Monday 15 December 2014

ရွှေတောင်တွင် လိုက်ထရပ်ကားနှင့် ကျောက်တင်ယာဉ်တိုက်မိ အမျိုးသမီးတစ်ဦးသေဆုံး

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ရန်ကုန်-ပြည် ကားလမ်းမတွင် ဒီဇင်ဘာ ၁၃ ရက်က လိုက်ထရပ် ကားနှင့် ကျောက်တင် ခြောက်ဘီးကားတစ်စီး တိုက်မိခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ်ပါလာသော အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ရွှေတောင်မြို့ ထန်းကုန်းအုပ်စု ဝါးတောသာကျေးရွာထိပ် လမ်းဆုံ မိုင်တိုင်အမှတ် ၁၆၁/၆ နှင့် ၁၆၁/၇ အကြားရန်ကုန်- ပြည်လမ်းမပေါ်တွင်ရန်ကုန် ဘက်သို့ မောင်းနှင်လာသော အဖြူရောင် လိုက်ထရပ် ကားနှင့်ပြည်ဘက်သို့ မောင်းနှင်လာသော ကျောက်တင်ယာဉ် ခြောက်ဘီးကား အပြာရောင်တို့ မျက်နှာ ချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။ကျောက်တင်ယာဉ်က တစ်ဖက်ယာဉ်ကြောသို့ကျော်ဝင် မောင်းနှင် မှုကြောင့် တိုက်မိခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်း ကဆိုသည်။

ထိုသို့တိုက်မိခဲ့ရာ လိုက်ထရပ်ကား ခေါင်းခန်းတွင် လိုက်ပါလာသည့် ခရီးသည် ဒေါ်ကြည်ကြည်ဝင်း ၆၅နှစ် ဇီးကုန်းမြို့နေသူသည် ဝဲဘက်ပါး စောင်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ခြေသလုံး ကြေမွဒဏ်ရာများဖြင့် သေဆုံး ခဲ့ပြီး လိုက်ထရပ်ယာဉ်မောင်း အပါအဝင် လိုက်ထရပ်ပေါ် လိုက်ပါလာသည့် အခြားခရီးသည် ၇ဦး လည်း ဒဏ်ရာ ရရှိခဲ့သည်။

ထို့ကြောင့် ရွှေတောင်မြို့မ ရဲစခန်းတွင် ကျောက်တင်ခြောက်ဘီးယာဉ်မောင်း (စုံစမ်းဆဲ)ကို ယာဉ်(ပ) ၂၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄က/ ၃၃၇/၃၃၈ အမှုဖွင့် ထားပြီးကျောက် တင်ယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်နေ သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment