Monday 15 December 2014

ကြေးနီ စီမံကိန်း အတွင်း ခြံစည်းရိုး ခတ်မည့် ကိစ္စ ဆွေးနွေး ညှိနှိုင်းမှုများ ဖြင့်သာ အဆုံးသတ် စေချင်သည်ဟု ဒေသခံ များဆို

Photo: ကြေးနီ စီမံကိန်း အတွင်း ခြံစည်းရိုး ခတ်မည့် ကိစ္စ ဆွေးနွေး ညှိနှိုင်းမှုများ ဖြင့်သာ အဆုံးသတ် စေချင်သည်ဟု ဒေသခံ များဆို
Monday, December 15, 2014

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွင်း မြေယာ လျော်ကြေး ယူမထားသည့် မြေယာများ ပေါ်တွင် ကုမ္ပဏီမှ နယ်မြေ သတ်မှတ်ရန် ခြံစည်းရိုးခတ်မည် ဆိုပါက ဒေသခံ များနှင့်  ဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ အဆုံးသတ် ချင်ကြောင်း လက်ပံတောင်း တောင်ဒေသခံ များက ပြောသည်။

ယင်းစီမံကိန်း အနီး လယ်ယာမြေများ ပေါ်တွင် ခြံစည်းရိုးခတ်မည့် ကိစ္စများနှင့် ပတ်သက်၍ ယခုလ (၁၃) ရက်နေ့တွင် ဒေသခံ တောင်သူ များနှင့် လုံခြုံရေး တာဝန်ကျ တပ်ဖွဲ့ ဝင် များကြား တင်းမာမှုများ ဖြစ်ပေါ်ကာ အပြန်အလှန် ပစ်ခတ်မှု များကြောင့် သွေးထွက် သံယို ဖြစ်ပွားကာ နှစ်ဦး နှစ်ဖက် ဒဏ်ရာများ ရရှိ ခဲ့သည်။

ကုမ္ပဏီက လာရောက် မဆွေးနွေးတော့ ပြဿနာ ဖြစ်သွား တာပေါ့။ စီမံကိန်း လုပ်မယ့် ကုမ္ပဏီက ဒေသခံတွေကို ဘယ်လို ယုံကြည်အောင် လုပ်ပေး နိုင်မလဲ။ ပြီးတော့ အရင်က ခြံစည်းရိုးခတ်တဲ့ အထဲပါ သွားတဲ့ တောင်သူ (၃၉) ဦးအတွက် ဘယ်လို လုပ်ဆောင်ပေး မလဲ။ အရင် လူတွေတောင် ဘာမှ လုပ်မပေးခဲ့ဘဲ အကြမ်းဖက် တောင်းဆို နေလို့ နှစ်ဦး နှစ်ဖက် အထိနာရုံပဲရှိ တာပါ။ လာဆွေးနွေးပါ။ တာဝန် ယူပြီး ဖြေရှင်း တတ်မယ့် သူတွေကို လာစေချင်တယ်။ ပြီးတော့ စီမံကိန်း လုပ်ချင်တဲ့ ဦးပိုင်က ထွက်မလာဘဲ ဌာနဆိုင်ရာက လူတွေ ချည်းလာ ဆွေးနွေးနေလို့ ဘာ အကြောင်းထူး မှာလဲ။ ကာယကံရှင် ကိုယ်တိုင် လာပြီး ဆွေးနွေး ကြပါ။ ဒေသခံတွေက မရိုင်းပါဘူး။ လယ်ယာမြေ မဆုံးရှုံးချင် တာရယ်။ ပွင့်လင်း မြင်သာမှု မရှိတာရယ်တွေ ကြောင့် တင်းမာနေ ကြတာ ။ လူလို ပြောရင်တော့ အားလုံး သဘောပေါက်ကြ ပါတယ် ဟု တုံကျေးရွာမှ ဦးမြင့်ဌေး က The Messenger Media  သို့ ပြောသည်။

ယင်းသို့ စီမံကိန်း နယ်မြေ အတွင်း ခြံစည်းရိုးခတ်မှုကြောင့် ဒေသခံ များနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင် များကြား အငြိုးအတေးများ ကြီးထွား လာမည်ကို မလိုလားဘဲ စီမံကိန်း လုပ်ဆောင်မည့် ဦးပိုင်၊ ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိ သူများ ကိုယ်တိုင် ဒေသခံများ ယုံကြည်မှု ရရှိသည် အထိ လုပ်ဆောင်ပေး နိုင်မှသာ ပြဿနာများ ပြေလည် နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကြေးနီ စီမံကိန်း အတွင်း ခြံစည်းရိုးခတ်ခြင်းကို  ယခင်က လက်နက်အားကိုးဖြင့် ဒေသခံများ  သဘော မတူသည့် ကြားက အတင်းအကြပ် လုပ်ဆောင် ခဲ့ခြင်းသည် ဒေသခံများမှ ကုမ္ပဏီ အပေါ် ပိုမို အမုန်းပွား စေပြီး ဆွေးနွေး ညှိနှိုင်းမှု များဖြင့် ဒေသခံများ တောင်းဆိုချက် များကို  လိုက်လျော ပေးနိုင်ပါက ခြံစည်းရိုးခတ်မှုကို လက်ခံနိုင်မည် ဖြစ်ကြောင်း  လက်ပတောင်း ဒေသခံ များက ပြောသည်။

မတရားဘူးလို့ ထင်လို့ အခုလို လက်ဗလာနဲ့ တုံ့ပြန်ခဲ့ တာပါ။ မျှမျှတတ လုပ်ဆောင် ရင်တော့ ဘာမှ မပြောပါဘူး။ ကုမ္ပဏီ ကိုလည်း အခုချိန် ထိ ယုံကြည်မှုကို မရှိဘူး။ စီမံကိန်းကို လုပ်နေ တာက လက်နက် ဗန်းပြပြီး အတင်းလုယူ နေတဲ့ ကိုလိုနီ ဆန်ဆန် လုပ်ဆောင် နေတယ်လို့ကို  ထင်တယ်။ လာပြီး ဆွေးနွေးရင်လည်း ဌာနဆိုင်ရာ တွေပဲ လာတယ်။ ကုမ္ပဏီက ဘာမှ လာပြီး မဆွေးနွေးဘူး။ တကယ်လို့ စီမံကိန်းကြီးကို ပြည်သူနဲ့ နိုင်ငံတော် အတွက် တကယ့် စေတနာ အမှန်နဲ့ လုပ်ဆောင် နေတယ်။ ရိုးသားပါတယ် ဆိုရင် လာတွေ့ဆုံ ဆွေးနွေးရဲရ မှာပေါ့။ အခုတော့ ဦးပိုင်က ပုန်းနေတယ် လေ။ ဒေသခံတွေကို မတွေ့ရဲဘူး ဆိုတော့ မရိုးသား လို့ပေါ့ ဟု ဆည်တည်း ကျေးရွာမှ မ၀င်းဝင်းဌေးက The Messenger Media  သို့ ပြောသည်။

ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ အပေါ် ကုမ္ပဏီမှ တာဝန်ခံမှု တာဝန် သိတတ်မှုနှင့် ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ပေးမည် ဆိုပါက အချိန်မရွေး လာရောက် ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာ သင့်ကြောင်း၊ တောင်းဆိုချက်များ ပြေလည်ပါက ခြံစည်းရိုးခတ်မှုကို လက်ခံနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ခြံစည်းရိုး အတွင်းပါ သွားတဲ့ လယ်ယာမြေတွေ ကိစ္စကို ကုမ္ပဏီက စဉ်းစားနေ ပါတယ်။ သွားပြီး ဆွေးနွေးရင်လည်း ဘယ်တော့မှ ပြေလည်မှု မရခဲ့ပါဘူး။ ဆက်ဆံရေး ရုံးဖွင့်ပြီး ဒေသခံတွေ တောင်းဆိုချက်တွေကို  ဌာနဆိုင်ရာ ကပဲ တစ်ဆင့် လုပ်ဆောင်ပေး နေတာပါ။ နိုင်ငံတော် ကြေးနီ စီမံကိန်းကြီး ပါ။ နိုင်ငံတော် အတွက် (၅၁) ရာခိုင်နှုန်း ကိုလည်း ရထား ပြီးနေပြီ။ ဘယ် ကိစ္စကို မဆို ရိုးသားပါတယ် ဟု ကြေးနီ စီမံကိန်း(မုံရွာ) တာဝန်ခံ ဦးလှစိန်က The Messenger Media  သို့ ပြောသည်။

Messenger News Journal
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွင်း မြေယာ လျော်ကြေး ယူမထားသည့် မြေယာများ ပေါ်တွင် ကုမ္ပဏီမှ နယ်မြေ သတ်မှတ်ရန် ခြံစည်းရိုးခတ်မည် ဆိုပါက ဒေသခံ များနှင့်  ဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ အဆုံးသတ် ချင်ကြောင်း လက်ပံတောင်း တောင်ဒေသခံ များက ပြောသည်။

ယင်းစီမံကိန်း အနီး လယ်ယာမြေများ ပေါ်တွင် ခြံစည်းရိုးခတ်မည့် ကိစ္စများနှင့် ပတ်သက်၍ ယခုလ (၁၃) ရက်နေ့တွင် ဒေသခံ တောင်သူ များနှင့် လုံခြုံရေး တာဝန်ကျ တပ်ဖွဲ့ ဝင် များကြား တင်းမာမှုများ ဖြစ်ပေါ်ကာ အပြန်အလှန် ပစ်ခတ်မှု များကြောင့် သွေးထွက် သံယို ဖြစ်ပွားကာ နှစ်ဦး နှစ်ဖက် ဒဏ်ရာများ ရရှိ ခဲ့သည်။

ကုမ္ပဏီက လာရောက် မဆွေးနွေးတော့ ပြဿနာ ဖြစ်သွား တာပေါ့။ စီမံကိန်း လုပ်မယ့် ကုမ္ပဏီက ဒေသခံတွေကို ဘယ်လို ယုံကြည်အောင် လုပ်ပေး နိုင်မလဲ။ ပြီးတော့ အရင်က ခြံစည်းရိုးခတ်တဲ့ အထဲပါ သွားတဲ့ တောင်သူ (၃၉) ဦးအတွက် ဘယ်လို လုပ်ဆောင်ပေး မလဲ။ အရင် လူတွေတောင် ဘာမှ လုပ်မပေးခဲ့ဘဲ အကြမ်းဖက် တောင်းဆို နေလို့ နှစ်ဦး နှစ်ဖက် အထိနာရုံပဲရှိ တာပါ။ လာဆွေးနွေးပါ။ တာဝန် ယူပြီး ဖြေရှင်း တတ်မယ့် သူတွေကို လာစေချင်တယ်။ ပြီးတော့ စီမံကိန်း လုပ်ချင်တဲ့ ဦးပိုင်က ထွက်မလာဘဲ ဌာနဆိုင်ရာက လူတွေ ချည်းလာ ဆွေးနွေးနေလို့ ဘာ အကြောင်းထူး မှာလဲ။ ကာယကံရှင် ကိုယ်တိုင် လာပြီး ဆွေးနွေး ကြပါ။ ဒေသခံတွေက မရိုင်းပါဘူး။ လယ်ယာမြေ မဆုံးရှုံးချင် တာရယ်။ ပွင့်လင်း မြင်သာမှု မရှိတာရယ်တွေ ကြောင့် တင်းမာနေ ကြတာ ။ လူလို ပြောရင်တော့ အားလုံး သဘောပေါက်ကြ ပါတယ် ဟု တုံကျေးရွာမှ ဦးမြင့်ဌေး က The Messenger Media  သို့ ပြောသည်။

