Monday 15 December 2014

အေသင်ရှိ အစ္စရေးသံရုံး တိုက်ခိုက်ခံရမှုအပေါ်ကုလလုံခြုံရေး ကောင်စီ ပြစ် တင်

Photo: အေသင်ရှိ အစ္စရေးသံရုံး တိုက်ခိုက်ခံရမှုအပေါ်ကုလလုံခြုံရေး ကောင်စီ ပြစ် တင် 
Monday, December 15, 2014

ဂရိနိုင်ငံ အေသင်မြို့ရှိ အစ္စရေး သံရုံးကို ညအချိန် သေနတ်သမားများက တိုက်ခိုက်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီဇင်ဘာ ၁၃ ရက်က ပြစ်တင်လိုက်ပြီး ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးသွားရန် တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၂ ရက်က အေသင်ရှိ အစ္စရေးသံရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရမှုအပေါ် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီက ပြင်းထန်စွာ ပြစ်တင် လိုက်ပြီး ကျူးလွန်သူများကို ဖော်ထုတ်အရေးယူရန် တိုက်တွန်းသည်ဟု ကောင်စီ၏ ဖော်ပြချက်တွင် ပါရှိသည်။ အဆိုပါ သံရုံး အဆောက်အဦ ကို သေနတ်သမားများက အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။ ယခု တိုက်ခိုက်မှုကို လက်ဝဲ၀ါဒီ အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့ဖွယ် ရှိသည်ဟု ဂရိ ရဲများက ပြောကြားသည်။

ဂရိအစိုးရ၏ စုံစမ်းစစ်ဆေးမှုများအပေါ် လုံခြုံရေး ကောင်စီက အသိအမှတ်ပြုခဲ့ပြီး အကြမ်းဖက်မှုသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့သည်။ “ဘယ်သူပဲလုပ်လုပ၊် ဘယ်နေရာမှာပဲဖြစ်ဖြစ၊် ဘယ်လိုလှုံဆော်မှုမျိုးကိုပဲလုပ်လုပ၊် အကြမ်းဖက်မှုဆိုတာ ရာဇ၀တ်မှုဖြစ်ပြီး တရားနည်းလမ်းမကျပါဘူး” ဟု ကောင်စီ၏ ဖော်ပြချက်တွင် ပါရှိသည်။

ယခု တိုက်ခိုက်မှုတွင် ကျူးလွန်သူများ အသုံးပြုခဲ့သည့် ရိုင်ဖယ်နှစ်လက်သည် ပြီးခဲ့သည့် လက လက်ဝဲယိမ်း တိုက်ခိုက်ရေးအဖွဲ့တစ်ခုက ဂျာမန်သံအမတ်တစ်ဦး၏နေအိမ်ကို တိုက်ခိုက်ခဲ့မှုဖြစ်စဉ်တွင် အသုံးပြုခဲ့ကြသည့် လက်နက်များဖြစ်သည်ဟု တာဝန်ရှိ ရဲတစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

သေနတ်သမားများ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် အေသင်မြို့ရှိ အစ္စရေး သံရုံး
သေနတ်သမားများ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် အေသင်မြို့ရှိ အစ္စရေး သံရုံး
ဂရိနိုင်ငံ အေသင်မြို့ရှိ အစ္စရေး သံရုံးကို ညအချိန် သေနတ်သမားများက တိုက်ခိုက်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီဇင်ဘာ ၁၃ ရက်က ပြစ်တင်လိုက်ပြီး ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီး သွားရန် တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၂ ရက်က အေသင်ရှိ အစ္စရေးသံရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရမှုအပေါ် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီက ပြင်းထန်စွာ ပြစ်တင် လိုက်ပြီး ကျူးလွန်သူများကို ဖော်ထုတ်အရေးယူရန် တိုက်တွန်း သည်ဟု ကောင်စီ၏ ဖော်ပြချက်တွင် ပါရှိသည်။ အဆိုပါ သံရုံး အဆောက်အဦ ကို သေနတ်သမားများက အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။ ယခု တိုက်ခိုက်မှုကို လက်ဝဲ၀ါဒီ အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့ဖွယ် ရှိသည်ဟု ဂရိ ရဲများက ပြောကြားသည်။

ဂရိအစိုးရ၏ စုံစမ်းစစ်ဆေးမှုများအပေါ် လုံခြုံရေး ကောင်စီက အသိအမှတ်ပြုခဲ့ပြီး အကြမ်းဖက်မှုသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့သည်။ “ဘယ်သူပဲ လုပ်လုပ၊် ဘယ်နေရာမှာပဲဖြစ်ဖြစ၊် ဘယ်လိုလှုံဆော်မှုမျိုးကိုပဲလုပ်လုပ၊် အကြမ်းဖက်မှုဆိုတာ ရာဇ၀တ်မှု ဖြစ်ပြီး တရားနည်းလမ်းမကျပါဘူး” ဟု ကောင်စီ၏ ဖော်ပြချက်တွင် ပါရှိသည်။

ယခု တိုက်ခိုက်မှုတွင် ကျူးလွန်သူများ အသုံးပြုခဲ့သည့် ရိုင်ဖယ်နှစ်လက်သည် ပြီးခဲ့သည့် လက လက်ဝဲ ယိမ်း တိုက်ခိုက်ရေးအဖွဲ့တစ်ခုက ဂျာမန်သံအမတ်တစ်ဦး၏နေအိမ်ကို တိုက်ခိုက်ခဲ့မှုဖြစ်စဉ်တွင် အသုံးပြု ခဲ့ကြသည့် လက်နက်များဖြစ်သည်ဟု တာဝန်ရှိ ရဲတစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment