Monday 15 December 2014

နှစ်ထပ်လမ်းစီမံကိန်း ရန်ကုန်ယာဉ်ကြော ပြဿနာကို ၁၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဟု မြို့ပြပညာရှင်ပြော

Photo: နှစ်ထပ်လမ်းစီမံကိန်း ရန်ကုန်ယာဉ်ကြော ပြဿနာကို ၁၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဟု မြို့ပြပညာရှင်ပြော
Monday, December 15, 2014

ယာဉ်ကြောကျပ်တည်းမှု ပြဿနာများ ဖြေရှင်းဆောင်ရွက် နိုင်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအစီအစဉ် ဖြင့် ရန်ကုန်မြို့တွင်လာမည့်  ဘဏ္ဍာနှစ်အတွင်း နှစ်ထပ်လမ်း များတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ်မှာ ဘတ်ဂျက်မရှိတာကြောင့် လာမယ့်နှစ်မှာ လုပ်သွားဖို့ လျာထားတာပါ’’ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။

အဆိုပါ နှစ်ထပ်လမ်းတည် ဆောက်ရန် ကုန်ကျငွေမှာ ကန် ဒေါ်လာနှစ်ဘီလီယံခန့်ရှိနိုင်ပြီး ယင်းစီမံကိန်းကြောင့် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ၁၅ ရာခိုင်နှုန်းခန့် လျော့ကျသွားစေ နိုင်သည်ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ အကြံ ပေး မြို့ပြပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။

နှစ်ထပ်လမ်းတည်ဆောက် ရေးစီမံကိန်းအတွက် ပုဂ္ဂလိကသို့ ဖိတ်ခေါ်လုပ်ဆောင်ပေးသွားဖွယ် ရှိပြီး ဖြတ်သန်းမောင်းနှင်ခကို ကုမ္ပဏီအား ကောက်ခံခွင့် ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

‘‘စည်ပင်ကတော့ ဒီလိုနည်း နဲ့ ယာဉ်ကြောကျပ်တည်းမှုဖြေ လျှော့ဖို့ကို အချိန် သုံးနှစ်ကြာယူပြီး လုပ်သွားဖို့ မျှော်မှန်းထား တယ်။ ကျွန်တော့်အနေနဲ့ကတော့ အချိန်ငါးနှစ်လောက် ယူရမယ် ထင်တယ်’’ ဟု ဒေါက်တာကျော်လတ်က ပြောသည်။

နှစ်ထပ်လမ်း ဆောက်လုပ် ရန်ကမ်းနားလမ်းကို ရည်ရွယ်ထား သော်လည်း အတိအကျ မဆုံး ဖြတ်ရသေးကြောင်း သိရသည်။

အဆိုပါ တံတားကို မြို့ပြင် လျှောက်လမ်းအဖြစ် ကမ်းနား လမ်းမှပတ်၍ ဆောက်လုပ်ရန် အကြမ်းဖျင်း လျာထားသတ်မှတ် ထားသည့်အပေါ် ပြန်လည်သုံး သပ်သင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာဒေါ်စိုးမိုးလွင်က မှတ်ချက်ပြုသည်။

‘‘ကမ်းနားလမ်းမှာ နှစ်ထပ် လမ်းလုပ်ရင် မြို့အလှပျက်မှာကို စိုးရိမ်တယ်။ ဒီလိုငွေကြေးအများ ကြီး အကုန်ကျခံပြီးလုပ်ဖို့ တကယ်ကော လိုအပ်လို့လား။ တခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ ရတာများ မရှိဘူးလားဆိုတာ ပြန်သုံးသပ်သင့်တယ်’’ ဟု ၎င်းက ပြောကြားသည်။

           ရန်ကုန်မြို့တွင် နှစ်ထပ်လမ်းများ တည်ဆောက်နိုင်ရန် ပြည်ပနိုင်ငံအချို့ စိတ်ဝင်တစား ကမ်းလှမ်းမှုများ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း မလေးရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုက လာရောက်ကမ်းလှမ်းခဲ့ဖူးကြောင်း  သိရသည်။

ထို့အပြင် နိုဝင်ဘာလဆန်း ၌လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်နိုင်ငံ အခြေ စိုက် JICA အဖွဲ့တို့ ရန်ကုန်မြို့ အတွင်း နှစ်ထပ်လမ်းတည်ဆောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပြီး ထိုစဉ်က ဝေဇယန္တာလမ်းမတွင် စတင်ရန် လျာထားရွေးချယ်မှုပြုလုပ်ခဲ့သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဆက်လက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ရှိ ကုက္ကိုင်းလမ်းဆုံအပါအ၀င် နေရာသုံးခုတွင် ခုံးကျော်တံတားများ တည်ဆောက်သွားမည်ဟု ဦးစိုးသိန်းအောင်က ဆိုသည်။ ယင်းအတွက်ကုန်ကျနိုင်မည့် ငွေပမာဏကို တွက်ချက်နေကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေးအတွက် ယာဉ်ကြော  ကျပ်တည်းမှုများသော လမ်းဆုံအချို့၌ ခုံးကျော်တံတားတည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် လှည်း တန်းလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ခုံး ကျော်တံတားများတည်ဆောက် နိုင်ခဲ့ပြီဖြစ်ကာ မြေနီကုန်း လမ်းဆုံတွင် ခုံးကျော်တံတား တည် ဆောက်ရေး စတင်နေကြောင်း သိရသည်။

