Monday 15 December 2014

သြစတြေးလျား ဓားစာခံပြသနာကြောင့် ဘဏ်ကြီးတချို့ ပိတ်

Photo: သြစတြေးလျား ဓားစာခံပြသနာကြောင့် ဘဏ်ကြီးတချို့ ပိတ်
Monday, December 15, 2014

သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်မှာ ဓားစာခံဖမ်းဆီးမှုတစ်ခု ဖြစ်ပွားနေတာကြောင့် ဘဏ်ကြီးတချို့က ဆစ်ဒနီရှိ ဘဏ်ခွဲတွေကို တနလာင်္နေ့တစ်ရက်တာ ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ကြေညာခဲ့တဲ့ ဘဏ်တွေကတော့ Commonwealth Bank of Australia ၊ New Zealand Banking Group နဲ့ Westpac Banking Corp တို့ဖြစ်ပါတယ်။

Lindt Café အမည်ရ ယင်းကော်ဖီဆိုင်ထဲမှာ လက်နက်ကိုင်သေနတ်သမားတစ်ယောက်က အရေအတွက်အတိအကျ မသိရတဲ့ဓားစာခံ တွေကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ အကြမ်းဖက်အဖွဲ့ အိုင်အက်စ် အသုံးပြုနေကြလို့ ယူဆရတဲ့ အာရပ်ဘာသာစကားနဲ့ရေးသားထားတဲ့ အမည်းရောင် နဖူးစည်းစာတမ်းတစ်ခုကို ဓားစာခံလို့ယူဆရသူတွေ ကော်ဖီဆိုင်မှန်ပြတင်းပေါက် မှာ ကိုင်ဆောင်ပြနေပုံတွေ မြင်တွေ့ရပါတယ်။

ကော်ဖီဆိုင်ပတ်လည်ကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားပြီး သေနတ်သမား နဲ့ အဆက်အသွယ်ရဖို့ကြိုးစားနေဆဲပဲလို့ သိရပါတယ်။

ယင်းဧရိယာဟာ သြစတြေးလျား ဗဟိုဘဏ်တည်ရှိရာ အနီးမှာရှိတယ်လို့လည်း သိရပါတယ်။

Kumudra
သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်မှာ ဓားစာခံဖမ်းဆီးမှုတစ်ခု ဖြစ်ပွားနေတာကြောင့် ဘဏ်ကြီးတချို့က ဆစ်ဒနီရှိ ဘဏ်ခွဲတွေကို တနလာင်္နေ့တစ်ရက်တာ ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ကြေညာခဲ့တဲ့ ဘဏ်တွေကတော့ Commonwealth Bank of Australia ၊ New Zealand Banking Group နဲ့ Westpac Banking Corp တို့ဖြစ်ပါတယ်။

Lindt Café အမည်ရ ယင်းကော်ဖီဆိုင်ထဲမှာ လက်နက်ကိုင်သေနတ်သမားတစ်ယောက်က အရေအတွက် အတိအကျ မသိရတဲ့ဓားစာခံ တွေကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ အကြမ်းဖက်အဖွဲ့ အိုင်အက်စ် အသုံးပြုနေကြလို့ ယူဆရတဲ့ အာရပ်ဘာသာ စကား နဲ့ ရေးသားထားတဲ့ အမည်းရောင် နဖူးစည်းစာတမ်းတစ်ခုကို ဓားစာခံလို့ယူဆရသူတွေ ကော်ဖီဆိုင် မှန်ပြတင်းပေါက် မှာ ကိုင်ဆောင်ပြနေပုံတွေ မြင်တွေ့ရပါတယ်။

ကော်ဖီဆိုင်ပတ်လည်ကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားပြီး သေနတ်သမားနဲ့ အဆက်အသွယ် ရဖို့ ကြိုးစားနေဆဲပဲလို့ သိရပါတယ်။

ယင်းဧရိယာဟာ သြစတြေးလျား ဗဟိုဘဏ်တည်ရှိရာ အနီးမှာရှိတယ်လို့လည်း သိရပါတယ်။

Kumudra

No comments:

Post a Comment