Wednesday 28 March 2012

ပြည်သူတစ်ယောက် (အိမ်ရှင်မတစ်ယောက်) ရင်ထဲမှာ ခံစားမိသည်များ ရင်ဖွင့်သံ (ပေးစာ- ၁၀)


ကျွန်မကတော့ ဘယ်လူကြီးပဲ သမ္မတဖြစ်ဖြစ် ကျွန်မတို့တိုင်းပြည် အေးအေးချမ်းချမ်းနေနေရရင် စိတ်ချမ်းသာတဲ့ မိန်းမတစ်ယောက်ပါ။ လူဆိုတာ အတ္တမရှိတဲ့လူမရှိကြပါဘူး။ ကျွန်မကတော့ ဘာနိုင်ငံရေးမှ မလုပ်ပါဘူး။ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေချင်တာ လူတိုင်းပါပဲ။ ဘယ်အစိုးရပဲတက်တက် အတ္တဆိုတာ အနည်းနဲ့ အများတော့ ရှိကြမှာပါ။ လူ့သဘာဝမို့ မပြောချင်ပါဘူး။ ကျွန်မတော့ ဘယ်သူ့ဘက်ကမှ မလိုက်ဘူး၊ ဘယ်သူ့က ပိုကောင်းတာ၊ ပိုတော်တာလို့လဲ မြှောက်ပင့်ပြီး မပြောဘူး၊  အချိန်ကြာလာတာနဲ့အမျှ လူတိုင်းသိကြမှာပါပဲလေ။ ဖားရားပြီးလည်းမပြောဘူး၊ အမှန်တိုင်းပဲပြောချင်တာပါ။ ဒီလူကြီးတက်ရင် သူ့အမျိုးအဆွေတွေ ကောင်းစားမယ်၊ ရာထူးရမယ်ဆိုတာတွေက အတ္တတွေပါပဲ၊ ဘယ်သူပဲတက်တက် အဲ့ဒီအတ္တတွေဆိုတာရှိမှာပါ။ ဒါကိုတော့ လူတိုင်းလက်ခံကြမယ်လို့ ထင်ပါတယ်။
ကိုယ့်နိုင်ငံကို အုပ်ချုပ်မဲ့သူဟာ အဖက်ဖက်ကကြည့်ရင် အရာရာမှာ အပြစ်မရှိတဲ့ လူဆိုတာနည်းပါတယ်။ အပြစ်အနာအဆာဆိုတာ လူတိုင်းရှိကြပါတယ်။ အဲ့ဒီထဲက ပိုကောင်းတဲ့ တော်တဲ့ အရာရာကိုဝေဖန်ပိုင်းခြားနိုင်တဲ့ လူဆိုရင် ပိုကောင်းပါတယ်။ နိုင်ငံကို အုပ်ချုပ်ချင်တဲ့သူတွေထဲမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားမတတ်တဲ့ သူတွေကို တွေ့မြင်ကြားသိနေရတာတွေဟာ တော်တော်လေးကို ရင်နာစရာကောင်းပါတယ်။ ဟိုလူကလည်း အာဏာယူချင် ဒီလူကလည်း ဒီအာဏာယူချင်ဖြစ်နေတာဟာ ကောင်းလား၊ မကောင်းဘူးလားဆိုတာ ကိုယ့်ကိုယ်ကို ချင့်ချိန်စဉ်းစားစေချင်တယ်။ ကိုယ်နဲ့ ဒီအာဏာနဲ့ကော ထိုက်တန်လားဆိုတာ မိမိကိုယ်ကိုယ်သိယုံ တင်မကဘူး ဘေးပတ်ဝန်းကျင်က စဉ်းစားချင့်ချိန်တတ်တဲ့ လူတွေတောင်သိပါတယ်။ ဒါကိုမှ အရှက်မရှိ ပြောဆိုလုပ်နေကြတာဟာ တရားကျဖို့ကောင်းပါတယ်။
လူရယ်လို့ဖြစ်လာကြရင် ကိုယ်ပိုင်ယုံကြည်မှုဆိုတာ တစ်ယောက်တစ်မျိုးရှိကြတယ်။ နိုင်ငံကိုအုပ်ချုပ် မယ့်သူက ဟိုဘာသာလိုလို၊ ဒီဘာသာလိုလိုနဲ့ ဖြစ်နေတာတွေတွေ့ရတာဟာလည်း စိတ်ပျက်စရာကောင်းပါတယ်။ ဘယ်ဘာသာပဲကိုးကွယ် တစ်သမတ်ထဲ တစ်ဘာသာပဲရှိသင့်ပါတယ်။ လူပြောများမှ ပုတ်ခတ်ဝေဖန်မှုတွေ များပြီးမှ ပုဝါခြုံပြီး ဘုရားကျောင်းတက်တာတွေဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ကိုယ်ဘယ်ဘာသာကို ကိုးကွယ်လည်းဆိုတာ တောင် ထုတ်ဖော်ပြသဖို့ ကြောက်နေတဲ့စိတ်ဓာတ်ကြီးနဲ့ ဘယ်လိုလုပ်အုပ်ချုပ်ချင်တာလည်းလို့ မေးချင်လာမိ တယ်။ နိုင်ငံကို အုပ်ချုပ်ချင်တဲ့သူဟာ စကားပြောဆိုတဲ့အခါမှာလည်း လိမ္မာပါးနပ်စွာပြောဆိုတတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ အရင်က ဒီလိုတွေပြောပြီး နောက်ကျတော့တစ်မျိုးပြောတာတွေ မဖြစ်သင့်ပါဘူး။ အရင်က တပ်မတော်ကို အသေအလဲမုန်းတီးနေပြီး မဲရချင်တော့မှ တပ်မတော်သားတွေကို မဲဆွယ်ဟောပြောတာတွေဟာ ဘာအဓိပ္ပါယ်သက်ရောက်လည်းဆိုတာ ကိုယ်ကိုတိုင်မှသိရလား? သိရဲ့သားနဲ့ တမင်သက်သက်လုပ်တာလား ဆိုတာကိုတော့ ပြောတဲ့သူပဲ သိမယ်လို့ထင်ပါတယ်။
အခုပြောဆိုနေတာတွေက တပ်မတော်ဘက်ကပါပြီး ပြောဆိုနေတာမဟုတ်ဘဲ ပြည်သူတစ်ယောက် အနေနဲ့(အိမ်ရှင်မတစ်ယောက်) ရင်ထဲမှာ ခံစားမိတာတွေကို ရင်ဖွင့်နေတာပါ။ ကျွန်မတို့ အဖိုးအဖွားတွေ လက်ထက်ထဲကစပြီး မြန်မာ့တပ်မတော်ဆိုတာ ရှိနေတာ အခုထိပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် တပ်မတော်ကို ပုံချပြောဆို ဝေဖန်နေတာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ နောက်ပြီး ကိုယ်လုပ်မဲ့ကိစ္စကို ပြီးမြောက်အောင်မြင်အောင် မလုပ်ဘဲ ဘေးကပါတီတွေ ကို ပုတ်ခတ်ပြောဆိုနေတာတွေဟာ လူကြီးလူကောင်းတွေရဲ့ လုပ်ရပ်မဖြစ်သင့်ပါဘူး။ ကိုယ့်နိုင်ငံကြီး တိုးတက်ကောင်းစားဖို့လုပ်သင့်တာလုပ်နေတာကို ဟိုလူကို ဝေဖန်လိုက် ဒီလူကို ပြောဆိုလိုက် မလုပ်ဘဲ နိုင်ငံကောင်းစားဖို့ လုပ်သင့်နေပါပြီ။ ကိုယ်မဲရဖို့ ဟိုလူမကောင်းကြောင်း၊ ဒီလူမကောင်းကြောင်း အင်တာနက်မှာတင်ပြီး ပုတ်ခတ်နေတာတွေက ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ကိုယ့်ပါတီမဲနိုင်နေရာရဖို့အတွက် ကိုယ့်ဖာသာကောင်းကောင်း လုပ်ဆောင်သင့်ပါတယ်။  အုပ်ချုပ်မဲ့သူတွေဟာ -
()     မိမိကိုယ်ကို မကြည့်ဘဲ ပြည်သူလူထုတွေအတွက်ကြည့်တဲ့သူဖြစ်ချင်ပါတယ်။
()     ကိုယ်ကျင့်တရားကောင်းမယ့်သူဖြစ်သင့်ပါတယ်။
() ကိုယ်ယုံကြည်တဲ့ ဘာသာတရားတစ်ခုကိုလည်း ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်တဲ့သူဖြစ် စေချင်ပါတယ်။
()     အောက်ကမြှောက်ပေးတိုင်း လုပ်တဲ့သူမဖြစ် စေချင်ပါဘူး။
()     မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပြီး တိုင်းတစ်ပါးသွေးမရောတဲ့ သွေးသန့်တဲ့လူမျိုးကို လိုချင်ပါတယ်။
()     ပြည်သူလူထုက ချစ်ခင်တင်မြှောက်ထားတဲ့သူဖြစ်ဖို့လည်း လိုပါတယ်။
()     ကိုယ့်နိုင်ငံကို ရောင်းစားကျွန်ပြုမယ့်သူ မဖြစ်သင့်ပါဘူး။
()     နာမည်ပျက်ရှိတဲ့သူကို နိုင်ငံမအုပ်ချုပ်စေချင်တာလည်း ပြည်သူတွေရဲ့ စိတ်ထားပါပဲ။
()     ပြည်သူကို ပါးစပ်ကချစ်ပြီး ရင်ထဲကအနှစ်သာရမရှိတဲ့ စကားတွေပြောနေသူလည်း မဖြစ်သင့်ပါ ဘူး။
(၁၀)    ကိုယ့်မြန်မာနိုင်ငံကြီး ကျွန်ပြုဖျက်ဆီးပြီး တိုင်းတစ်ပါးအလိုကျ ကပြ အသုံးတော်ခံမယ့် သူကို လုံးဝလက်မခံနိုင်ပါဘူး။
ဒီလောက်ဆိုရင် ကျွန်မတို့လို ဘာပါတီ၊ ဘာနိုင်ငံရေးမှ မလုပ်တဲ့သူတွေရဲ့ စိတ်ထားတွေကို သိလောက်ပြီလို့ထင်ပါတယ်။ တပ်မတော်ကို ထောက်ခံတဲ့သူ၊ ပါတီတွေကို ထောက်ခံတဲ့လူတွေရှိသလို ကျွန်မတို့ လို ကြားနေလူတွေအများကြီး ရှိတယ်ဆိုတာလည်း မချန်ထားနဲ့ပါအုံးလို့ ပြောချင်ပါတယ်။
ဘယ်သူ့ကိုမှ ပုတ်ခတ်ဝေဖန်မပြေဘဲ လက်တွေ့ကြကြဖြစ်နိုင်၊ လုပ်နိုင်တဲ့ ဒီမိုကရေစီကို လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ်လုပ်မဲ့အလုပ်ဟာ မှားလား မှန်လားဝေဖန်မဆုံးဖြတ်တတ်တဲ့သူတွေ အုပ်ချုပ်မယ်ဆိုရင် လုံးဝလက်မခံနိုင်ပါဘူး။ အုပ်ချုပ်ချင်တဲ့သူတွေကကော ဘယ်လောက်တော် ဘယ်လောက်တတ်သလဲဆိုတာ စဉ်းစားသင့်ပြီး မလုပ်သင့်က ဆက်မလုပ်ဖို့ ဆုံးဖြတ်ကြပါ။

2 comments:

