Thursday 8 January 2015

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)စည်းရုံးရေးစတင်

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ ယင်းတို့ဝင်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် စည်းရုံး ရေးလုပ် ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့၊ မြောက်နှင့် တောင်ပိုင်းမှ မြို့ နယ်များကို အဖွဲ့သုံးဖွဲ့ခွဲကာ စည်း ရုံးရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ပါတီ ရန်ကုန်တိုင်းဒေသ ကြီးတာဝန်ခံ ဦးစိုင်းအောင်မြင့်ခိုင်က ပြောသည်။

''စည်းရုံးရေးဆိုတာကလဲ ကော် မရှင်က မဲဆွယ်စည်းရုံးခွင့် တရား ဝင်မသတ်မှတ်ပေးရသေးဘူးဆိုတော့ ကိုယ့် နယ်မြေကို ပြန်ပြီး မျက်နှာပြတဲ့ သဘောပါ''ဟု ယင်းကဆိုသည်။

ထိုကဲ့သို့ စည်းရုံးရေးနှင့်အတူ ဒေသခံများ၏ လိုအပ်ချက်များကို သုတေသနပြုစုခြင်းများလည်း လုပ် ဆောင်နေကြောင်း သိရသည်။ တချို့နယ်မြေဒေသတစ်ခုနှင့် တစ်ခုလိုအပ်ချက်မတူညီကြကြောင်း၊ ယင်း သို့ သုတေသနပြုလုပ်ထားပြီး လိုအပ်ချက်သိရှိမှ သာ ရွေးကောက် ပွဲမဲဆွယ်စည်းရုံးရာတွင် ပါတီအနေ ဖြင့် ဖြည့်ဆည်းပေးနိုင်သည်ကို ကတိ ကဝတ်ပြု ဆောင်ရွက်ပေးသွားနိုင် မည်ဖြစ်ကြောင်းယင်းက ပြောသည်။

''ပါတီက ကတိပေးထားပြီးပြီ ဆိုရင်တော့ သူ့သက်တမ်းငါးနှစ်အ တွင်းမှာ ပါတီတာဝန်ကျေပွန်အောင် ထမ်း ဆောင် ဖြည့်ဆည်းပေးသင့် တယ်''ဟု ယင်းကဆိုသည်။ ကျားဖြူပါတီအနေဖြင့် ရှမ်း ပြည်နယ်၊ ကယားပြည် နယ်၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့မှ မြို့နယ် ပေါင်း ၆၃မြို့နယ် တွင် ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ရွေး ကောက်ပွဲဝင် ရန်လျာထားသည့် ကိုယ်စားလှယ် လောင်းများ ကိုလည်း သင် တန်းပေးထားပြီးဖြစ်သည်။

NTDW
‎Democracytoday‬

1 comment:

  1. ကြိုးစားပါ အားပေးနေပါမည်

    ReplyDelete