Monday 15 December 2014

အံ့မခန်းဖွယ် သက်ရှိရုပ်တုလူသားလုပ်ငန်းဖြင့် အသက်မွေးသူ သွေးပြန်ကြော တွင်း သွေးခဲရောဂါခံစားနေရ

Photo: အံ့မခန်းဖွယ် သက်ရှိရုပ်တုလူသားလုပ်ငန်းဖြင့် အသက်မွေးသူ သွေးပြန်ကြော တွင်း သွေးခဲရောဂါခံစားနေရ
Monday, December 15, 2014

ဗြိတိန်နိုင်ငံရဲ့ မြို့တွေ လမ်းတွေမှာတွေ့တွေ့နေရတဲ့ သက်ရှိရုပ်တုလူသား
တွေမှာလည်း ခက်ခဲတဲ့ အသက်မွေးဝမ်းကျောင်းမှုပုံစံကြောင့် ကျန်းမာရေးချို့တဲ့မှု
တွေဖြစ်ပေါ်နေပါတယ်။ ဗြိတိန်စာရေးဆရာက ပေါလ်အက်ဒ်မီဒက်စ်လို့
အမည်ရတဲ့ ရွှေအိုရောင်ရုပ်တုလူသားနဲ့တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပေါလ်က သူ့အ
နေနဲ့ သက်ရှိလူသားလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ၁၆နှစ်ရှိပြီလို့ဆိုပါတယ်။
တစ်နေ့ကို ရှစ်နာရီ၊ တစ်ပတ်ကို ငါးရက်နဲ့၁၆နှစ်သက်တမ်းရောက်လာတဲ့အထိ
သက်ရှိရုပ်တုလူသားလုပ်ငန်းကို ခုံခုံမင်မင်လုပ်ဆောင်ခဲ့တဲ့ပေါလ်မှာ ရုပ်တုလို
မလှုပ်မယှက်ဘဲနေရတဲ့ အသက်မွေးဝမ်းကျောင်းမှုကနေ သွေးပြန်ကြောသွေးခဲတဲ့
ဝေဒနာကိုအပြင်းအထန်ခံစားနေရပြီးမျက်တောင်ပုတ်ခတ်မှုမလုပ်ဘဲ အချိန်
ကြာငေးစိုက်ကြည့်နေရာကနေ အမြင်အာရုံမှုန်ဝါးမှုကိုပါ ခံစားနေရပါတယ်။
သက်ရှိရုပ်တုလူသားအဖြစ် ရပ်နေတဲ့အခါမျိုးမှာဆိုရင်လည်း ငှက်ချေးပါချ
တာကအစ ခွေးအပေါ့သွားတာတွေအထိကြိတ်မှိတ်ခံတဲ့အပြင် တစ်ခါတလေ အစအနောက်ကြမ်းတဲ့လူတွေ၊ ဒေါသနဲ့စိတ်ဖိစီးမှုတွေရလာတဲ့ လူတွေဆီကနေ ရိုက်နှက်ခံရတာတွေအထိပါရှိတတ်ပေမယ့်ပေါလ်ကသူရဲ့အလုပ်ကို အလွန်တရာ
မြတ်နိုးတာကြောင့် ဒီအခက်အခဲတွေအားလုံးကို သည်းခံပြီး ၁၆နှစ်ကြာအောင်
လုပ်နိုင်ခဲ့တာလို့သိရပါတယ်။ရုပ်တုအနေနဲ့ရပ်နေတဲ့အခါမျိုးမှာ
တကယ့်ရုပ်တုအတိုင်းငြိမ်သက်နေစေဖို့အသက်ကိုမျှဉ်းမျှဉ်းလေးပဲ ရှူရတာ မို့
အလုပ်ချိန်တွင်းမှာ နှလုံးခုန်နှုန်းက ၂၄ကနေ ၃၀အတွင်းပဲရှိတတ်တယ်လို့
ပေါလ်ကဆိုပါတယ်။ သာမန်လူတစ်ဦးရဲ့နှလုံးခုန်နှုန်းက ၆၀ကနေ ၁၀၀အတွင်းရှိ တတ်တာမို့ ဒီအခြေအနေနဲ့ ၁၆နှစ်တာကျော်လာတဲ့အခါမှာ သွေးပြန်ကြောမှာ သွေးခဲတဲ့ဝေဒနာကိုခံစားလာရတာပါ လို့ပေါလ်ကဆိုပါတယ်။ ဒီဝေဒနာကြောင့် ဆရာဝန်က ပေါလ်ကို သက်ရှိ ရုပ်တုလူသားမလုပ်တော့ဖို့ အတန်တန်သတိပေး နေခဲ့ပေမယ့်ပေါလ်က ဒီအလုပ်ကို သူသေခါမှစွန့်လွှတ်သွားမယ်လို့ အခိုင်အမာ
ဆိုနေပါတယ်။ သက်ရှိရုပ်တု လူသားရဲ့ဝင်ငွေကိုမေးမြန်းစုံစမ်းရာမှာတော့ ဘယ်ရုပ်တုလူသားကမှ ၀င်ငွေအမှန်ကိုထုတ်ပြောကြမှာမဟုတ်ပါဘူးလို့
ပေါလ်က ပြောကြားခဲ့ပါတယ်။

