Monday 15 December 2014

ဧရာဝတီမြစ်ဝှမ်းကြီးကို ယူနက်စကိုအကူအညီဖြင့် သုတေသနလုပ်ငန်း များလုပ်ကိုင်ရန်စီစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄-ယူနက်စကို ၏အကူအညီဖြင့် ဧရာဝတီမြစ် ဝှမ်း ဒေသကြီး တစ်ခုလုံးကို သုတေသန လုပ်ငန်းများ လုပ်ကိုင် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း ဧရာဝတီမြစ် ဝှမ်းဒေသဖွံ့ဖြိုးမှု အဓွန့်ရှည်ရေး ဆိုင်ရာသုတေသနအဖွဲ့မှ သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၅ခုနှစ် မှ စတင်ကာ ၂၀၁ရခုနှစ်အထိ လုပ် ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့မှဥက္ကဋ္ဌဖြစ်သူဒေါက်တာ ဆွေဆွေအေး က''ဧရာဝတီမြစ် ဝှမ်းကြီး တစ်ခုလုံးကို လုပ်ကိုင် ဆောင်ရွက်သွားမှာပါ။ အဲ့ဒီမှာ စီမံကိန်း ကာလ ကို နှစ်နှစ်သတ်မှတ် ထားပါတယ်။ ဒီမှာသုတေသနလုပ် ငန်းတွေ၊ သင်တန်းတွေ၊ ဧရာတီမြစ် ဝှမ်းတစ်ခုလုံးနဲ့ပတ်သက်တဲ့လုပ်ငန်း တွေအားလုံးကို လုပ်ကိုင်ဆောင်ရွက် သွားမှာပါ''ဟု ပြောသည်။

အဆိုပါစီမံကိန်းအတွက်ကျပ် ၃ဒသမ ၉မီလီယံ ကူညီရန်သဘောတူ ထားကြောင်း ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့မှ သိရသည်။

ဒေါက်တာဆွေဆွေအေးက''ဆ ရာမတို့အဖွဲ့အနေနဲ့ကတော့ လူမှုရေး ဆိုင်ရာသုတေသနတွေနဲ့ သဘာဝ သိပ္ပံဆိုင်ရာသုတေသန လုပ်ငန်း တွေကို လုပ်ကိုင်ဆောင်ရွက်နေပါ တယ်။ ဒါပေမဲ့လဲ ကိုယ်ထူကိုယ်ထ လုပ်တာဆိုတော့ ထိထိရောက်ရောက် မလုပ်နိုင်ဘူးပေါ့။ လာမယ့်နှစ်မှာ တော့ ယူနက်စကိုနဲ့ပူးပေါင်းပြီး လုပ် ကိုင်ဆောင်ရွက်နိုင်တော့မှာပါ''ဟု ပြောသည်။

အဆိုပါစီမံကိန်းကို ဧရာဝတီ မြစ် ဝှမ်းဒေသဖွံ့ဖြိုးမှုအဓွန့်ရှည်ရေး ဆိုင်ရာ သုတေသနအဖွဲ့အပြင် ရေ အရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန အပါ အဝင် အခြားအဖွဲ့အစည်းများဖြင့် လည်း ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဧရာဝတီ မြစ်သည် မြစ်ကမ်း ပါးပြိုမှုများ၊ ရေဝေ ရေလဲဒေ သ များတွင် သစ်တောများ ပြုန်းတီးမှုကြောင့် သဲနုန်းပို့ချ မှုများ ပြားလာခြင်းနှင့်မြစ် အထက်ပိုင်းတွင် ရွှေတူးဖော်မှုလုပ်ငန်းများနှင့်စက် ရုံများမှ စွန့်ပစ်ရေဆိုး များကြောင့် မြစ်ရေမှာလည်း ညစ်ညမ်းမှုများ ဖြစ် ပေါ်နေကြောင်း သုသေတနလုပ်ကိုင် ဆောင်ရွက်နေသူများထံမှ သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး မြစ်ချောင်းများဆိုင်ရာ ပညာရှင်တစ်ဦး က''ဧရာဝတီမြစ်ဝှမ်းကြီးနဲ့ပတ်သက်ပြီး တိကျတဲ့ သုတေသနတွေ လုပ် ဆောင်ဖို့က အရေး တကြီး လိုအပ် နေပါတယ်။ တကယ်ဖွံ့ဖြိုးရေး လုပ်ငန်း တွေ လုပ်မယ်ဆို ရင် တိကျ ခိုင်မာတဲ့ အချက် အလက်တွေမ ရှိပါ ဘူး။ ဧရာဝတီကို သုတေသနလုပ် မယ်ဆိုရင်လဲ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေ ပါဝင်ရပါမယ်။

ဧရာဝ တီမြစ်နဲ့ ပတ်သက်ပြီး ဧရာဝတီမြစ် ဝှမ်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု ဆိုင် ရာအမျိုးသားကော်မရှင်ကို ဖွဲ့စည်း သင့်တယ်။ ဧရာဝတီမှာဖွံ့ဖြိုးရေး လုပ် ငန်းတွေ လုပ်မယ်ဆိုရင် အဲ့ဒီ အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့လုပ် သင့်ပါ တယ်''ဟု ပြောသည်။

ဧရာဝတီမြစ်ဝှမ်း ဒေသဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာသုတေသန အဖွဲ့ကို ၂၀၁၂ခုနှစ်မေ ၁ဝရက် တွင် မြန်မာနိုင်ငံ၏အဓိကပင်မအ သက်သွေးကြောဖြစ်သော ဧရာဝတီ ထာဝရရှင်သန်စီး ဆင်းနိုင်စေရေး နှင့် ဧရာဝတီမြစ်ဝှမ်းဒေသတစ်ခုလုံး ကို မှီခိုနေထိုင်ကြသော လူသား၊ သစ်ပင်၊ တောတောင်၊ ရေမြေနှင့် တကွ ဂေဟစနစ်ကြီးတစ်ခုလုံးစည်း ချက်ညီ ညီဖွံ့ဖြိုးတိုးတက်စည်ပင်ရေး အတွက် လိုအပ်သောသုတေသန လုပ်ငန်းများကို စနစ်တကျဆောင် ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

AA
Democracy today 

No comments:

Post a Comment