Monday 15 December 2014

ကျောက်တော်ပဋိပက္ခနှင့် ပတ်သက်၍ ၀ရမ်းထုတ်ထားသူ တစ်ရာကျော်ကို စီမံချက်ဖြင့် ဖမ်းဆီးနေ

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့်ရခိုင်ပြည်နယ် ကျောက်တော်ပဋိပက္ခတရားခံအဖြစ် ရဲတပ်ဖွဲ့က ၀ရမ်း ထုတ်ထားသော ဒေသ ခံတစ်ရာကျော်ကို စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း သတင်းရရှိ သည်။

ရခိုင်ပြည်နယ်၊ ကျောက် တော်မြို့နယ်တွင် ၂၀၁၂  အောက်တိုဘာက ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ များကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့ပြီး ထိုပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ထားသူ များကို ရဲ တပ်ဖွဲ့က လိုက်ဖမ်းနေခြင်းဖြစ် ကြောင်း ကျောက်တော်မြို့မှ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ဒေါ် လှမယ်ကပြောသည်။

‘‘စွပ်စွဲခံရတဲ့သူ စုစုပေါင်း ၁၀၅ ယောက်လို့သိရတယ်။ ရဲက ဖမ်းဖို့အတွက် စာထုတ်တယ်လို့ ပြောတယ်။ ရဲက တရားခံပြေးဖမ်းဖို့လာတယ်။ ရွာကလူတွေ ပြေးနေရတယ်’’ဟု ဒေါ်လှမယ်က ပြောသည်။ ၀ရမ်းပြေး အဖြစ် စာရင်းထုတ်ထားသူများမှာလည်း ပဋိပက္ခတွင် အမှန်တကယ်ပါဝင်ခဲ့သူများမဟုတ်ဘဲ အချို့မှာ ထို အချိန်က ကျောက်တော်မြို့တွင် ပင်ရှိမနေကြောင်း ဒေါ်လှမယ် ကဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှုခင်း ဌာနမှ ရဲအရာရှိကြီးတစ်ဦးက ကျောက်တော်ပဋိပက္ခနှင့် ပတ် သက်၍ ၀ရမ်း ထုတ်ထားသူများကို စီမံချက်ဖြင့် ဖမ်းဆီးနေသည်မှာ မှန်ကန်ပြီး ရဲတပ်ဖွဲ့ကပြုလုပ် နေသည့် ပြေးလေးပြေး တရားခံ များကို စီမံချက်ဖြင့် ဖမ်းဆီးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောသည်။

‘‘ပြေးလေးပြေးဖြစ်တဲ့ တပ်ပြေး၊ ရဲဘက်ပြေး၊ ၀ရမ်းပြေးနဲ့ တရားခံပြေးဆိုတာက ကာလ သတ်မှတ်ချက် မရှိဘူး။ နောက် ထပ်အကြမ်းဖက်လုပ်ရပ်တွေလည်း မလုပ်နိုင်အောင်၊ နောက်ပြီး သူတို့တွေက ဥပဒေ အတိုင်း အရေးယူမှုကို ခံကိုခံရမယ်။ ဒါ ကြောင့်ဥပဒေအတိုင်း အရေးယူမှုကို ဆက်လုပ်သွားမှာပါ။ ဒါက ရဲတပ်ဖွဲ့ရဲ့ မူလတာဝန်ပါ’’ဟု ပြောသည်။

ဝရမ်းထုတ်ထားသူ တစ်ရာ ကျော်အနက် လေးဦးကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း ကျောက် တော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

သုံးနှစ်ခန့်ကြာမှ ကျောက် တော်ပဋိပက္ခတွင် ပါဝင်သည် ဟုဆိုကာ ရဲတပ်ဖွဲ့က ဒေသခံ ရခိုင်လူမျိုးများအား လိုက်လံဖမ်း ဆီးနေမှုကို ရခိုင်လူမှုအဖွဲ့အ စည်းများအနေဖြင့် ကန့်ကွက် ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်း ကပြောသည်။

‘‘အခုကိစ္စမှာ ကျောက်တော် ရဲရဲ့ လုပ်ဆောင်ချက်တွေကို မနှစ်မြို့ဘူးဗျ။ တရားခံဖမ်းတဲ့ ပုံစံထက် ငွေ ညှစ်တဲ့ ပုံစံပိုပေါက် နေတယ်ဗျ။ ဆိုပါတော့ ဒေသခံ တစ်ယောက်ကို မင်းတရားခံပါဆို ပြီး စွပ်စွဲ၊ ခြောက် လှန့်။ သူတို့ကို ကြောက်ပြီး အဖမ်းမခံရအောင် အ၀င်အထွက်လုပ်နေရတာတွေ ရှိတယ်လို့ ကြားတယ်။ မျှမျှတတ ဖြစ်ဖို့တော့လိုတယ်‘’ဟု ၎င်းကပြော သည်။

ယခုကဲ့သို့ ၀ရမ်းထုတ်ထား သည့် ကျောက်တော်မြို့ ဒေသ ခံများအား စီမံချက်ဖြင့် ဖမ်းဆီး နေခြင်းကို ပြန် လည် စိစစ်ပေးရန် ဒေသခံမြို့မိ မြို့ဖများနှင့် ရခိုင်အင်အားစုများက ဒီဇင်ဘာ ၁၁ ရက်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ သွားရောက် တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment