Monday 15 December 2014

ညတွေမှာ ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ လိုက်နာရမယ့် နည်းလမ်း (၆) သွယ်

Photo: ညတွေမှာ ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ လိုက်နာရမယ့် နည်းလမ်း (၆) သွယ်
Monday, December 15, 2014

ညဘက်တွေ အိပ်မပျော်တာ ကြာပြီ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရတာလည်း ကြာပြီဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ အချက်တွေထဲက တစ်ခုခုကိုများ လုပ်ထားမိလို့လားဆိုတာ စဉ်းစားပါ။ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ သင်လိုက်နာရမယ့် နည်းတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ကဖင်းဓာတ်ပါတဲ့အရာတွေ သောက်ခြင်းကို ဖြတ်လိုက်ပါ။

ကဖင်းဓာတ်ဟာ သင့်ခန္ဓာကိုယ်ထဲမှာ အနည်းဆုံး (၈)နာရီကြာ ရှိနေတတ်ပါတယ်။ ဒီ ကဖင်းဓာတ်ရှိနေပြီဆိုရင် အိပ်ပျော်ဖို့ခဲယဉ်းသွားပါပြီ။ ဒီတော့ ကဖင်းဓာတ်ပါတဲ့ ဆိုဒါတွေ၊ ကော်ဖီတွေသောက်မယ်ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး (၈)နာရီခွာ သောက်သုံးသင့်ပါတယ်။

၂။ကိုယ်လက်လေ့ကျင့်ခန်းကို စောစောလုပ်ပါ။

အိပ်ချိန်နဲ့ကပ်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ဖြစ်ဖို့ မလွယ်တာကြောင့် သင်နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ မဖြစ်နိုင်ပါဘူး။ အိပ်ချိန်နဲ့ (၃)နာရီခွာပြီး လုပ်သင့်ပါတယ်။

၃။အရည်တွေ သောက်သုံးခြင်းကိုလည်း လျှော့ချရပါလိမ့်မယ်။

အရက်သေစာ၊ ဘီယာ၊ အအေး စတာတွေကို အများကြီးသောက်ထားမယ်ဆိုရင် သင့်ခန္ဓာကိုယ်ဟာ ပြည့်အင့်ပြီး အိပ်ရတာ အဆင်မပြေတော့ပါဘူး။ အိပ်တော့မယ်ဆိုမှ အပေါ့ထသွားရတာမျိုးနဲ့ဆိုရင် သင်အိပ်ချင်တဲ့စိတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်။ ဒီတော့ အိပ်ချိန်နဲ့ တစ်နာရီခွာပြီး သောက်သုံးသင့်ပါတယ်။

၎။နည်းပညာတွေဆီက ခဏတာ အနားယူလိုက်ပါ။

ဖုန်းတွေ၊ table တွေ၊ တီဗီတွေကို အိပ်ချိန်မတိုင်ခင် နာရီဝက်လောက်အလိုမှာကတည်းက ပိတ်လိုက်ပါတော့။ အဲ့ဒီကထွက်တဲ့ အပြာရောင်အလင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို အကျိုးသက်ရောက်မှုရှိသွားတာကြောင့် သင့်လွယ်ကူစွာ အိပ်စက်နိုင်ဖို့ အဆင်မပြေပါဘူး။

၅။အိပ်လိုက်၊ နိုးလိုက်မဖြစ်အောင် ကြိုးစားပါ။

သင်ဟာ စိတ်ပူတတ်တဲ့လူ၊ ထရမယ့်အချိန်ကို ကျော်သွားမှာ စိတ်ပူတတ်တဲ့သူဆိုရင် alarm ပေးပြီး အိပ်ပါ။ စိတ်ပူပြီး နာရီကြည့်လိုက်၊ ပြန်အိပ်လိုက် မဖြစ်ပါစေနဲ့။ ဒါဟာ အိပ်ရေးမ၀စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒီတော့ သင့်ရဲ့ alarm ကို သင့်အိပ်ယာနဲ့ လမ်းလျှောက်ပြီး သွားပိတ်ရမယ့်နေရာမှာ ထားလိုက်ပါ။ ဒါဆိုမနက်ကျရင်လည်း ထပြီးသွားပိတ်ရမှာဖြစ်တဲ့အတွက် ပြန်အိပ်ပျော်သွားတာမျိုး မဖြစ်နိုင်တော့ဘူးပေါ့။

Ref:cosmopolitan.com
Trend Myanmar
ညဘက်တွေ အိပ်မပျော်တာ ကြာပြီ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရတာလည်း ကြာပြီဆိုရင် အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေထဲက တစ်ခုခုကိုများ လုပ်ထားမိလို့လားဆိုတာ စဉ်းစားပါ။ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ သင်လိုက်နာရမယ့် နည်းတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ကဖင်းဓာတ်ပါတဲ့အရာတွေ သောက်ခြင်းကို ဖြတ်လိုက်ပါ။
ကဖင်းဓာတ်ဟာ သင့်ခန္ဓာကိုယ်ထဲမှာ အနည်းဆုံး (၈)နာရီကြာ ရှိနေတတ်ပါတယ်။ ဒီ ကဖင်းဓာတ် ရှိနေပြီဆိုရင် အိပ်ပျော်ဖို့ခဲယဉ်းသွားပါပြီ။ ဒီတော့ ကဖင်းဓာတ်ပါတဲ့ ဆိုဒါတွေ၊ ကော်ဖီတွေသောက်မယ် ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး (၈)နာရီခွာ သောက်သုံးသင့်ပါတယ်။

၂။ကိုယ်လက်လေ့ကျင့်ခန်းကို စောစောလုပ်ပါ။
အိပ်ချိန်နဲ့ကပ်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ဖြစ်ဖို့ မလွယ်တာ ကြောင့် သင်နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ မဖြစ်နိုင်ပါဘူး။ အိပ်ချိန်နဲ့ (၃)နာရီခွာပြီး လုပ်သင့်ပါတယ်။

၃။အရည်တွေ သောက်သုံးခြင်းကိုလည်း လျှော့ချရပါလိမ့်မယ်။
အရက်သေစာ၊ ဘီယာ၊ အအေး စတာတွေကို အများကြီးသောက်ထားမယ်ဆိုရင် သင့်ခန္ဓာကိုယ်ဟာ ပြည့်အင့်ပြီး အိပ်ရတာ အဆင်မပြေတော့ပါဘူး။ အိပ်တော့မယ်ဆိုမှ အပေါ့ထသွားရတာမျိုးနဲ့ဆိုရင် သင်အိပ်ချင်တဲ့ စိတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်။ ဒီတော့ အိပ်ချိန်နဲ့ တစ်နာရီခွာပြီး သောက်သုံး သင့်ပါတယ်။

၎။နည်းပညာတွေဆီက ခဏတာ အနားယူလိုက်ပါ။
ဖုန်းတွေ၊ table တွေ၊ တီဗီတွေကို အိပ်ချိန်မတိုင်ခင် နာရီဝက်လောက်အလိုမှာကတည်းက ပိတ်လိုက်ပါ တော့။ အဲ့ဒီကထွက်တဲ့ အပြာရောင်အလင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို အကျိုးသက်ရောက်မှု ရှိသွားတာကြောင့် သင့်လွယ်ကူစွာ အိပ်စက်နိုင်ဖို့ အဆင်မပြေပါဘူး။

၅။အိပ်လိုက်၊ နိုးလိုက်မဖြစ်အောင် ကြိုးစားပါ။
သင်ဟာ စိတ်ပူတတ်တဲ့လူ၊ ထရမယ့်အချိန်ကို ကျော်သွားမှာ စိတ်ပူတတ်တဲ့သူဆိုရင် alarm ပေးပြီး အိပ်ပါ။ စိတ်ပူပြီး နာရီကြည့်လိုက်၊ ပြန်အိပ်လိုက် မဖြစ်ပါစေနဲ့။ ဒါဟာ အိပ်ရေးမ၀စေတဲ့အပြင် ကျန်းမာရေး အတွက် လည်း မကောင်းပါဘူး။ ဒီတော့ သင့်ရဲ့ alarm ကို သင့်အိပ်ယာနဲ့ လမ်းလျှောက်ပြီး သွားပိတ် ရမယ့်နေရာမှာ ထားလိုက်ပါ။ ဒါဆိုမနက်ကျရင်လည်း ထပြီးသွားပိတ်ရမှာဖြစ်တဲ့အတွက် ပြန်အိပ်ပျော်သွား တာမျိုး မဖြစ်နိုင်တော့ဘူးပေါ့။

Ref:cosmopolitan.com
Trend Myanmar 

No comments:

Post a Comment