Monday 12 January 2015

အမေရိကန် လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့အဖွဲ့ မြစ်ကြီးနား ကိုရောက်ရှိ

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က ရှမ်းမျိုးနွယ်စု များဓမ္မာရုံမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ဒေသခံပြည်သူတွေရဲ့ဆန္ဒသဘောထားကို တပ်မတော်နဲ့ ကေအိုင်အို တို့လက်ခံဖို့ လိုအပ်ကြောင်း တင်ပြခဲ့တယ်လို့ ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောပါတယ်။

"ကျနော်တို့က လက်ရှိနိုင်ငံရေး အခြေအနေမှာ ငြိမ်းချမ်းရေးယူသွားရင် စစ်တပ်နဲ့ KIAနဲ့ပဲယူလို့မရဘူး၊ ကျနော်တို့ဒီဒေသခံတိုင်းရင်းသားတွေ မပါပဲနဲ့ ဒီငြိမ်းချမ်းရေးဟာ အဆင်မပြေဘူးဆိုတာကို ဦးစားပေး တင်ပြသွားတာရှိပါတယ်၊ ပြည်သူလူထုက အဓိက အရေးကြီးပါတယ်ဆိုတာကို ကျနော်တို့ အဓိကတင်ပြ သွားပါတယ်၊ သူတို့လဲအဲ့ဒါကို လက်ခံဆွေးနွေးပေးပါတယ်၊ ကျနော်တို့ တင်ပြတာအခု လူတန်းစားညီမျှမှု၊ အခု စက်ကြေးကောက်တဲ့ ကိစ္စတွေ၊ နောက်စစ်သားစုဆောင်းတဲ့ ကိစ္စတွေ၊ ဒါဟာအရင်က ကျနော်တို့ ပြီးခဲ့တဲ့ ၃၊ ၄ လပိုင်းထက်ပိုပြီးတော့ များပြားလာတဲ့အခါ တမင်တကာများ ဖန်တီးနေသလားလို့ ကျနော် တို့ဖက်ကခံစားရလို့ ဒါတွေတော့ ကျနော်တို့ ဦးစားပေး တင်ပြထားပါတယ်၊ အခုသူတို့နေပြည်တော်သွားရင် အစိုးရ လူကြီးတွေနဲ့ သူတို့ တွေ့ဆုံမယ်၊ ဒါဒီအကြောင်းတွေကို ဖော်ထုတ်ဆွေးနွေးပြောဆို သွားမယ်လို့ ကျနော် တို့ကို စကားမှာသွားပါတယ် "

မြစ်ကြီးနားမြို့ကို မစ္စတာ Tom Malinowski နဲ့အတူ လူဦးရေ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေစိုက်ခြင်း ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ ပစိဖိတ် စစ်ဌာနချုပ် ဒုတိယဌာနချုပ်မှူး၊ ဒုတိယလက်ထောက် ကာကွယ်ရေး ၀န်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ် စတဲ့ အဖွဲ့ဝင် ၉ ဦး ရောက်ရှိလာတာဖြစ် ပါတယ်။

မစ္စတာ Tom Malinowski ဟာ ဒုတိယအကြိမ် အမေရိကန်- မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲကို တက် ရောက်ဖို့မြန် မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

သူ့ရဲ့ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကေအိုင်အိုနည်းပညာ အကြံပေး အလုပ်အဖွဲ့နဲ့ ကယ်ဆယ်ရေး စခန်းတချို့ကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။ 

RFA Burmese 

No comments:

Post a Comment