Monday 15 December 2014

KIA အဖွဲ့မှ ခရစ္စမတ်ကာလတွင် တပ်ဖွဲ့ဝင်တစ်ဦးလျှင် လူသစ် ၅ ဦးနှုန်း စုဆောင်းခိုင်း

Photo: KIA အဖွဲ့မှ ခရစ္စမတ်ကာလတွင် တပ်ဖွဲ့ဝင်တစ်ဦးလျှင် လူသစ် ၅ ဦးနှုန်း စုဆောင်းခိုင်း 
Monday, December 15, 2014

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ နှစ်ခြင်းခရစ်ယာန် အသင်းတော် ဘုရားရှိခိုးကျောင်း ခန်းမဆောင်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့၌ ကျင်းပမည့် ခရစ္စမတ်ပွဲတော်အတွက် KIA ခေါင်းဆောင်တစ်ချို့နှင့် နှစ်ခြင်းအသင်းတော် မှ ဓမ္မဆရာ/ဆရာမများ တို့ တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းရရှိပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ခရစ္စမတ်ကာလအတွင်း အထူးအစီအစဉ်အနေဖြင့် KIA တပ်ဖွဲ့ဝင် ၁ ဦးလျှင် လူသစ် ၅ ဦး စည်းရုံးစုဆောင်းနိုင်ရန် စီစဉ်နေကြောင်းနှင့် နှစ်ခြင်းခရစ်ယာန် အသင်းတော် ဓမ္မဆရာ/ဆရာမများအနေဖြင့် ပညာတတ်လူငယ်များအား စည်းရုံးပြောဆိုပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် KIA ဗဟိုဌာနချုပ်တွင် ဖွင့်လှစ်မည့် ဆေးသင်တန်းသို့ တက်ရောက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်မှုရှိသူ တစ်ဦးမှ ပြောသည်။

“KIA ခေါင်းဆောင်တွေ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ရှိတယ်။ ဆွေးနွေးမှု အဆင်မပြေခဲ့ရင် အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်နိုင်ဖို့ စီစဉ်နေတာ ဖြစ်မယ်။ ဒီလထဲမှာ လူသစ်တွေ အရမ်းစုလာတယ်။ ခရစ္စမတ် ပွဲတော် မတိုင်ခင် KIA တပ်ဖွဲ့ဝင် တစ်ဦးကို လူသစ် ၅ ဦး စုဆောင်းရ မယ်လို့ လည်း ကြားတယ်။ ဘယ်သူတွေ ပါသွားအုံးမလဲ မသိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးနေ တာလည်း အတော်ကြာနေပြီ။ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေး ဘူး” ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

၎င်းဆွေးနွေးပွဲ တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့၌ ကျင်းပမည့် ခရစ္စမတ်ပွဲတော်နေ့ တွင် KIA တပ်ဖွဲ့ဝင်ရှိ အရာရှိအဆင့်ရှိ သူကို ငွေ ၅၀၀၀၀ ကျပ် နှင့် အခြား အဆင့် ရှိသူ ကို ငွေ ၃၀၀၀၀ ကျပ် ထောက်ပံ့ပေး ရန် နှစ်ခြင်းအသင်းတော် မှ ဓမ္မ ဆရာများကို ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

အစိုးရစစ်တပ်နဲ့ ငြိမ်းချမ်းရေး ရယူထားခြင်းမရှိသေးသော KIA လက်နက်ကိုင် အဖွဲ့သည် ယခု ရက်ပိုင်းတွင် KIA ဦးဆောင်သည့် မဟာမိတ် တပ်ပေါင်းအဖွဲ့တို့ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး KIA အနေဖြင့် ဆက်လက်ပြီး တိုက်ပွဲဝင်နိုင်ရေးအတွက် လူသစ်များစုဆောင်းကာ စစ်ရေးများ ဆက်တိုက် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

မိန်းတောင်ဘု
Credit to KDN
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ နှစ်ခြင်းခရစ်ယာန် အသင်းတော် ဘုရားရှိခိုးကျောင်း ခန်းမဆောင်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့၌ ကျင်းပမည့် ခရစ္စမတ်ပွဲတော်အတွက် KIA ခေါင်းဆောင်တစ်ချို့နှင့် နှစ်ခြင်း အသင်းတော် မှ ဓမ္မဆရာ/ဆရာမများ တို့ တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းရရှိ ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ခရစ္စမတ်ကာလအတွင်း အထူးအစီအစဉ်အနေဖြင့် KIA တပ်ဖွဲ့ဝင် ၁ ဦးလျှင် လူသစ် ၅ ဦး စည်းရုံးစုဆောင်းနိုင်ရန် စီစဉ်နေကြောင်းနှင့် နှစ်ခြင်းခရစ်ယာန် အသင်းတော် ဓမ္မဆရာ/ဆရာမများအနေဖြင့် ပညာတတ်လူငယ်များအား စည်းရုံးပြောဆိုပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် KIA ဗဟိုဌာနချုပ်တွင် ဖွင့်လှစ်မည့် ဆေးသင်တန်းသို့ တက်ရောက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်မှုရှိသူ တစ်ဦးမှ ပြောသည်။

“KIA ခေါင်းဆောင်တွေ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ရှိတယ်။ ဆွေးနွေးမှု အဆင်မပြေခဲ့ရင် အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်နိုင်ဖို့ စီစဉ်နေတာ ဖြစ်မယ်။ ဒီလထဲမှာ လူသစ်တွေ အရမ်းစုလာတယ်။ ခရစ္စမတ် ပွဲတော် မတိုင်ခင် KIA တပ်ဖွဲ့ဝင် တစ်ဦးကို လူသစ် ၅ ဦး စုဆောင်းရ မယ်လို့ လည်း ကြားတယ်။ ဘယ်သူတွေ ပါသွားအုံးမလဲ မသိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးနေ တာလည်း အတော်ကြာနေပြီ။ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေး ဘူး” ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

၎င်းဆွေးနွေးပွဲ တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့၌ ကျင်းပမည့် ခရစ္စမတ်ပွဲတော်နေ့ တွင် KIA တပ်ဖွဲ့ဝင်ရှိ အရာရှိအဆင့်ရှိ သူကို ငွေ ၅၀၀၀၀ ကျပ် နှင့် အခြား အဆင့် ရှိသူ ကို ငွေ ၃၀၀၀၀ ကျပ် ထောက်ပံ့ပေး ရန် နှစ်ခြင်းအသင်းတော် မှ ဓမ္မ ဆရာများကို ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

အစိုးရစစ်တပ်နဲ့ ငြိမ်းချမ်းရေး ရယူထားခြင်းမရှိသေးသော KIA လက်နက်ကိုင် အဖွဲ့သည် ယခု ရက်ပိုင်း တွင် KIA ဦးဆောင်သည့် မဟာမိတ် တပ်ပေါင်းအဖွဲ့တို့ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန် စွာဖြစ် ပွား လျက်ရှိပြီး KIA အနေဖြင့် ဆက်လက်ပြီး တိုက်ပွဲဝင်နိုင်ရေးအတွက် လူသစ်များစုဆောင်းကာ စစ်ရေးများ ဆက်တိုက် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

မိန်းတောင်ဘု
Credit to KDN 

No comments:

Post a Comment