7Day DAILY 

နှစ်ထပ်လမ်းဆောက်လုပ်ရန် ရည်ရွယ်ထားသည်ဆိုသော ရန်ကုန်မြို့ ကမ်းနားလမ်း တစ်နေရာကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
နှစ်ထပ်လမ်းဆောက်လုပ်ရန် ရည်ရွယ်ထားသည်ဆိုသော ရန်ကုန်မြို့ ကမ်းနားလမ်း တစ်နေရာကို တွေ့ရ စဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ယာဉ်ကြောကျပ်တည်းမှု ပြဿနာများ ဖြေရှင်းဆောင်ရွက် နိုင်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအစီအစဉ်ဖြင့် ရန်ကုန်မြို့တွင်လာမည့်  ဘဏ္ဍာနှစ်အတွင်း နှစ်ထပ်လမ်း များတည်ဆောက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ်မှာ ဘတ်ဂျက်မရှိတာကြောင့် လာမယ့်နှစ်မှာ လုပ်သွားဖို့ လျာထားတာပါ’’ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။

အဆိုပါ နှစ်ထပ်လမ်းတည် ဆောက်ရန် ကုန်ကျငွေမှာ ကန်ဒေါ်လာနှစ်ဘီလီယံခန့်ရှိနိုင်ပြီး ယင်းစီမံကိန်း ကြောင့် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ၁၅ ရာခိုင်နှုန်းခန့် လျော့ကျသွားစေ နိုင်သည်ဟု ရန်ကုန်မြို့ တော်စည် ပင်သာယာရေးကော်မတီ အကြံ ပေး မြို့ပြပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။

နှစ်ထပ်လမ်းတည်ဆောက် ရေးစီမံကိန်းအတွက် ပုဂ္ဂလိကသို့ ဖိတ်ခေါ်လုပ်ဆောင်ပေးသွားဖွယ်ရှိပြီး ဖြတ် သန်း မောင်းနှင်ခကို ကုမ္ပဏီအား ကောက်ခံခွင့် ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

‘‘စည်ပင်ကတော့ ဒီလိုနည်း နဲ့ ယာဉ်ကြောကျပ်တည်းမှုဖြေ လျှော့ဖို့ကို အချိန် သုံးနှစ်ကြာယူပြီး လုပ်သွားဖို့ မျှော်မှန်းထား တယ်။ ကျွန်တော့်အနေနဲ့ကတော့ အချိန်ငါးနှစ်လောက် ယူရမယ် ထင်တယ်’’ ဟု ဒေါက်တာ ကျော်လတ်က ပြောသည်။

နှစ်ထပ်လမ်းဆောက်လုပ်ရန်ကမ်းနားလမ်းကို ရည်ရွယ်ထားသော်လည်း အတိအကျ မဆုံးဖြတ်ရ သေး ကြောင်း သိရသည်။

အဆိုပါ တံတားကို မြို့ပြင် လျှောက်လမ်းအဖြစ် ကမ်းနား လမ်းမှပတ်၍ ဆောက်လုပ်ရန် အကြမ်းဖျင်း လျာ ထား သတ်မှတ်ထားသည့်အပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက် ရေး အဖွဲ့ ဒါရိုက်တာဒေါ်စိုးမိုးလွင်က မှတ်ချက်ပြုသည်။

‘‘ကမ်းနားလမ်းမှာ နှစ်ထပ်လမ်းလုပ်ရင် မြို့အလှပျက်မှာကို စိုးရိမ်တယ်။ ဒီလိုငွေကြေးအများကြီး အကုန်ကျ ခံပြီးလုပ်ဖို့ တကယ်ကော လိုအပ်လို့လား။ တခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ ရတာများ မရှိဘူးလားဆိုတာ ပြန်သုံး သပ်သင့်တယ်’’ ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် နှစ်ထပ်လမ်းများ တည်ဆောက်နိုင်ရန် ပြည်ပနိုင်ငံအချို့ စိတ်ဝင်တစား ကမ်းလှမ်းမှုများ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း မလေးရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုက လာရောက်ကမ်းလှမ်းခဲ့ ဖူးကြောင်း  သိရသည်။

ထို့အပြင် နိုဝင်ဘာလဆန်း ၌လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်နိုင်ငံ အခြေ စိုက် JICA အဖွဲ့တို့ ရန်ကုန်မြို့ အတွင်း နှစ်ထပ်လမ်းတည်ဆောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပြီး ထိုစဉ်က ဝေဇယန္တာ လမ်းမတွင် စတင်ရန် လျာထားရွေးချယ်မှုပြုလုပ်ခဲ့သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်လက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ရှိ ကုက္ကိုင်းလမ်းဆုံအပါအ၀င် နေရာသုံးခုတွင် ခုံးကျော်တံတားများ တည်ဆောက်သွားမည်ဟု ဦးစိုးသိန်းအောင်က ဆိုသည်။ ယင်းအတွက်ကုန်ကျနိုင်မည့် ငွေပမာဏကို တွက်ချက်နေကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေးအတွက် ယာဉ်ကြော  ကျပ်တည်းမှုများသော လမ်းဆုံအချို့၌ ခုံးကျော်တံတားတည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် လှည်း တန်းလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ခုံးကျော်တံတား များတည်ဆောက် နိုင်ခဲ့ပြီဖြစ်ကာ မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရေး စတင်နေ ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment