Monday 12 January 2015

တယ်လီဖုန်းပြောဆိုခနှင့်ပြည်သူ့အသံ

Photo: တယ်လီဖုန်းပြောဆိုခနှင့်ပြည်သူ့အသံ
Monday, January 12, 2015

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဈေးကွက်ဝေစုအများဆုံးရရှိထားပြီး ဆက်သွယ်ရေးကွန်ရက်ပျံ့နှံ့မှုအရှိဆုံး မြန်မာ့ဆက်သွယ်ရေး(MPT)က ၎င်းတို့၏ ၀န်ဆောင်ခများကို လက်ရှိနှုန်းထက် လျှော့ချသည့် အစီအစဉ်သစ်များအား ဇန်န၀ါရီ ၉ရက်တွင် မီဒီယာမှတစ်ဆင့် အများပြည်သူသို့ စတင်အသိပေးခဲ့သည်။ ဇန်န၀ါရီ ၁၂ရက်တွင် စတင်မည့် ‘ဆွေသဟာ’အမည်ရှိ ၀န်ဆောင်မှုအသစ်နှင့်ပတ်သက်၍ MPTဖုန်းသုံးစွဲနေသူများ၏ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ကိုပိုင်မိုးထက်
ဥပဒေ ပထမနှစ်ကျောင်းသား(ဒဂုံတက္ကသိုလ်)
MPTက ဒီလိုမျိုး စီစဉ်လိုက်တာဆိုတော့ အရင်တုန်းကထက် စာရင်တော့ ကောင်းသွားမှာပါ။ ဖုန်းဘီလ်လည်း လျှော့လိုက်တယ်ဆို တော့ အဆင်ပြေမှာပါ။ အခုလက်ရှိတော့ MPT ဆင်းမ်ကတ်ကိုင်ထား တယ်။ အသစ်သတ်မှတ်လိုက်တဲ့ ဖုန်းခေါ်ဆိုခ ဈေးလျှော့လိုက်ပေမယ့် အင်တာနက်သုံးစွဲခ တိုးလိုက်တာကတော့ တကယ်လိုင်းကောင်းမယ်ဆို ရင်တော့ အဆင်ပြေတယ်။ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းမြန်နှုန်းကို ဒီထက်ပိုပြီး ကောင်းစေချင်တယ်။ ခုလက်ရှိ MPTက သတ်မှတ်လိုက်တဲ့ အင်တာနက်အသုံးပြုခကို ထပ်ပြီးတော့ လျှော့စေချင်တယ်။ ဘယ်လောက်မြန်နှုန်းနဲ့ လုပ်လုပ် သတ်မှတ်ထားတဲ့ ဈေးက တခြားဖုန်းလိုင်းတွေထက်စာရင်မြင့်နေသေးတယ်။

ကိုသားကြီး
(ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ)
ဖုန်းသုံးတာတော့ တယ်လီနော၊ MPT နှစ်ခုသုံးတယ်။ ဖုန်းလိုင်း သက်သက် ဆက်တာများတာတော့ MPT နဲ့ ဆက်တယ်။ အင်တာ နက်လိုင်းသုံးတာကတော့ လောလောဆယ် တယ်လီနောသုံးတယ်။ လိုင်းလည်း မဆိုးဘူး။ ဒေါင်းလုတ်ဆွဲရင်တော့ ပိုက်ဆံဖြတ်တယ်။ ဖြတ် လိုက်တဲ့ ပိုက်ဆံကိုလည်း မက်ဆေ့ခ်ျပို့နေတော့ ဘယ်လောက်ငွေကျန် လဲဆိုတာ သိတယ်လေ။ ခုလို MPTက ဖုန်းခေါ်ဆိုခကို ဒီလောက်ပဲ ချမယ်လို့ မထင်ဘူး။ ဘာလို့လည်းဆိုတော့ တခြားကတ်တွေက အင် တာနက်ဖိုးသွင်းရတာ မဟုတ်ဘူး။ သူက အရင်ဆုံးပေါ်ပြီး ပြည်သူတွေ ငွေအများကြီး ပေးကိုင်ခဲ့တာတောင်မှ အခုထက်တိုးကောက်တယ်ဆိုတော့ ပြည်သူတွေအပေါ်ထားတဲ့ သူတို့စေတနာလို့ပဲ မြင်ပါတယ်။ ပိုက်ဆံပိုပေးရတာထက် သူတို့ဝန်ဆောင်မှု ဘယ်လိုပိုပေးမလဲ စောင့်ကြည့်ရမယ

ကိုရဲဇော်မောင်
(JJ mobile ဖုန်းအရောင်းဆိုင်)
ဖုန်းကလည်း MPT ပဲသုံးတဲ့သူများမယ်။ အခုထိ MPT ငွေဖြည့် ကတ်က ရောင်းအားကျမသွားဘူးလေ။ အခုဆွေသဟာအစီအစဉ်ကို လည်း ဖုန်းအသုံးပြုသူတော်တော်များများက သဘောမကျကြဘူး။ ဖုန်း ချည်းပဲခေါ်ဆိုချင်သူတွေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တယ်လီ နောတို့လောက် ဈေးမချိုပြန်ဘူး။ အင်တာနက်ကတော့ MPT ကပို ကောင်းသလိုပဲ။ တော်တော်များများကလည်း MPT နဲ့ တခြား ၁,၅၀၀ တန်နှစ်ကတ်ပေါင်းသုံးကြတာ။ ကျွန်တော်ကတော့ ဆွေသဟာလည်း မသုံးဘူး။ ဘာမှလည်း ပိုထူးမလာဘူး။်။

