Monday 15 December 2014

အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်မည့် အချိန်ကို တိကျစွာ မပြောနိုင်သေးဟု သူရ ဦးရွှေမန်းအား ဒု-၀န်ကြီး ပြန်လည် တုံ့ပြန်

Photo: အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်မည့် အချိန်ကို တိကျစွာ မပြောနိုင်သေးဟု သူရ ဦးရွှေမန်းအား ဒု-၀န်ကြီး ပြန်လည် တုံ့ပြန်
Monday, December 15, 2014

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြစ်တင် ဝေဖန် ထားသည် အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်မည့် အချိန် အတိကျကို ပြောရန် လတ်တလော မဖြစ်နိုင် သေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးထင်အောင်က The Messenger Media သို့ ပြောသည်။ ပြီးခဲ့သည့် (၁၃) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ ကနောင် ခန်းမတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် အလုပ်သမား အဖွဲ့ အစည်းတို့ တွေ့ဆုံစဉ် ကာလတွင် သူရ ဦးရွှေမန်း က အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုကို ယနေ့ အချိန်ထိ တိကျစွာ ထုတ်ဖော် ပြောကြား နိုင်ခြင်း မရှိ သေးခြင်းနှင့် စပ်လျဉ်းပြီး ပြစ်တင် ပြောကြားခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါ အတိုင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ဖက် ကတော့ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ အတွက် အကောင်းဆုံး ဆောင်ရွက်နေ ပါတယ်။ အနည်းဆုံးတော့ အခု အစိုးရ သက်တမ်း အတွင်း ပြီးနိုင်အောင် ဆောင်ရွက်နေ ပါတယ်။ အချိန် အတိကျ ကိုတော့ ပြောလို့ မရနိုင်သေး ပါဘူး ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး ဥပဒေကို ၂၀၁၂ ခုနှစ် အတွင်းမှာ အတိပြု ပြဋ္ဌာန်း နိုင်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ အချိန်ထိ တရားဝင် သတ်မှတ် နိုင်ခြင်း မရှိ သေးခြင်းကြောင့် နယ်ပယ် အသီးသီး ကလည်း အလုပ်သမား ၀န်ကြီးဌာန အပေါ် ဝေဖန်မှုများရှိ ခဲ့သည်။ ယခု နောက်ဆုံး အကြိမ် ပြစ်တင် ဝေဖန်မှုသည် ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်တိုင်က ပြစ်တင် ဝေဖန်ခဲ့ခြင်းဖြစ် သောကြောင့် တစ်နည်းအားဖြင့် အလုပ်သမား ၀န်ကြီး ဌာနကို နိုင်ငံတော် အဆင့် အနေဖြင့် ပြစ်တင် ခြင်းလည်း ဖြစ်ကြောင်း အလုပ်သမား ရေးရာ ဥပဒေ အကြံပေး ရှေ့နေ ဦးဖိုးဖြူက သုံးသပ် ပြောကြား သည်။

ပြည်ထောင်စု လွှတ်တော် နာယက ဆိုတာ ဥပဒေတွေ ပြဋ္ဌာန်းပေးရုံနဲ့ မရဘူး။ ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေ အတိုင်း ပြည်သူ လူထုတွေ အမှန်တကယ် ခံစားခွင့် ရမရ ဆိုတာကို ထိန်းကျောင်းပေးနိုင် ရမယ်။ အခု သူက သူ့အလုပ်သူ လုပ်တယ်လို့ ဆိုပေမယ့် လုပ်သား တစ်ရပ်လုံး ကိုယ်စားကို နိုင်ငံတော် အဆင့် ဆောင်ရွက်ပေး သွားတယ်လို့ ပြောလို့ ရတယ် ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန် အတွက် တစ်နိုင်ငံလုံးရှိ မိသားစုဝင် များ၏ တစ်လစာ ၀င်ငွေများ၊ တစ်လတာ ကျန်းမာရေး အသုံးစရိတ်၊ ကျောင်းပညာရေး အသုံးစရိတ်၊ စားဝတ် နေရေး အသုံး စရိတ် များကို ကောက်ယူ နိုင်ရန် အတွက် ၀န်ထမ်း များကို ယခုလ အတွင်း သင်တန်းများ ပို့ချ သွားရန် စီစဉ်လျက် ရှိပြီး ယင်းစစ်တမ်း ကောက်ယူ ပြီးပါက ဒေသ တစ်ခုနှင့် တစ်ခု ၀င်ငွေ ရရှိမှု ကွာခြားချက် များကို ခွဲကာ အနိမ့်ဆုံး လုပ်ခ လစာကို သတ်မှတ် သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က The Messenger Media သို့ပြောသည်။

Messenger News Journal
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြစ်တင် ဝေဖန် ထားသည် အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်မည့် အချိန် အတိကျကို ပြောရန် လတ်တလော မဖြစ်နိုင် သေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးထင်အောင်က The Messenger Media သို့ ပြောသည်။
ပြီးခဲ့သည့် (၁၃) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ ကနောင် ခန်းမတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် အလုပ်သမား အဖွဲ့ အစည်းတို့ တွေ့ဆုံစဉ် ကာလတွင် သူရ ဦးရွှေမန်း က အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုကို ယနေ့ အချိန်ထိ တိကျစွာ ထုတ်ဖော် ပြောကြား နိုင်ခြင်း မရှိ သေးခြင်းနှင့် စပ်လျဉ်းပြီး ပြစ်တင် ပြောကြားခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါ အတိုင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ဖက် ကတော့ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ အတွက် အကောင်းဆုံး ဆောင်ရွက်နေ ပါတယ်။ အနည်းဆုံးတော့ အခု အစိုးရ သက်တမ်း အတွင်း ပြီးနိုင်အောင် ဆောင်ရွက်နေ ပါတယ်။ အချိန် အတိကျ ကိုတော့ ပြောလို့ မရနိုင်သေး ပါဘူး ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး ဥပဒေကို ၂၀၁၂ ခုနှစ် အတွင်းမှာ အတိပြု ပြဋ္ဌာန်း နိုင်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ အချိန်ထိ တရားဝင် သတ်မှတ် နိုင်ခြင်း မရှိ သေးခြင်းကြောင့် နယ်ပယ် အသီးသီး ကလည်း အလုပ်သမား ၀န်ကြီးဌာန အပေါ် ဝေဖန်မှုများရှိ ခဲ့သည်။ ယခု နောက်ဆုံး အကြိမ် ပြစ်တင် ဝေဖန်မှုသည် ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်တိုင်က ပြစ်တင် ဝေဖန်ခဲ့ခြင်းဖြစ် သောကြောင့် တစ်နည်းအားဖြင့် အလုပ်သမား ၀န်ကြီး ဌာနကို နိုင်ငံတော် အဆင့် အနေဖြင့် ပြစ်တင် ခြင်းလည်း ဖြစ်ကြောင်း အလုပ်သမား ရေးရာ ဥပဒေ အကြံပေး ရှေ့နေ ဦးဖိုးဖြူက သုံးသပ် ပြောကြား သည်။

ပြည်ထောင်စု လွှတ်တော် နာယက ဆိုတာ ဥပဒေတွေ ပြဋ္ဌာန်းပေးရုံနဲ့ မရဘူး။ ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေ အတိုင်း ပြည်သူ လူထုတွေ အမှန်တကယ် ခံစားခွင့် ရမရ ဆိုတာကို ထိန်းကျောင်းပေးနိုင် ရမယ်။ အခု သူက သူ့အလုပ်သူ လုပ်တယ်လို့ ဆိုပေမယ့် လုပ်သား တစ်ရပ်လုံး ကိုယ်စားကို နိုင်ငံတော် အဆင့် ဆောင်ရွက်ပေး သွားတယ်လို့ ပြောလို့ ရတယ် ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန် အတွက် တစ်နိုင်ငံလုံးရှိ မိသားစုဝင် များ၏ တစ်လစာ ၀င်ငွေများ၊ တစ်လတာ ကျန်းမာရေး အသုံးစရိတ်၊ ကျောင်းပညာရေး အသုံးစရိတ်၊ စားဝတ် နေရေး အသုံး စရိတ် များကို ကောက်ယူ နိုင်ရန် အတွက် ၀န်ထမ်း များကို ယခုလ အတွင်း သင်တန်းများ ပို့ချ သွားရန် စီစဉ်လျက် ရှိပြီး ယင်းစစ်တမ်း ကောက်ယူ ပြီးပါက ဒေသ တစ်ခုနှင့် တစ်ခု ၀င်ငွေ ရရှိမှု ကွာခြားချက် များကို ခွဲကာ အနိမ့်ဆုံး လုပ်ခ လစာကို သတ်မှတ် သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က The Messenger Media သို့ပြောသည်။

Messenger News Journal 

No comments:

Post a Comment