Pyimyanmar
ဗြိတိန်နိုင်ငံရဲ့ မြို့တွေ လမ်းတွေမှာတွေ့တွေ့နေရတဲ့ သက်ရှိရုပ်တုလူသားတွေမှာလည်း ခက်ခဲတဲ့ အသက်မွေးဝမ်းကျောင်းမှုပုံစံကြောင့် ကျန်းမာရေးချို့တဲ့မှုတွေဖြစ်ပေါ်နေပါတယ်။ ဗြိတိန်စာရေးဆရာက ပေါလ်အက်ဒ်မီဒက်စ်လို့ အမည်ရတဲ့ ရွှေအိုရောင်ရုပ်တုလူသားနဲ့တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပေါလ်က သူ့အ
နေနဲ့ သက်ရှိလူသားလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ၁၆နှစ်ရှိပြီလို့ဆိုပါတယ်။

တစ်နေ့ကို ရှစ်နာရီ၊ တစ်ပတ်ကို ငါးရက်နဲ့၁၆နှစ်သက်တမ်းရောက်လာတဲ့အထိ သက်ရှိရုပ်တု လူသား လုပ်ငန်းကို ခုံခုံမင်မင်လုပ်ဆောင်ခဲ့တဲ့ပေါလ်မှာ ရုပ်တုလို မလှုပ်မယှက်ဘဲနေရတဲ့ အသက်မွေး ၀မ်းကျောင်းမှု ကနေ သွေးပြန်ကြောသွေးခဲတဲ့ ဝေဒနာကိုအပြင်းအထန်ခံစားနေရပြီး မျက်တောင် ပုတ်ခတ်မှုမလုပ်ဘဲ အချိန်ကြာငေးစိုက်ကြည့်နေရာကနေ အမြင်အာရုံမှုန်ဝါးမှုကိုပါ ခံစားနေရပါတယ်။

သက်ရှိရုပ်တုလူသားအဖြစ် ရပ်နေတဲ့အခါမျိုးမှာဆိုရင်လည်း ငှက်ချေးပါချတာကအစ ခွေးအပေါ့ သွားတာတွေ အထိကြိတ်မှိတ်ခံတဲ့အပြင် တစ်ခါတလေ အစအနောက်ကြမ်းတဲ့လူတွေ၊ ဒေါသနဲ့ စိတ်ဖိစီး မှုတွေရလာတဲ့ လူတွေဆီကနေ ရိုက်နှက်ခံရတာတွေအထိပါရှိတတ်ပေမယ့် ပေါလ်က သူရဲ့အလုပ်ကို အလွန်တရာ မြတ်နိုးတာကြောင့် ဒီအခက်အခဲတွေအားလုံးကို သည်းခံပြီး ၁၆နှစ်ကြာအောင် လုပ်နိုင်ခဲ့ တာလို့သိရပါတယ်။ရုပ်တုအနေနဲ့ရပ်နေတဲ့အခါမျိုးမှာ တကယ့်ရုပ်တု အတိုင်းငြိမ်သက်နေစေဖို့ အသက် ကိုမျှဉ်းမျှဉ်းလေးပဲ ရှူရတာ မို့ အလုပ်ချိန်တွင်းမှာ နှလုံးခုန်နှုန်းက ၂၄ကနေ ၃၀အတွင်းပဲရှိတတ်တယ်လို့ ပေါလ်ကဆိုပါတယ်။ သာမန်လူတစ်ဦးရဲ့နှလုံးခုန်နှုန်းက ၆၀ကနေ ၁၀၀အတွင်းရှိ တတ်တာမို့ ဒီအခြေ အနေနဲ့ ၁၆နှစ်တာကျော်လာတဲ့အခါမှာ သွေးပြန်ကြောမှာ သွေးခဲတဲ့ဝေဒနာကိုခံစားလာရတာပါ လို့ပေါလ် က ဆိုပါတယ်။ ဒီဝေဒနာကြောင့် ဆရာဝန်က ပေါလ်ကို သက်ရှိ ရုပ်တုလူသားမလုပ်တော့ဖို့ အတန်တန် သတိပေး နေခဲ့ပေမယ့်ပေါလ်က ဒီအလုပ်ကို သူသေခါမှစွန့်လွှတ်သွားမယ်လို့ အခိုင်အမာ ဆိုနေပါတယ်။ သက်ရှိရုပ်တု လူသားရဲ့ဝင်ငွေကိုမေးမြန်းစုံစမ်းရာမှာတော့ ဘယ်ရုပ်တုလူသားကမှ ၀င်ငွေအမှန်ကို ထုတ်ပြောကြမှာမဟုတ်ပါဘူးလို့ ပေါလ်က ပြောကြားခဲ့ပါတယ်။

Pyimyanmar 

No comments:

Post a Comment