Monday 15 December 2014

ဆစ်ဒနီတွင် သေနတ်သမား တစ်ဦးက လူများကို ကော်ဖီဆိုင်အတွင်း ဖမ်းဆီးထား

သြစတြေးလျ နိုင်ငံ မြို့တော် ဆစ်ဒနီ၏ လူစည်ကားရာ အရပ် မာတင်ပလေ့စ်ရှိ လင်ဒ့်ကဖေး အမည်ရှိ ကော်ဖီဆိုင် တစ်ခုတွင် နဖူး၌ အာရပ်ဘာသာ စကားဖြင့် ရေးထားသော အ၀တ်နက် တစ်ခုကို စည်းနှောင် ထားသည့် သေနတ်သမား တစ်ဦး (တစ်ဦးထက်လည်း ပိုနိုင်) က ၀င်ရောက် စီးနင်းကာ လူ ၂၅ ဦးကို ကော်ဖီဆိုင်အတွင်း ဓားစာခံအဖြစ် ထိန်းသိမ်းထားလျှက် ရှိသည်။

လက်ရှိတွင် အဆိုပါ ဧရိယာ တစ်ဝိုက်ကို လုံခြုံရေး များက ရှင်းလင်းထားပြီး လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် အထူးတပ်ဖွဲ့ဝင်များမှာ ဆိုင်ကို ၀န်းရံထားလျှက် ရှိသည်။ မျက်ရည်လည်ရွှဲ ဖြစ်နေသည့် အမျိုးသမီး သုံးဦးက မှန်ပြူတင်းကို ကပ်ကာ အာရပ်ဘာသာစကားများ ရေးသားထားသည့် အနက်ရောင် အလံတစ်ခုကို ကိုင်ထားသည်ကိုလည်း တွေ့မြင်ရသည်။ ဖမ်းဆီးခံထား ရသည့် လူများမှာ မှန်တံခါးများ ဘက်သို့လှည့်ကာ လက်မြှောက်လျှက် ရပ်နေကြရသည်။

ဓာတ်ပုံ - Daily Mail
Mizzima - News in Burmese  

No comments:

Post a Comment