  1. နောက်လိုက်အိမ်ရှင်မ။ ဘေးတိုက် အိမ်ရှင်မ၊ ရှေ့ဆောင်အိမ်ရှင်မ ဒီသုံးမျိုးထဲကမှ...ခုတော့ နောက်လိုက်လိုလိုနဲ့ ရှေ့ဆောင်လုပ်တဲ့အိမ်ရှင်မ ကို တွေ့ဘူးပြီ။ဘယ်သူသမ္မတ လုပ်လုပ်အေးအေးချမ်းချမ်းနေလိုတဲ့ အတ္တမှမဟုတ်ပဲ..ကိုယ်စကားရှေ့နောက်မညီတာလဲ ပြန်ဖတ်ကြည့်ဦး။အတ္တအကြောင်းပြောပြီး ပရဟိတ အကြောင်းလဲမပါဘူး နားလည်မှာလဲမဟုတ်ဘူး။လုပ်မှာလဲမဟုတ်ပါဘူး။ပရဟိတလုပ်ငန်းလုပ်ဖြစ်အောင်လုပ်ပါ။ယောကျာင်္းဆို သိကြားမင်း-မိန်းမဆို သိကြားမင်းမိန်းမ ဖြစ်တယ်-ကဲ စိတ်ဝင်စားယင်လုပ်ပါ။(သူ့အမျိုးအဆွေတွေ ကောင်းစားမယ်၊ ရာထူးရမယ်ဆိုတာတွေက အတ္တတွေပါပဲ၊ ဘယ်သူပဲတက်တက် အဲ့ဒီအတ္တတွေဆိုတာရှိမှာပါ။ ဒါကိုတော့ လူတိုင်းလက်ခံကြမယ်လို့ ထင်ပါတယ်။) ဒီစကား ဗိုလ်ချုပ်အောင်ဆန်းကြားယင် ပါးကွဲမယ်ထင်တယ်။ ။(နိုင်ငံကို အုပ်ချုပ်ချင်တဲ့သူဟာ စကားပြောဆိုတဲ့အခါမှာလည်း လိမ္မာပါးနပ်စွာပြောဆိုတတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ အရင်က ဒီလိုတွေပြောပြီး နောက်ကျတော့တစ်မျိုးပြောတာတွေ မဖြစ်သင့်ပါဘူး။ အရင်က တပ်မတော်ကို အသေအလဲမုန်းတီးနေပြီး မဲရချင်တော့မှ တပ်မတော်သားတွေကို မဲဆွယ်ဟောပြောတာတွေဟာ ဘာအဓိပ္ပါယ်သက်ရောက်လည်းဆိုတာ ကိုယ်ကိုတိုင်မှသိရလား? သိရဲ့သားနဲ့ တမင်သက်သက်လုပ်တာလား ဆိုတာကိုတော့ ပြောတဲ့သူပဲ သိမယ်လို့ထင်ပါတယ်။) ဦးသိန်းစိန်တောင် ကချင်စစ်မီးတင်မဟုတ်တနိုင်ငံလုံးငြိမ်းချမ်းရေးပေးမယ်ဆိုတာ-လက်တော့ပ် ပေးမယ်ဆိုတာတွေ လုပ်နိုင်သေးလို့လား။ တပ်မတော်ကို မုန်းတယ်လို့ အမေစု ပြောခဲ့တာ တခါမှလဲ မကြားဘူးဘူး။ သေချာ နားထောင်ပါ ဖတ်ပါ မှတ်ပါ လေ့လာပါ။ ခု ခင်ဗျာ စာ ကို တောင် ကျနော်သေချာဖတ်ပါတယ်။ပါတီ တခု မဲနိုင်တာ နေရာ ရတာမဟုတ်ပါဘူးဗျာ။ ဦးသိန်းစိန်ပြောပါတယ်---ပြည်သူကရွေးကောက်လို့ ဖြစ်လာတဲ့ ကျနော်တို့အစိုးရသည် ပြည်သူတွေရဲ့ဆန္ဒကို အမှန်ဖြည့်ဆည်းပေးရမည်။--ပါတီအနိုင်ရတာ တာဝန်တခုကို ဆောင်ရွက်ရတယ်ဆိုတာ ဦးသိန်းစိန် သိတယ်။ခင်ဗျာ သိပုံမရဘူး။ ။((၁) မိမိကိုယ်ကို မကြည့်ဘဲ ပြည်သူလူထုတွေအတွက်ကြည့်တဲ့သူဖြစ်ချင်ပါတယ်။
    (၂) ကိုယ်ကျင့်တရားကောင်းမယ့်သူဖြစ်သင့်ပါတယ်။
    (၃) ကိုယ်ယုံကြည်တဲ့ ဘာသာတရားတစ်ခုကိုလည်း ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်တဲ့သူဖြစ် စေချင်ပါတယ်။
    (၄) အောက်ကမြှောက်ပေးတိုင်း လုပ်တဲ့သူမဖြစ် စေချင်ပါဘူး။
    (၅) မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပြီး တိုင်းတစ်ပါးသွေးမရောတဲ့ သွေးသန့်တဲ့လူမျိုးကို လိုချင်ပါတယ်။
    (၆) ပြည်သူလူထုက ချစ်ခင်တင်မြှောက်ထားတဲ့သူဖြစ်ဖို့လည်း လိုပါတယ်။
    (၇) ကိုယ့်နိုင်ငံကို ရောင်းစားကျွန်ပြုမယ့်သူ မဖြစ်သင့်ပါဘူး။
    (၈) နာမည်ပျက်ရှိတဲ့သူကို နိုင်ငံမအုပ်ချုပ်စေချင်တာလည်း ပြည်သူတွေရဲ့ စိတ်ထားပါပဲ။
    (၉) ပြည်သူကို ပါးစပ်ကချစ်ပြီး ရင်ထဲကအနှစ်သာရမရှိတဲ့ စကားတွေပြောနေသူလည်း မဖြစ်သင့်ပါ ဘူး။
    (၁၀) ကိုယ့်မြန်မာနိုင်ငံကြီး ကျွန်ပြုဖျက်ဆီးပြီး တိုင်းတစ်ပါးအလိုကျ ကပြ အသုံးတော်ခံမယ့် သူကို လုံးဝလက်မခံနိုင်ပါဘူး။) ဒီစာပိုဒ် ၁၀ ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို မဲ ပေးလိုက်တော့။ စစ်အစိုးရလက်ထက်နှစ်ဆက် ဦးနေ၀င်းလက်ထက် မြန်မာ နိုင်ငံ အကြွေးထူလို့ အဆင်းရဲဆုံးနိုင်ငံဘ၀ရောက်၊ ဒုတိယ ဦးသန်းရွှေ အပြီး မြန်မာနိုင်ငံ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကျော် အကြွေးတင်၊ ပြောတာတော့ အမျိုးသားဝင်ငွေ တိုးတက်မှု ရာနှုန်း ၁၃၊၁၄ ။ ဘယ်သူတွေ သန်းကြွယ်၊ကုဋေကြွယ်ဖြစ်။ ဘယ်သူတွေ သန်းထူ၊အကြွေးထူ၊ ၀ဲထူ၊ အနာထူဖြစ်....ပြောမနေတော့ပါဘူး.... အဲ ရလာတာတော့ အကြောက်တရားပဲ...ကြောက်လို့ နာမည်မပြောတော့ဘူး

    ReplyDelete
  2. အမေစုသမ္မတဖြစ်မှ အရာရာကောင်းတော့ မှာလား အခြားပါတီတွေထဲမှာရော နိုင်ငံနဲ့လူမျိုး ကောင်းအောင်လုပ်ပေး ချင်တဲ့အစွမ်းအစရှိတဲ့ အရည်အချင်းရှိတဲ့ လူမရှိတော့ဘူးလား အမေစုကရော နောက်ကနေ ပံပိုးပေး အရည်အချင်း ရှိအောင်မွေထုတ်ပေ ချင်တဲ့စိတ် မရှိတော့ဘူလား။ [ဘယ်သူအာဏာရရ တိုင်းပြည်ကိုထပ် ဒုက္ခမပေးတဲ့ ရည်ရှည်စီမံကိန်းတွေဖြစ်ဖို့ပဲလိုပါတယ်။]

    ReplyDelete