မသန္တာဖြိုး
(ကုမ္ပဏီဝန်ထမ်း)Jaymart Mobile (Junction Square)
ဒီအစီအစဉ်က ဖုန်းဘီလ်က အဆင်ပြေပေမယ့် အင်တာနက် အသုံးပြုခကတော့ တခြားဖုန်းလိုင်းတွေထက် ပိုများနေတော့ အင်တာ နက်လိုင်းမကောင်းဘူးဆိုရင်တော့ မထူးပါဘူး။ ခုလက်ရှိတော့ MPT နဲ့ တယ်လီနောနှစ်မျိုးလုံးသုံးပါတယ်။ တယ်လီနောကိုတော့ အင်တာ နက်သုံးပါတယ်။ ဖုန်းပြောဖို့ကျတော့ MPTလောက် လိုင်းကသိပ် မကောင်းဘူး။ အခုအစီအစဉ်သစ်က လိုင်းကောင်းမယ်ဆိုရင်တော့ ပို ပြီးအဆင်ပြေမှာပါ။ အရင်အတိုင်းပဲ လိုင်းမကောင်းရင်တော့ ပေးရတာ မတန်ဘူး။ ဖုန်းဘီလ်ရော၊ အင်တာနက်ခရောက တခြားလိုင်းတွေ ထက် ပိုများနေသေးတယ်။ ဖုန်းသုံးစွဲသူတစ်ယောက်အနေနဲ့ အင်တာ နက်ဝန်ဆောင်မှုကို ဒီထက်ပိုကောင်းအောင်လုပ်ပေးစေချင်တယ်။ နယ် ဘက်တွေကိုတော့ ဖုန်းလိုင်းတွေ ဒီထက်ပိုပြီး ကောင်းစေချင်ပါတယ်။

မအေးသူဇာမြမောင်
အယ်ဒီတာ (စွယ်စုံမီဒီယာဂရု)
အခုလုပ်တဲ့ဆွေသဟာကိုပြောရရင် MPT က သူနိုင်သလောက်ကို စပြောင်းတာလို့မြင်တယ်။ ဘာပဲဖြစ်ဖြစ် သုံးစွဲသူတွေအတွက် ရွေးချယ် စရာပိုများလာတယ်လို့ဆိုရမယ်။ အူရီးဒူးနဲ့တယ်လီနောတို့လည်း အစီ အစဉ်တွေလုပ်နေတာပဲ။ ဆက်သွယ်ရေးပိုင်းမှာ ပိုကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမဲ့ MPT ကသုံးစွဲသူတွေအတွက် တန်းတူကြေးသတ် မှတ်ထားပေးမယ်ဆို ပိုကောင်းလာမယ်။ အခုလိုအစီအစဉ်တစ်ခုသီးသန့် လုပ်ပြီး သတ်မှတ်တာသဘောမကျဘူး။ အခုဈေးလျှော့ပေးတယ်ဆိုတာ ကလည်း ပြည်သူတွေကို နားလှည့်ပါးရိုက်တာလို့မြင်တယ်။

ဦးစိုးသီဟနောင်
နည်းပညာအရာရှိချုပ် (Open Myanmar Intiative)
ကျွန်တော့်အမြင်ပြောရရင် လူသုံးများလာတာနဲ့အတူ ဝန်ဆောင်ခ တွေကျလာမှာပဲ။ အခု ဆက်သွယ်ရေးက ပြည်ပအော်ပရေတာနှစ်ခုလို ဈေးနှုန်းအတူတူမသတ်မှတ်တာက ထိန်းညှိဆောင်ရွက်လိုက်တယ်လို့ မြင်တယ်။ အခု ကျွန်တော်က MPT လိုင်းကတ်ကို အဝင်ဖုန်းအနေနဲ့ပြော တယ်။ အထွက်ခေါ်ဆိုမှုနဲ့ အင်တာနက်ကို တယ်လီနောလိုင်းကတ်နဲ့ သုံးတယ်။ အမှန်က အင်တာနက်ဆိုတာတော့ Volume Based အနေနဲ့ ကောက်ခံရမှာပေါ့။ ဒါပေမဲ့ လက်ရှိကောက်ခံတဲ့ဈေးနှုန်းကို အများစု ကများတယ်လို့ဝေဖန်နေကြတယ်။ အဓိကဖြစ်စေချင်တာကတော့ အရည်အသွေးကောင်းမွန်တဲ့ဆက်သွယ်ရေးဝန်ဆောင်မှုကို သုံးစွဲချင် တာပါပဲ။

မနွေးနွေး
(ရူပဗေဒနောက်ဆုံးနှစ်)
တယ်လီဖုန်းဆင်းကတ်ကတော့ နှစ်မျိုးသုံးတယ်။ အမ်ပီလီနဲ့ တယ် လီနောပါ။ အင်တာနက်ကတော့ တယ်လီနောကို ပိုသုံးတယ်။ သူက လိုင်းပိုကောင်းတယ်လေ။ ခုလို ဈေးလျှော့ပေးမယ်ဆိုတော့ မျှော်လင့်  ထားတာနဲ့တော့ မတူဘူး။ သူတို့ဈေးနှုန်းက ဒီထက်လျှော့ပေးမယ်လို့ ထင်ထားတာလေ။ လိုင်းမကောင်းတော့ MPTနဲ့ အင်တာနက်လိုင်း မသုံးတာ ကြာပြီ၊ တယ်လီနောက ပိုအဆင်ပြေတယ်။ ဈေးလျှော့ပေးမယ် ဆိုပြီး ဖုန်းခကလည်း သူများထက် များနေသေးတယ်။ ခုကျတော့ အင် တာနက်ဈေးကလည်း များလာပြီ။ လောလောဆယ်တော့ အဆင်ပြေတာပဲ သုံးမယ်။

ကိုဝဏ္ဏအောင်(အစိုးရ၀န်ထမ်း)
တာမွေမြို့နယ်
MPTရဲ့ အစီအစဉ်သစ်က ဖုန်းဘီလ်တော့ လျှော့ထားပေမယ့် အင်တာနက်ဝန်ဆောင်ခကတော့ ပိုများနေတယ်။ ခုလက်ရှိတော့ MPT နဲ့ တယ်လီနောနှစ်မျိုးကိုင်ပါတယ်။ တယ်လီနောကိုင်ရတယ်ဆို တာ ဖုန်းခေါ်ဆိုခ တန်လို့ပါ။ ဒါပေမဲ့ MPTလောက် လိုင်းမကောင်းဘူး။ တကယ်ဆိုရင် သူများလိုင်းတွေလုပ်လို့ လိုက်လုပ်နေတာပါ။ တကယ် တမ်းလုပ်ချင်ရင် MPT က အစကတည်းက ပိုကောင်းအောင်လုပ်နိုင် တယ်ထင်တယ်။ တစ်နိုင်ငံလုံးမှာ လူသုံးအများဆုံးပဲလေ။ အခုလည်း အင်တာနက်လိုင်းကို ဒီထက်ပိုကောင်းအောင် လုပ်ပေးစေချင်ပါတယ်။

ကိုအောင်ကို
ဆိပ်ကြီးခနောင်တို
ခေါ်ဆိုခတွေ ဈေးလျှော့ပေးမယ်လို့ပြောပြီး ထင်ထားသလောက် လည်းမဟုတ်ဘူး။ အခုဆွေသဟာအစီအစဉ်ဆိုတာကလည်း ဖုန်းပဲ ပြောပြီး အင်တာနက်လုံးဝမသုံးရင်တော့ အရင်ထက်ဈေးတော့ သက် သာသွားမှာပေါ့။ ဖုန်းလိုင်းကျတော့လည်း တချို့နယ်ဘက်တွေမှာ MPT ကပဲ ပိုမိတယ်။ ခေါ်ဆိုခတွေကို ၂၀ လောက်ပဲထားစေချင်တယ်။ အင် တာနက်ကိုလည်း တတ်နိုင်သလောက်လေးတော့ လျှော့ဖို့မျှော်လင့်ပါ တယ်။

ကိုရဲသူ
ကုမ္ပဏီဝန်ထမ်း
အစက ခေါ်ဆိုခတွေပဲထက်ဝက်လောက်လျှော့တော့မလို၊ ဈေးပဲ သက်သာသွားတော့မလိုနဲ့ နောက်တော့ပိုက်ဆံယူလို့ကိုမဝနိုင်သေးဘူး လို့ပဲထင်တယ်။ ဟို ၁,၅၀၀ တန်တွေကလည်း အခုထိအချိုးမပြေသေး တော့ လက်ရှိက MPT ပဲအားကိုးနေရတာ။ ဖြစ်နိုင်ရင် သုံးကိုမသုံးချင် တာ။ နောက်ပိုင်းလည်း ဘယ်လိုအော်ချက်တွေထုတ်ပြီးလာဦးမလဲမသိဘူး။ ဈေးလျှော့တာကို မျှော်လင့်နေတာထက်စာရင် ဖုန်းခေါ်ဆိုတာ တွေပဲလျှော့ရတော့မှာပေါ့။

ကိုစိုးသူ
မြောက်ဥက္ကလာပ
လက်ရှိက အူရီးဒူးနဲ့ MPT ကိုလှည့်သုံးနေတာ။ ဖုန်းခေါ်ရင် အူရီဒူး နဲ့။ အင်တာနက်ဆို MPT နဲ့။ အခုဆွေသဟာလာတော့လည်း ကိုယ်နဲ့ အဆင်မပြေတော့ အခုသုံးနေတဲ့အတိုင်း နှစ်ကတ်ပဲသုံးရမှာပေါ့။ ဘယ် တတ်နိုင်မလဲ။ အားလုံးအဆင်ပြေတာမှမရှိတာ။ လိုင်းကတော့ MPT က ပိုကောင်းတယ်လို့ထင်တာပဲ။ ဟိုဆင်းမ်ကတ်ကုမ္ပဏီနှစ်ခုကလည်း မစွံပါဘူး။ သူတို့ရှိတော့ MPT ဒုက္ခကကင်းပြီမှတ်တာ။ ဘာမှမထူးဘူး။

ကိုရဲမာန်အောင်
(Developer)
ပြည်သူတွေအတွက် လုံးဝစိတ်ပျက်စရာအစီအစဉ်ပါ။ မူလထက် ဈေးလျော့သွားပေမယ့် ပြိုင်ဘက် ပြည်ပကုမ္ပဏီတွေထက်မလျော့ရင် တောင် ဘာကြောင့်တန်းတူမထားပေးလဲဆိုတာ နားမလည်ဘူး။ စိတ်ကုန်ဖို့ တော်တော်ကောင်းတယ်။ အင်တာနက်နှုန်းထားကလည်း Volume Based ကောက်တာချင်းအတူတူ သူများတွေထက်ဈေးများတာကလည်း မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဖုန်းလိုင်းကြည်ကြည်လင်လင်နဲ့  သင့်တော်တဲ့ဈေး၊ သင့်တော်တဲ့အင်တာနက်နှုန်းထားနဲ့ ချပေးနိုင်မယ့် အော်ပရေတာကို မျှော်လင့်မိပါတယ်။ မျှော်လင့်တဲ့အထဲမှာ MPT တော့မပါတော့ဘူး။

ကိုသိန်းစိုး(၀န်ထမ်း)
မြန်မာ့ရှေ့ဆောင်ဘဏ်
ဒီလိုမျိုး စီစဉ်တာ ကောင်းပါတယ်။ ၀န်ဆောင်မှုကို ကုမ္ပဏီတစ်ခု နဲ့တစ်ခု အပြိုင်အဆိုင်ပေးကြတော့ သုံးရတဲ့သူတွေအနေနဲ့ အကောင်း ဆုံးကို ရွေးချယ်ပြီး သုံးနိုင်လာပြီပေါ့။ ခုလက်ရှိတော့ MPTနဲ့ တယ် လီနောနှစ်မျိုးသုံးပါတယ်။ ကုန်ကျစရိတ်ချင်းတူမယ်ဆိုရင် MPT ကို ပဲ ဆက်သုံးချင်ပါတယ်။ လိုင်းကလည်း တခြားလိုင်းတွေထက် ပိုမိပါ တယ်။ ဖုန်းလိုင်းကောင်းမယ်၊ အင်တာနက်လိုင်း ပိုကောင်းလာမယ်ဆို ရင်တော့ ဒီလိုမျိုးဈေးနဲ့ သုံးရတာ အဆင်ပြေပါတယ်။ သုံးစွဲသူက ကုန်ကျစရိတ်နည်းတာကို ကြိုက်ပေမယ့် လိုင်းမကောင်းရင်တော့ ဘာမှ မထူးပါဘူး။ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ ဘောနပ်စ်ပေးတဲ့ အစီ အစဉ်လေးတွေကို ဒီထက်ပိုပြီး လုပ်ပေးစေချင်ပါတယ်။

ကိုဟိန်းလတ်သူ
ပြည်မြို့
အခုပြောင်းလိုက်တဲ့အစီအစဉ်က မကောင်းဘူးလို့ပြောရမှာပဲ။ တကယ်ဆို ပြည်သူတွေစိတ်ကျေနပ်မှုရအောင် လျှော့ပေးသင့်တယ်။ တခြားအော်ပရေတာတွေနဲ့အတူတူ ဈေးနှုန်းဖြစ်သင့်တယ်လို့ထင်တယ်။ နောက်ပြီး အင်တာနက်ကလည်း အရင်က နာရီနဲ့ယူတာ။ အခုက 1 MB ကို ၁၅ ကျပ်နဲ့ယူတာဆိုတော့ တခြားအော်ပရေတာတွေထက်လည်း ဈေးကြီးတယ်။ အင်တာနက်လိုင်းကရော အရင်ကလိုပဲလား။ ပိုပြီး ကောင်းမှာလားလည်းသိချင်တယ်။ အရင်ထက်ပိုကောင်းရင်တော့ မဆိုး ပါဘူး။  MPT ကိုတော့ အခုဈေးနှုန်းအတိုင်းဆို စိတ်မဝင်စားဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ အရင်ဆုံး တခြားအော်ပရေတာတွေနဲ့အတူတူ ဈေးချပေးနိုင်ရင်ကောင်းလိမ့်မယ်။

ကိုရဲမြတ်မင်း
Developer (ကမာရွတ်မြို့နယ်)
ကျွန်တော်ကတော့ စောင့်ကြည့်နေတုန်းပါ။ ဘာလို့လဲဆိုတော့ MPT က တခြားအော်ပရေတာတွေထက် ကွန်ရက်ပိုကျယ်ပြီး နေရာ တိုင်းမှာ သုံးလို့ရတဲ့အတွက် ဈေးကတော့ နည်းနည်းများပေမယ့် လိုင်းပို ကောင်းမယ်ဆိုရင် ပုံမှန်သုံးဖြစ်မှာပါ။ အခြေခံလူတန်းစားတွေအတွက် ဆိုရင်တော့ တယ်လီနောက ပိုအဆင်ပြေမယ် ထင်တယ်။ 1MB  ၁၅ ကျပ်ဆိုရင်တော့ သာမန်သတင်းကြည့်ရုံနဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ လူတွေအတွက်ကတော့ များလွန်းတယ်လေ။ ဗီဒီယိုတွေကြည့်မှ ပိုက်ဆံ ဖြတ်တာမျိုးပေါ့။ အဲလိုလုပ်ပေးလိုက်မယ်ဆိုရင်တော့ တန်သွားမယ်လို့ မြင်ပါတယ်။ ဒီအတိုင်းပဲဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ကျွန်တော်ကတော့ Unlimited Data Plan ကိုပဲ စောင့်နေပါတယ်။ အော်ပရေတာ သုံးခုလုံးဆီကပေါ့။

မဝေမွန်ထွန်း
AM Mobile လှည်းတန်း
စောင့်တော့စောင့်ကြည့်ရဦးမှာပဲ။ အခုကာစတန်မာတွေထဲမှာ လည်း လူငယ်တွေက စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ အင်တာနက် အသုံးပြုခကများနေတယ်။ လူကြီးတွေကတော့ ဖုန်းခေါ်ဆိုတဲ့စနစ်တွေ က အမျိုးမျိုးသတ်မှတ်ထားတော့ ရှုပ်တယ်လို့ပြောနေကြတယ်။ တစ်လ လောက် စမ်းသုံးကြည့်မယ့်လူတွေတော့ တော်တော်များတယ်။ ဖုန်း လိုင်းကတော့ MPTကိုပဲ သုံးဖြစ်တယ်။ သူက ဘယ်အချိန်ခေါ်ခေါ် အဆင်ပြေတယ်။ လိုင်းပြတ်တာတွေ၊ ဘာတွေလည်းမရှိဘူး။ အင်တာ နက်ကိုတော့ တယ်လီနောနဲ့ အူရီးဒူးကိုပဲသုံးတယ်။ တကယ်တော့ MPT အနေနဲ့ တခြားအော်ပရေတာတွေက သူတို့အပေါ်မှာ မှီခိုနေရတာ။ အဲဒါကြောင့် တခြားအော်ပရေတာထက် ဈေးပိုပြီးတောင်လျှော့ပေးနိုင် သေးတယ်။

ကိုထက်ကောင်းကင်
ကန်ထရိုက်တာ
ဒီအစီအစဉ်လေးက ကောင်းပါတယ်။ နယ်တွေမှာက တယ်လီနော နဲ့ အူရီးဒူးမမိတဲ့နေရာတွေ ကျန်သေးတယ်လေ။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့စာရင် MPT က လူသုံးစွဲမှု အများဆုံးပဲလေ။ ရန်ကုန်မှာက ဖုန်း လိုင်းတွေက နယ်လောက်သုံးရတာ ခက်ခဲမှုမရှိဘူးဆိုတော့ မြို့နေလူ တန်းစားအတွက်တော့ ကျန်တဲ့ဖုန်းလိုင်းတွေနဲ စာရင်း MPT ရဲ့ ဖုန်း ဘီလ်နဲ့ အင်တာနက်အသုံးပြုခဈေးက မြင့်နေတုန်းပဲ။ ခုလက်ရှိတော့ အမ်ပီတီနဲ့ တယ်လီနောဆင်းမ်ကတ် နှစ်မျိုးလုံး သုံးနေပါတယ်။ MPT ကိုပိုပြီး အသုံးများပါတယ်။ ဖုန်းလိုင်းပိုမိလို့ပါ။ အခုလုပ်တဲ့အစီအစဉ် သစ်မှာ အင်တာနက်လိုင်းက ကျန်တဲ့ဖုန်းလိုင်းတွေထက် ပိုကောင်းရင် တော့ အဆင်ပြေပါတယ်။ အသုံးပြုခ ပိုပေးရတယ်ဆိုပေမယ့်သုံးရတာ ပိုအဆင်ပြေမယ်ဆိုရင် ပေးရတာ တန်ပါတယ်။

7Day DAILY
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဈေးကွက်ဝေစုအများဆုံးရရှိထားပြီး ဆက်သွယ်ရေးကွန်ရက် ပျံ့နှံ့မှုအရှိဆုံး မြန်မာ့ဆက်သွယ်ရေး(MPT)က ၎င်းတို့၏ ၀န်ဆောင်ခများကို လက်ရှိနှုန်းထက် လျှော့ချ သည့် အစီအစဉ်သစ်များအား ဇန်န၀ါရီ ၉ရက်တွင် မီဒီယာမှတစ်ဆင့် အများပြည်သူသို့ စတင်အသိပေး ခဲ့သည်။ ဇန်န၀ါရီ ၁၂ရက်တွင် စတင်မည့် ‘ဆွေသဟာ’အမည်ရှိ ၀န်ဆောင်မှုအသစ်နှင့်ပတ်သက်၍ MPTဖုန်းသုံးစွဲနေသူများ၏ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ကိုပိုင်မိုးထက်
ဥပဒေ ပထမနှစ်ကျောင်းသား(ဒဂုံတက္ကသိုလ်)
MPTက ဒီလိုမျိုး စီစဉ်လိုက်တာဆိုတော့ အရင်တုန်းကထက် စာရင်တော့ ကောင်းသွားမှာပါ။ ဖုန်းဘီလ် လည်း လျှော့လိုက်တယ်ဆို တော့ အဆင်ပြေမှာပါ။ အခုလက်ရှိတော့ MPT ဆင်းမ်ကတ်ကိုင်ထား တယ်။ အသစ်သတ်မှတ်လိုက်တဲ့ ဖုန်းခေါ်ဆိုခ ဈေးလျှော့လိုက်ပေမယ့် အင်တာနက်သုံးစွဲခ တိုးလိုက်တာကတော့ တကယ်လိုင်းကောင်းမယ်ဆို ရင်တော့ အဆင်ပြေတယ်။ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းမြန်နှုန်းကို ဒီထက်ပိုပြီး ကောင်းစေချင်တယ်။ ခုလက်ရှိ MPTက သတ်မှတ်လိုက်တဲ့ အင်တာနက်အသုံးပြုခကို ထပ်ပြီးတော့ လျှော့စေချင်တယ်။ ဘယ်လောက်မြန်နှုန်းနဲ့ လုပ်လုပ် သတ်မှတ် ထားတဲ့ ဈေးက တခြားဖုန်းလိုင်းတွေထက်စာရင်မြင့်နေသေးတယ်။

ကိုသားကြီး
(ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ)
ဖုန်းသုံးတာတော့ တယ်လီနော၊ MPT နှစ်ခုသုံးတယ်။ ဖုန်းလိုင်း သက်သက် ဆက်တာများတာတော့ MPT နဲ့ ဆက်တယ်။ အင်တာ နက်လိုင်းသုံးတာကတော့ လောလောဆယ် တယ်လီနောသုံးတယ်။ လိုင်းလည်း မဆိုးဘူး။ ဒေါင်းလုတ်ဆွဲရင်တော့ ပိုက်ဆံဖြတ်တယ်။ ဖြတ် လိုက်တဲ့ ပိုက်ဆံကိုလည်း မက်ဆေ့ခ်ျပို့နေတော့ ဘယ်လောက်ငွေကျန် လဲဆိုတာ သိတယ်လေ။ ခုလို MPTက ဖုန်းခေါ်ဆိုခကို ဒီလောက်ပဲ ချမယ်လို့ မထင်ဘူး။ ဘာလို့လည်းဆိုတော့ တခြားကတ်တွေက အင်တာနက်ဖိုးသွင်းရတာ မဟုတ်ဘူး။ သူက အရင်ဆုံး ပေါ်ပြီး ပြည်သူတွေ ငွေအများကြီး ပေးကိုင်ခဲ့တာတောင်မှ အခုထက်တိုးကောက်တယ်ဆိုတော့ ပြည်သူတွေအပေါ်ထားတဲ့ သူတို့စေတနာလို့ပဲ မြင်ပါတယ်။ ပိုက်ဆံပိုပေးရတာထက် သူတို့ဝန်ဆောင်မှု ဘယ်လိုပိုပေးမလဲ စောင့်ကြည့်ရမယ

ကိုရဲဇော်မောင်
(JJ mobile ဖုန်းအရောင်းဆိုင်)
ဖုန်းကလည်း MPT ပဲသုံးတဲ့သူများမယ်။ အခုထိ MPT ငွေဖြည့် ကတ်က ရောင်းအားကျမသွားဘူးလေ။ အခုဆွေသဟာအစီအစဉ်ကို လည်း ဖုန်းအသုံးပြုသူတော်တော်များများက သဘောမကျကြဘူး။ ဖုန်း ချည်းပဲခေါ်ဆိုချင်သူတွေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တယ်လီ နောတို့လောက် ဈေးမချိုပြန်ဘူး။ အင်တာနက်ကတော့ MPT ကပို ကောင်းသလိုပဲ။ တော်တော်များများကလည်း MPT နဲ့ တခြား ၁,၅၀၀ တန်နှစ်ကတ်ပေါင်းသုံးကြတာ။ ကျွန်တော်ကတော့ ဆွေသဟာလည်း မသုံးဘူး။ ဘာမှလည်း ပိုထူးမလာ ဘူး။

မသန္တာဖြိုး
(ကုမ္ပဏီဝန်ထမ်း)Jaymart Mobile (Junction Square)
ဒီအစီအစဉ်က ဖုန်းဘီလ်က အဆင်ပြေပေမယ့် အင်တာနက် အသုံးပြုခကတော့ တခြားဖုန်းလိုင်းတွေထက် ပိုများနေတော့ အင်တာနက်လိုင်းမကောင်းဘူးဆိုရင်တော့ မထူးပါဘူး။ ခုလက်ရှိတော့ MPT နဲ့ တယ်လီ နော နှစ်မျိုးလုံးသုံးပါတယ်။ တယ်လီနောကိုတော့ အင်တာ နက်သုံးပါတယ်။ ဖုန်းပြောဖို့ကျတော့ MPT လောက် လိုင်းကသိပ် မကောင်းဘူး။ အခုအစီအစဉ်သစ်က လိုင်းကောင်းမယ်ဆိုရင်တော့ ပို ပြီးအဆင်ပြေ မှာပါ။ အရင်အတိုင်းပဲ လိုင်းမကောင်းရင်တော့ ပေးရတာ မတန်ဘူး။ ဖုန်းဘီလ်ရော၊ အင်တာနက်ခရောက တခြားလိုင်းတွေ ထက် ပိုများနေသေးတယ်။ ဖုန်းသုံးစွဲသူတစ်ယောက်အနေနဲ့ အင်တာ နက်ဝန်ဆောင်မှုကို ဒီထက်ပိုကောင်းအောင်လုပ်ပေးစေချင်တယ်။ နယ် ဘက်တွေကိုတော့ ဖုန်းလိုင်းတွေ ဒီထက်ပိုပြီး ကောင်းစေချင်ပါတယ်။

မအေးသူဇာမြမောင်
အယ်ဒီတာ (စွယ်စုံမီဒီယာဂရု)
အခုလုပ်တဲ့ဆွေသဟာကိုပြောရရင် MPT က သူနိုင်သလောက်ကို စပြောင်းတာလို့မြင်တယ်။ ဘာပဲဖြစ်ဖြစ် သုံးစွဲသူတွေအတွက် ရွေးချယ် စရာပိုများလာတယ်လို့ဆိုရမယ်။ အူရီးဒူးနဲ့တယ်လီနောတို့လည်း အစီ အစဉ်တွေ လုပ်နေတာပဲ။ ဆက်သွယ်ရေးပိုင်းမှာ ပိုကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမဲ့ MPT ကသုံးစွဲသူတွေ အတွက် တန်းတူကြေးသတ် မှတ်ထားပေးမယ်ဆို ပိုကောင်းလာမယ်။ အခုလိုအစီအစဉ် တစ်ခု သီးသန့် လုပ်ပြီး သတ်မှတ်တာသဘောမကျဘူး။ အခုဈေးလျှော့ပေးတယ်ဆိုတာ ကလည်း ပြည်သူ တွေကို နားလှည့်ပါးရိုက်တာလို့မြင်တယ်။

ဦးစိုးသီဟနောင်
နည်းပညာအရာရှိချုပ် (Open Myanmar Intiative)
ကျွန်တော့်အမြင်ပြောရရင် လူသုံးများလာတာနဲ့အတူ ဝန်ဆောင်ခ တွေကျလာမှာပဲ။ အခု ဆက်သွယ်ရေး က ပြည်ပအော်ပရေတာနှစ်ခုလို ဈေးနှုန်းအတူတူမသတ်မှတ်တာက ထိန်းညှိဆောင်ရွက်လိုက်တယ်လို့ မြင်တယ်။ အခု ကျွန်တော်က MPT လိုင်းကတ်ကို အဝင်ဖုန်းအနေနဲ့ပြော တယ်။ အထွက်ခေါ်ဆိုမှုနဲ့ အင်တာနက်ကို တယ်လီနောလိုင်းကတ်နဲ့ သုံးတယ်။ အမှန်က အင်တာနက်ဆိုတာတော့ Volume Based အနေနဲ့ ကောက်ခံရမှာပေါ့။ ဒါပေမဲ့ လက်ရှိကောက်ခံတဲ့ဈေးနှုန်းကို အများစု ကများတယ်လို့ ဝေဖန်နေကြတယ်။ အဓိကဖြစ်စေချင်တာကတော့ အရည်အသွေးကောင်းမွန်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကို သုံးစွဲချင် တာပါပဲ။

မနွေးနွေး
(ရူပဗေဒနောက်ဆုံးနှစ်)
တယ်လီဖုန်းဆင်းကတ်ကတော့ နှစ်မျိုးသုံးတယ်။ အမ်ပီလီနဲ့ တယ် လီနောပါ။ အင်တာနက်ကတော့ တယ်လီနော ကို ပိုသုံးတယ်။ သူက လိုင်းပိုကောင်းတယ်လေ။ ခုလို ဈေးလျှော့ပေးမယ်ဆိုတော့ မျှော်လင့်  ထားတာနဲ့တော့ မတူဘူး။ သူတို့ဈေးနှုန်းက ဒီထက်လျှော့ပေးမယ်လို့ ထင်ထားတာလေ။ လိုင်း မကောင်းတော့ MPTနဲ့ အင်တာနက်လိုင်း မသုံးတာ ကြာပြီ၊ တယ်လီနောက ပိုအဆင်ပြေတယ်။ ဈေးလျှော့ ပေးမယ်ဆိုပြီး ဖုန်းခကလည်း သူများထက် များနေသေးတယ်။ ခုကျတော့ အင်တာနက်ဈေးကလည်း များ လာပြီ။ လောလောဆယ်တော့ အဆင်ပြေတာပဲ သုံးမယ်။

ကိုဝဏ္ဏအောင်(အစိုးရ၀န်ထမ်း)
တာမွေမြို့နယ်
MPTရဲ့ အစီအစဉ်သစ်က ဖုန်းဘီလ်တော့ လျှော့ထားပေမယ့် အင်တာနက်ဝန်ဆောင်ခကတော့ ပိုများနေ တယ်။ ခုလက်ရှိတော့ MPT နဲ့ တယ်လီနောနှစ်မျိုးကိုင်ပါတယ်။ တယ်လီနောကိုင်ရတယ်ဆို တာ ဖုန်းခေါ် ဆိုခ တန်လို့ပါ။ ဒါပေမဲ့ MPTလောက် လိုင်းမကောင်းဘူး။ တကယ်ဆိုရင် သူများလိုင်းတွေလုပ်လို့ လိုက် လုပ်နေတာပါ။ တကယ် တမ်းလုပ်ချင်ရင် MPT က အစကတည်းက ပိုကောင်းအောင်လုပ်နိုင် တယ်ထင် တယ်။ တစ်နိုင်ငံလုံးမှာ လူသုံးအများဆုံးပဲလေ။ အခုလည်း အင်တာနက်လိုင်းကို ဒီထက်ပိုကောင်းအောင် လုပ်ပေးစေချင်ပါတယ်။

ကိုအောင်ကို
ဆိပ်ကြီးခနောင်တို
ခေါ်ဆိုခတွေ ဈေးလျှော့ပေးမယ်လို့ပြောပြီး ထင်ထားသလောက် လည်းမဟုတ်ဘူး။ အခုဆွေသဟာ အစီအစဉ်ဆိုတာကလည်း ဖုန်းပဲ ပြောပြီး အင်တာနက်လုံးဝမသုံးရင်တော့ အရင်ထက်ဈေးတော့ သက် သာသွားမှာပေါ့။ ဖုန်းလိုင်းကျတော့လည်း တချို့နယ်ဘက်တွေမှာ MPT ကပဲ ပိုမိတယ်။ ခေါ်ဆိုခတွေကို ၂၀ လောက်ပဲထားစေချင်တယ်။ အင် တာနက်ကိုလည်း တတ်နိုင်သလောက်လေးတော့ လျှော့ဖို့ မျှော်လင့်ပါ တယ်။

ကိုရဲသူ
ကုမ္ပဏီဝန်ထမ်း
အစက ခေါ်ဆိုခတွေပဲထက်ဝက်လောက်လျှော့တော့မလို၊ ဈေးပဲ သက်သာသွားတော့မလိုနဲ့ နောက်တော့ ပိုက်ဆံယူလို့ကိုမဝနိုင်သေးဘူး လို့ပဲထင်တယ်။ ဟို ၁,၅၀၀ တန်တွေကလည်း အခုထိအချိုးမပြေသေး တော့ လက်ရှိက MPT ပဲအားကိုးနေရတာ။ ဖြစ်နိုင်ရင် သုံးကိုမသုံးချင် တာ။ နောက်ပိုင်းလည်း ဘယ်လိုအော်ချက်တွေထုတ်ပြီးလာဦးမလဲမသိဘူး။ ဈေးလျှော့တာကို မျှော်လင့်နေတာထက်စာရင် ဖုန်းခေါ်ဆိုတာ တွေပဲလျှော့ရတော့မှာပေါ့။

ကိုစိုးသူ
မြောက်ဥက္ကလာပ
လက်ရှိက အူရီးဒူးနဲ့ MPT ကိုလှည့်သုံးနေတာ။ ဖုန်းခေါ်ရင် အူရီဒူး နဲ့။ အင်တာနက်ဆို MPT နဲ့။ အခုဆွေသဟာ လာတော့လည်း ကိုယ်နဲ့ အဆင်မပြေတော့ အခုသုံးနေတဲ့အတိုင်း နှစ်ကတ်ပဲသုံးရမှာပေါ့။ ဘယ် တတ်နိုင်မလဲ။ အားလုံးအဆင်ပြေတာမှမရှိတာ။ လိုင်းကတော့ MPT က ပိုကောင်းတယ်လို့ ထင်တာပဲ။ ဟိုဆင်းမ်ကတ်ကုမ္ပဏီနှစ်ခုကလည်း မစွံပါဘူး။ သူတို့ရှိတော့ MPT ဒုက္ခကကင်းပြီမှတ်တာ။ ဘာမှမထူးဘူး။

ကိုရဲမာန်အောင်
(Developer)
ပြည်သူတွေအတွက် လုံးဝစိတ်ပျက်စရာအစီအစဉ်ပါ။ မူလထက် ဈေးလျော့သွားပေမယ့် ပြိုင်ဘက် ပြည်ပကုမ္ပဏီတွေထက်မလျော့ရင်တောင် ဘာကြောင့်တန်းတူမထားပေးလဲဆိုတာ နားမလည်ဘူး။ စိတ် ကုန်ဖို့ တော်တော်ကောင်းတယ်။ အင်တာနက်နှုန်းထားကလည်း Volume Based ကောက်တာချင်း အတူတူ သူများတွေထက်ဈေးများတာကလည်း မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဖုန်းလိုင်းကြည်ကြည်လင်လင်နဲ့  သင့်တော်တဲ့ဈေး၊ သင့်တော်တဲ့အင်တာနက်နှုန်းထားနဲ့ ချပေးနိုင်မယ့် အော်ပရေတာကို မျှော်လင့်မိပါတယ်။ မျှော်လင့်တဲ့အထဲမှာ MPT တော့မပါတော့ဘူး။

ကိုသိန်းစိုး(၀န်ထမ်း)
မြန်မာ့ရှေ့ဆောင်ဘဏ်
ဒီလိုမျိုး စီစဉ်တာ ကောင်းပါတယ်။ ၀န်ဆောင်မှုကို ကုမ္ပဏီတစ်ခု နဲ့တစ်ခု အပြိုင်အဆိုင်ပေးကြတော့ သုံးရတဲ့ သူတွေအနေနဲ့ အကောင်း ဆုံးကို ရွေးချယ်ပြီး သုံးနိုင်လာပြီပေါ့။ ခုလက်ရှိတော့ MPTနဲ့ တယ် လီနောနှစ်မျိုးသုံးပါတယ်။ ကုန်ကျစရိတ်ချင်းတူမယ်ဆိုရင် MPT ကို ပဲ ဆက်သုံးချင်ပါတယ်။ လိုင်းကလည်း တခြားလိုင်းတွေထက် ပိုမိပါ တယ်။ ဖုန်းလိုင်းကောင်းမယ်၊ အင်တာနက်လိုင်း ပိုကောင်းလာမယ်ဆို ရင်တော့ ဒီလိုမျိုးဈေးနဲ့ သုံးရတာ အဆင်ပြေပါတယ်။ သုံးစွဲသူက ကုန်ကျစရိတ်နည်းတာကို ကြိုက်ပေမယ့် လိုင်းမကောင်းရင်တော့ ဘာမှ မထူးပါဘူး။ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ ဘောနပ်စ်ပေးတဲ့ အစီ အစဉ်လေးတွေကို ဒီထက်ပိုပြီး လုပ်ပေးစေချင်ပါတယ်။

ကိုဟိန်းလတ်သူ
ပြည်မြို့
အခုပြောင်းလိုက်တဲ့အစီအစဉ်က မကောင်းဘူးလို့ပြောရမှာပဲ။ တကယ်ဆို ပြည်သူတွေစိတ်ကျေနပ်မှု ရအောင် လျှော့ပေးသင့်တယ်။ တခြားအော်ပရေတာတွေနဲ့အတူတူ ဈေးနှုန်းဖြစ်သင့်တယ်လို့ထင်တယ်။ နောက်ပြီး အင်တာနက်ကလည်း အရင်က နာရီနဲ့ယူတာ။ အခုက 1 MB ကို ၁၅ ကျပ်နဲ့ယူတာဆိုတော့ တခြားအော်ပရေတာတွေထက်လည်း ဈေးကြီးတယ်။ အင်တာနက်လိုင်းကရော အရင်ကလိုပဲလား။ ပိုပြီး ကောင်းမှာလားလည်းသိချင်တယ်။ အရင်ထက်ပိုကောင်းရင်တော့ မဆိုး ပါဘူး။  MPT ကိုတော့ အခုဈေး နှုန်း အတိုင်းဆို စိတ်မဝင်စားဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ အရင်ဆုံး တခြားအော်ပရေတာတွေနဲ့ အတူတူ ဈေးချပေးနိုင်ရင်ကောင်းလိမ့်မယ်။

ကိုရဲမြတ်မင်း
Developer (ကမာရွတ်မြို့နယ်)
ကျွန်တော်ကတော့ စောင့်ကြည့်နေတုန်းပါ။ ဘာလို့လဲဆိုတော့ MPT က တခြားအော်ပရေတာတွေထက် ကွန်ရက်ပိုကျယ်ပြီး နေရာ တိုင်းမှာ သုံးလို့ရတဲ့အတွက် ဈေးကတော့ နည်းနည်းများပေမယ့် လိုင်းပို ကောင်းမယ်ဆိုရင် ပုံမှန်သုံးဖြစ်မှာပါ။ အခြေခံလူတန်းစားတွေအတွက် ဆိုရင်တော့ တယ်လီနောက ပိုအဆင်ပြေမယ် ထင်တယ်။ 1MB  ၁၅ ကျပ်ဆိုရင်တော့ သာမန်သတင်းကြည့်ရုံနဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ လူတွေအတွက်ကတော့ များလွန်းတယ်လေ။ ဗီဒီယိုတွေကြည့်မှ ပိုက်ဆံ ဖြတ်တာမျိုးပေါ့။ အဲလိုလုပ်ပေး လိုက်မယ်ဆိုရင်တော့ တန်သွားမယ်လို့ မြင်ပါတယ်။ ဒီအတိုင်းပဲဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ကျွန်တော်ကတော့ Unlimited Data Plan ကိုပဲ စောင့်နေပါတယ်။ အော်ပရေတာ သုံးခုလုံးဆီကပေါ့။

မဝေမွန်ထွန်း
AM Mobile လှည်းတန်း
စောင့်တော့စောင့်ကြည့်ရဦးမှာပဲ။ အခုကာစတန်မာတွေထဲမှာ လည်း လူငယ်တွေက စိတ်ဝင်စား နေကြတယ်။ ဒါပေမဲ့ အင်တာနက် အသုံးပြုခကများနေတယ်။ လူကြီးတွေကတော့ ဖုန်းခေါ်ဆိုတဲ့စနစ်တွေ က အမျိုးမျိုး သတ်မှတ်ထားတော့ ရှုပ်တယ်လို့ပြောနေကြတယ်။ တစ်လ လောက် စမ်းသုံးကြည့်မယ့် လူတွေတော့ တော်တော်များတယ်။ ဖုန်း လိုင်းကတော့ MPTကိုပဲ သုံးဖြစ်တယ်။ သူက ဘယ်အချိန်ခေါ်ခေါ် အဆင်ပြေတယ်။ လိုင်းပြတ်တာတွေ၊ ဘာတွေလည်းမရှိဘူး။ အင်တာ နက်ကိုတော့ တယ်လီနောနဲ့ အူရီးဒူးကိုပဲသုံးတယ်။ တကယ်တော့ MPT အနေနဲ့ တခြားအော်ပရေတာတွေက သူတို့အပေါ်မှာ မှီခိုနေရတာ။ အဲဒါကြောင့် တခြားအော်ပရေတာထက် ဈေးပိုပြီးတောင်လျှော့ပေးနိုင် သေးတယ်။

ကိုထက်ကောင်းကင်
ကန်ထရိုက်တာ
ဒီအစီအစဉ်လေးက ကောင်းပါတယ်။ နယ်တွေမှာက တယ်လီနော နဲ့ အူရီးဒူးမမိတဲ့နေရာတွေ ကျန်သေး တယ်လေ။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့စာရင် MPT က လူသုံးစွဲမှု အများဆုံးပဲလေ။ ရန်ကုန်မှာက ဖုန်း လိုင်းတွေ က နယ်လောက်သုံးရတာ ခက်ခဲမှုမရှိဘူးဆိုတော့ မြို့နေလူ တန်းစားအတွက်တော့ ကျန်တဲ့ ဖုန်းလိုင်းတွေနဲ စာရင်း MPT ရဲ့ ဖုန်း ဘီလ်နဲ့ အင်တာနက်အသုံးပြုခဈေးက မြင့်နေတုန်းပဲ။ ခုလက်ရှိတော့ အမ်ပီတီနဲ့ တယ်လီနောဆင်းမ်ကတ် နှစ်မျိုးလုံး သုံးနေပါတယ်။ MPT ကိုပိုပြီး အသုံးများပါတယ်။ ဖုန်းလိုင်းပိုမိလို့ပါ။ အခုလုပ်တဲ့အစီအစဉ် သစ်မှာ အင်တာနက်လိုင်းက ကျန်တဲ့ဖုန်းလိုင်းတွေထက် ပိုကောင်းရင် တော့ အဆင်ပြေပါတယ်။ အသုံးပြုခ ပိုပေးရတယ်ဆိုပေမယ့်သုံးရတာ ပိုအဆင်ပြေမယ်ဆိုရင် ပေးရတာ တန်ပါတယ်။

7Day DAILY 

No comments:

Post a Comment