် မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် ဆူပါမားကက် အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပေါ်မီ ရက်ပိုင်းကတည်းကပင် ပြင်သစ်နိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သွားပြီဟုလည်း သိရသည်။

အဆိုပါ အကြမ်းဖက် အမျိုးသမီးသည် ယခုအခါ ဆီးရီးယား၊ တူရကီနှင့် ပြင်သစ်နိုင်ငံတို့တွင် ပုန်းခိုလျက် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

တူရကီ လုံခြုံရေး အရာရှိကြီးတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားရာတွင် “ပြင်သစ်အာဏာပိုင်တွေ အပူတပြင်း ရှာဖွေနေကြတဲ့ အကြမ်းဖက် အမျိုးသမီးဟာ ဇန်နဝါရီလ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ကနေ ဖြတ်သွားတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြင်သစ်သရော်စာ မဂ္ဂဇင်း Charlie Hebdo ကို တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ညီအစ်ကိုနှစ်ဦးသည် ဇန်နဝါရီလ ၁၀ ရက်နေ့က ပြင်သစ်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်း ခံလိုက် ရပြီ ဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးမှာ ရှရစ်ကိုအူစီနှင့် ဆာအစ်ကိုအူစီတို့ ဖြစ်ကြပြီး ၎င်းတို့ ပုန်းခိုနေထိုင်ရာ ပဲရစ်မြို့ တော် အရှေ့မြောက်ပိုင်း ဒန်မာတင်အီဂိုလီမြို့ရှိ အိမ်သုတ်ဆေး အရောင်းဆိုင်တစ်ဆိုင်ကို လုံခြုံရေး တပ်ဖွဲ့ဝင် များက စီးနင်းဝင်ရောက်ကာ သတ်ဖြတ်လိုက်ကြခြင်း ဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးသည် ဆိုင်အတွင်းမှ စတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု အာဏာပိုင်များက ဆိုသည်။

ဤအတောအတွင်းမှာပင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဥရောပခေါင်းဆောင်များက Charlie Hebdo မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ စည်းလုံးညီညွတ်မှုကို ပြသရန် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ကြရန် စီစဉ်လျက်ရှိရာ လုံခြုံရေးများ အထူးပင် တင်းကျပ် ထားသည်။

The Voice Weekly

No comments:

Post a Comment