Monday 15 December 2014

အ၀ါရောင်အဆင့်လုံခြုံရေးဖြင့် ဆက်လက်စောင့်ကြည့်ဆဲဟုဆို

အာဆီယံထိပ်သီး အစည်းအဝေးကျင်းပချိန်ချမှတ်ခဲ့သည့် အကြမ်းဖက်အန္တရာယ်စောင့်ကြည့်(အ၀ါရောင် အဆင့်) လုံခြုံရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်ထားဆဲဖြစ် ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

‘‘တစ်ကမ္ဘာလုံးအကြမ်းဖက်မှုအခြေအနေတွေအပေါ်မူတည် ပြီး မြန်မာနိုင်ငံမှာလည်း ဒီလုံခြုံရေးအ၀ါရောင် အဆင့်ကို ဆက်လက်ထားရှိထားတာပါ’’ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဇော်ခင်အောင် ကပြော သည်။

အ၀ါရောင်အဆင့် လုံခြုံရေးကို နိုဝင်ဘာ ၁ရက်မှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိထားသော သတင်းအချက်အလက်များအရ လုံခြုံရေးအခြေအနေသည် ပုံမှန်အနေအ ထားမဟုတ်၍ ဆက်လက်ထားရှိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနဌာနမှူးကြီး၊ ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။

‘‘လုံခြုံရေးအင်အားကတော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ နယ်စပ်ကနေ ရေကြောင်း၊ လေကြောင်းနဲ့ ဝင်လာ နိုင်တဲ့ အကြမ်းဖက်မှု အန္တရာယ်တွေကို  ကြိုတင်ကာကွယ်နိုင်အောင်ပြုလုပ်ထားပါတယ်’’ဟု ရဲမှူးချုပ် စိုးမြိုင် ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည့်အကြမ်းဖက်သမားလေးဦး ကို နိုဝင်ဘာ ၁၄ရက်တွင် ဖမ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်ကာ ၎င်းတို့နှင့် ပတ်သက်သည့် သက်သေအထောက်အထားများ ရရှိထား သည်ဟု ဆိုသည်။

7Day DAILY

No comments:

Post a Comment