Monday 15 December 2014

တူရကီတွင် သတင်းမီဒီယာသမား ၂၀ ကျော်ကို ဖမ်းဆီးထား

Photo: တူရကီတွင် သတင်းမီဒီယာသမား ၂၀ ကျော်ကို ဖမ်းဆီးထား
Monday, December 15, 2014

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ပြီး ဦးဆောင်လှုပ်ရှားမှုများ ဆောင်ရွက်နေကြသည်ဟု ဆိုလျက် တူရကီရဲတပ်ဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက အကြီးတန်း သတင်းသမားများ၊ အမှုဆောင်များအပြင် ထင်ရှားသည့် အခန်းဆက်ရုပ်သံတင်ဆက်မှုများ၏ ဇာတ်ညွှန်းရေးဆရာ တစ်ဦးကိုပါ ဖမ်းဆီးလိုက်သည်။

အဖမ်းခံထားရသည့် သတင်းမီဒီယာသမား ၂၀ ကျော်အနက် နိုင်ငံတ၀န်း ရောင်းအားအကောင်းဆုံး သတင်းစာဖြစ်သည့် Zaman ၏ အယ်ဒီတာချုပ် အီကရမ်းဒူမန်လီလည်း ပါဝင်သည်။

ယခုဖမ်းဆီးခံထားရသူများတွင် ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ နိုင်ငံစုံ လှုပ်ရှားမှုအား ဦးဆောင်ခဲ့သည့် အစ္စလာမ္မစ်တရားဟောဆရာ ဂူလန်၏ အဖွဲ့ဝင်များ၊ ၎င်းကို ထောက်ခံသူများ ပါဝင်ကြသည်။ တူရကီအစိုးရက ယင်းလှုပ်ရှားမှုမှာ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးမဏ္ဍိုင်ကို ထိခိုက်ကြောင်း စွပ်စွဲထားသည်။

ထိုသတင်းသမားများအား ဖမ်းဆီးရန် ရောက်ရှိလာသည့် ရဲများကို ဆန့်ကျင်ဆန္ဒပြသူများက “လွတ်လပ်တဲ့ မီဒီယာဆိုတာ အသံတိတ် မနေနိုင်” ဟု အော်ဟစ် ကြိုဆိုကြသည်။

ယမန်နှစ် ဒီဇင်ဘာကလည်း ၀န်ကြီးများ၏ သားများနှင့် နိုင်ငံပိုင်ဘဏ်တခု၏ အကြီးအကဲတို့၏ အကျင့်ပျက် ခြစားမှုကို ထုတ်ဖော် ရေးသားမိ၍ သတင်းမီဒီယာသမား ၃၀ ဦး ခန့်ကို တူရကီအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း တရားစွဲဆိုခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာပင် တရားရုံးက ပြစ်ဒဏ်မစီရင်ခဲ့ပေ။

ယခုလို သတင်းသမားများအား ဖမ်းဆီးနေမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန် ပြန်ကြားရေးဝန်ကြီးဌာနက နေတိုးအဖွဲ့ဝင် မဟာမိတ်ဖြစ်သည့် တူရကီတွင် ကိုယ်ပိုင် ဒီမိုကရေစီ အခြေခံအုပ်မြစ်များ မထိခိုက်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ကျော်လင်းထွန်း

__Ref: CNN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ပြီး ဦးဆောင်လှုပ်ရှားမှုများ ဆောင်ရွက်နေကြသည်ဟု ဆိုလျက် တူရကီရဲတပ်ဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက အကြီးတန်း သတင်းသမားများ၊ အမှုဆောင်များအပြင် ထင်ရှားသည့် အခန်းဆက်ရုပ်သံတင်ဆက်မှုများ၏ ဇာတ်ညွှန်းရေးဆရာ တစ်ဦးကိုပါ ဖမ်းဆီးလိုက်သည်။

အဖမ်းခံထားရသည့် သတင်းမီဒီယာသမား ၂၀ ကျော်အနက် နိုင်ငံတ၀န်း ရောင်းအားအကောင်းဆုံး သတင်းစာဖြစ်သည့် Zaman ၏ အယ်ဒီတာချုပ် အီကရမ်းဒူမန်လီလည်း ပါဝင်သည်။

ယခုဖမ်းဆီးခံထားရသူများတွင် ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ နိုင်ငံစုံ လှုပ်ရှားမှုအား ဦးဆောင်ခဲ့သည့် အစ္စလာမ္မစ်တရားဟောဆရာ ဂူလန်၏ အဖွဲ့ဝင်များ၊ ၎င်းကို ထောက်ခံသူများ ပါဝင်ကြသည်။ တူရကီ အစိုးရက ယင်းလှုပ်ရှားမှုမှာ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးမဏ္ဍိုင်ကို ထိခိုက်ကြောင်း စွပ်စွဲထားသည်။

ထိုသတင်းသမားများအား ဖမ်းဆီးရန် ရောက်ရှိလာသည့် ရဲများကို ဆန့်ကျင်ဆန္ဒပြသူများက “လွတ်လပ်တဲ့ မီဒီယာဆိုတာ အသံတိတ် မနေနိုင်” ဟု အော်ဟစ် ကြိုဆိုကြသည်။

ယမန်နှစ် ဒီဇင်ဘာကလည်း ၀န်ကြီးများ၏ သားများနှင့် နိုင်ငံပိုင်ဘဏ်တခု၏ အကြီးအကဲတို့၏ အကျင့် ပျက် ခြစားမှုကို ထုတ်ဖော် ရေးသားမိ၍ သတင်းမီဒီယာသမား ၃၀ ဦး ခန့်ကို တူရကီအစိုးရက ဖမ်းဆီး ထိန်းသိမ်း ခဲ့သော်လည်း တရားစွဲဆိုခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာပင် တရားရုံးက ပြစ်ဒဏ်မစီရင်ခဲ့ပေ။

ယခုလို သတင်းသမားများအား ဖမ်းဆီးနေမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန် ပြန်ကြားရေးဝန်ကြီးဌာနက နေတိုးအဖွဲ့ဝင် မဟာမိတ်ဖြစ်သည့် တူရကီတွင် ကိုယ်ပိုင် ဒီမိုကရေစီ အခြေခံ အုပ်မြစ်များ မထိခိုက်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ကျော်လင်းထွန်း

__Ref: CNN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment