Monday 15 December 2014

လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့်စာတွင် ထိရောက်မှုရှိသည့် သက်သေ အထောက်အထားများမပါရှိဟု ပြော

Photo: လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့်စာတွင် ထိရောက်မှုရှိသည့်
သက်သေ အထောက်အထားများမပါရှိဟု ပြော
Monday, December 15, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် တရားခံ အဖြစ် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦး၏ အမှုမှန် ပေါ်ပေါက်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ထံသို့ ကာယကံရှင်နှစ် ဦးက စာရေးသားတောင်းဆိုမှုတွင် ထိရောက်မှုရှိသည့် သက်သေအ ထောက်အထားများ မပါရှိကြောင်း NLD ပြောခွင့်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြော သည်။

''သူတို့ပို့တဲ့စာက သူတို့အနေ နဲ့ မိဘကို လုပ်ကျွေးနေရတယ်။ ပြ ဿနာကို ကူညီစေချင်တယ် ဒီလောက် ပဲပါတယ်။ အကိုးအကားနဲ့ သက်သေ အထောက်အထားနဲ့ ဘာမှပါမလာ ဘူး။ ဆိုလိုချင်တာက အချက်အ လက် အထောက်အထား ခိုင်ခိုင်လုံ လုံရှိတဲ့ လူပုဂ္ဂိုလ်ဖြစ်စေပေါ့ ဒါမျိုး ဘာမှ ပါမလာဘူး။ အဲလိုဆိုတော့ ကျွန်တော်တို့အနေနဲ့ လုပ်ရကိုင်ရ တာ အခက်အခဲရှိတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ဥပဒေနဲ့ညီအောင် လုပ်ရမှာပဲ''ဟု ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် မီဒီယာများ၏မေးမြန်းမှုကို ယင်း ကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

လိပ်ကျွန်း လူသတ်မှုတွင် တရား ခံအဖြစ် စွပ်စွဲခံထားရသူ နှစ်ဦးကို ယခုလဆန်းပိုင်းက ထောင်ဝင်စာသွား ရောက် တွေ့ဆုံစဉ်တွင် ၄င်းတို့နှစ် ဦးမှ ဒေါ်အောင်ဆန်းစုကြည်အ တွက်ဟု လိပ်မူရေးသားကာ(MWRN)သို့ လူကြုံပါးပေးပို့လိုက်ခြင်း ဖြစ်သည်။

ပေးပို့လိုက်သော စာတွင် ''ဒီ ဖြစ်ရပ်ဟာ သားတို့နှစ်ယောက်နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့် မို့လို့ သားတို့နှစ်ယောက် ဖြစ်ပျက် နေတဲ့ ပြဿနာကို ကူညီစေချင်တယ်။ သားတို့မဟုတ်တဲ့အတွက် ထောင် ထဲမှာ မနေချင်ပါဘူး''ဟု စွပ်စွဲဖမ်း ဆီးခံထားရသူနှစ်ဦးက ရေးသား ထားသည်။

ထို့ပြင် ၄င်းတို့နှစ်ဦးအနေဖြင့် မိဘ၊ အဘိုးအဘွားများကို ရှာဖွေ ကျွေးမွေးနေရသူများဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသည့်အတွက် မိဘ များကို ပြုစုစောင့်ရှောက်မည့်သူမရှိ တော့သည့်အတွက် အမှုမှအမြန်လွတ် မြောက်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကူညီပေးစေလိုကြောင်း ရေးသားထားသည်။

SYMZ,YM
Yangon Media Group
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် တရားခံ အဖြစ် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦး၏ အမှုမှန် ပေါ်ပေါက်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ထံသို့ ကာယကံရှင်နှစ် ဦးက စာရေးသားတောင်းဆိုမှုတွင် ထိရောက်မှုရှိသည့် သက်သေအ ထောက်အထားများ မပါရှိကြောင်း NLD ပြောခွင့်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

''သူတို့ပို့တဲ့စာက သူတို့အနေ နဲ့ မိဘကို လုပ်ကျွေးနေရတယ်။ ပြ ဿနာကို ကူညီစေချင်တယ် ဒီလောက် ပဲပါတယ်။ အကိုးအကားနဲ့ သက်သေ အထောက်အထားနဲ့ ဘာမှပါမလာ ဘူး။ ဆိုလိုချင်တာက အချက်အ လက် အထောက်အထား ခိုင်ခိုင်လုံ လုံရှိတဲ့ လူပုဂ္ဂိုလ်ဖြစ်စေပေါ့ ဒါမျိုး ဘာမှ ပါမလာဘူး။ အဲလိုဆိုတော့ ကျွန်တော်တို့အနေနဲ့ လုပ်ရကိုင်ရ တာ အခက်အခဲရှိတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ဥပဒေနဲ့ညီအောင် လုပ်ရမှာပဲ''ဟု ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် မီဒီယာများ၏မေးမြန်းမှုကို ယင်း ကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

လိပ်ကျွန်း လူသတ်မှုတွင် တရား ခံအဖြစ် စွပ်စွဲခံထားရသူ နှစ်ဦးကို ယခုလဆန်းပိုင်းက ထောင်ဝင်စာသွား ရောက် တွေ့ဆုံစဉ်တွင် ၄င်းတို့နှစ် ဦးမှ ဒေါ်အောင်ဆန်းစုကြည်အ တွက်ဟု လိပ်မူရေးသားကာ(MWRN)သို့ လူကြုံပါးပေးပို့လိုက်ခြင်း ဖြစ်သည်။

ပေးပို့လိုက်သော စာတွင် ''ဒီ ဖြစ်ရပ်ဟာ သားတို့နှစ်ယောက်နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့် မို့လို့ သားတို့ နှစ်ယောက် ဖြစ်ပျက် နေတဲ့ ပြဿနာကို ကူညီစေချင်တယ်။ သားတို့မဟုတ်တဲ့အတွက် ထောင် ထဲမှာ မနေချင်ပါဘူး''ဟု စွပ်စွဲဖမ်း ဆီးခံထားရသူနှစ်ဦးက ရေးသား ထားသည်။

ထို့ပြင် ၄င်းတို့နှစ်ဦးအနေဖြင့် မိဘ၊ အဘိုးအဘွားများကို ရှာဖွေ ကျွေးမွေးနေရသူများဖြစ်ကြောင်း၊ ဖမ်းဆီး ခံထားရသည့်အတွက် မိဘ များကို ပြုစုစောင့်ရှောက်မည့်သူမရှိ တော့သည့်အတွက် အမှုမှအမြန်လွတ် မြောက်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကူညီပေးစေလိုကြောင်း ရေးသားထားသည်။

SYMZ,YM
Yangon Media Group

No comments:

Post a Comment