ယင်းသို့ စီမံကိန်း နယ်မြေ အတွင်း ခြံစည်းရိုးခတ်မှုကြောင့် ဒေသခံ များနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင် များကြား အငြိုးအတေးများ ကြီးထွား လာမည်ကို မလိုလားဘဲ စီမံကိန်း လုပ်ဆောင်မည့် ဦးပိုင်၊ ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိ သူများ ကိုယ်တိုင် ဒေသခံများ ယုံကြည်မှု ရရှိသည် အထိ လုပ်ဆောင်ပေး နိုင်မှသာ ပြဿနာများ ပြေလည် နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကြေးနီ စီမံကိန်း အတွင်း ခြံစည်းရိုးခတ်ခြင်းကို  ယခင်က လက်နက်အားကိုးဖြင့် ဒေသခံများ  သဘော မတူသည့် ကြားက အတင်းအကြပ် လုပ်ဆောင် ခဲ့ခြင်းသည် ဒေသခံများမှ ကုမ္ပဏီ အပေါ် ပိုမို အမုန်းပွား စေပြီး ဆွေးနွေး ညှိနှိုင်းမှု များဖြင့် ဒေသခံများ တောင်းဆိုချက် များကို  လိုက်လျော ပေးနိုင်ပါက ခြံစည်းရိုးခတ်မှုကို လက်ခံနိုင်မည် ဖြစ်ကြောင်း  လက်ပတောင်း ဒေသခံ များက ပြောသည်။

မတရားဘူးလို့ ထင်လို့ အခုလို လက်ဗလာနဲ့ တုံ့ပြန်ခဲ့ တာပါ။ မျှမျှတတ လုပ်ဆောင် ရင်တော့ ဘာမှ မပြောပါဘူး။ ကုမ္ပဏီ ကိုလည်း အခုချိန် ထိ ယုံကြည်မှုကို မရှိဘူး။ စီမံကိန်းကို လုပ်နေ တာက လက်နက် ဗန်းပြပြီး အတင်းလုယူ နေတဲ့ ကိုလိုနီ ဆန်ဆန် လုပ်ဆောင် နေတယ်လို့ကို  ထင်တယ်။ လာပြီး ဆွေးနွေးရင်လည်း ဌာနဆိုင်ရာ တွေပဲ လာတယ်။ ကုမ္ပဏီက ဘာမှ လာပြီး မဆွေးနွေးဘူး။ တကယ်လို့ စီမံကိန်းကြီးကို ပြည်သူနဲ့ နိုင်ငံတော် အတွက် တကယ့် စေတနာ အမှန်နဲ့ လုပ်ဆောင် နေတယ်။ ရိုးသားပါတယ် ဆိုရင် လာတွေ့ဆုံ ဆွေးနွေးရဲရ မှာပေါ့။ အခုတော့ ဦးပိုင်က ပုန်းနေတယ် လေ။ ဒေသခံတွေကို မတွေ့ရဲဘူး ဆိုတော့ မရိုးသား လို့ပေါ့ ဟု ဆည်တည်း ကျေးရွာမှ မ၀င်းဝင်းဌေးက The Messenger Media  သို့ ပြောသည်။

ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ အပေါ် ကုမ္ပဏီမှ တာဝန်ခံမှု တာဝန် သိတတ်မှုနှင့် ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ပေးမည် ဆိုပါက အချိန်မရွေး လာရောက် ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာသင့်ကြောင်း၊ တောင်းဆိုချက်များ ပြေလည်ပါက ခြံစည်းရိုးခတ်မှုကို လက်ခံနိုင်မည် ဖြစ်ကြောင်း လည်း သိရသည်။

ခြံစည်းရိုး အတွင်းပါ သွားတဲ့ လယ်ယာမြေတွေ ကိစ္စကို ကုမ္ပဏီက စဉ်းစားနေ ပါတယ်။ သွားပြီး ဆွေးနွေး ရင်လည်း ဘယ်တော့မှ ပြေလည်မှု မရခဲ့ပါဘူး။ ဆက်ဆံရေး ရုံးဖွင့်ပြီး ဒေသခံတွေ တောင်းဆိုချက်တွေကို  ဌာနဆိုင်ရာ ကပဲ တစ်ဆင့် လုပ်ဆောင်ပေး နေတာပါ။ နိုင်ငံတော် ကြေးနီ စီမံကိန်းကြီး ပါ။ နိုင်ငံတော် အတွက် (၅၁) ရာခိုင်နှုန်း ကိုလည်း ရထား ပြီးနေပြီ။ ဘယ် ကိစ္စကို မဆို ရိုးသားပါတယ် ဟု ကြေးနီ စီမံကိန်း(မုံရွာ) တာဝန်ခံ ဦးလှစိန်က The Messenger Media  သို့ ပြောသည်။

Messenger News Journal 

No comments:

Post a Comment