Monday 15 December 2014

ယောက်ဖချင်းဓားထိုးမှုဖြစ်၍ ရသေ့တောင်မြို့နယ်တွင် တစ်ဦးသေ

ရသေ့တောင်မြို့နယ်တွင်  အရက်မူးရာမှ ယောက်ဖချင်းဓားထိုးမှုဖြစ်၍ တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ သည် ဟု သတင်း ရရှိသည်။

သေဆုံးသွားခဲ့သူမှာ ရသေ့တောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ ဦးဝင်းဖေ (၄၁ နှစ်)ဖြစ်ပြီး  သူ၏ ဇနီးဖြစ်သူ ၏ အစ်ကို  ခိုင်ရွှေမောင် (၅၆ နှစ်)က ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၆ နာရီကျော်ခန့် အချိန်တွင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“သူတို့နှစ်ယောက်ဟာ အိမ်နီးနားချင်းတွေဖြစ်သလို ယောက်ဖချင်းလည်းဖြစ်ပါတယ်။ အရင်က တည်း ကနေ ရန်ငြိုးတွေရှိတယ်လို့သိရတယ်။ အခင်းဖြစ်ချိန်မှာတော့ နှစ်ယောက်လုံး မူးနေပါတယ်”ဟု သရက်ပြင် ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဓားထိုးခံရသူ၏ ဝဲဘက်နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ် ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရသေ့တောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ လူသတ်မှု ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း သို့သော် လည်း နယ်ခြားစောင့်ရဲအပိုင် ဖြစ်သဖြင့် သူတို့အနေဖြင့် အသေးစိတ် ပြောဆိုခွင့် မရှိကြောင်း ပြောဆို သည်။

လူသတ်မှုကျူးလွန်သူမှာ လက်ရှိအချိန်ထိ ထွက်ပြေး လွတ်မြောက်နေ သည်ဟု သက်ဆိုင်ရာက အတည်ပြု ပြောဆိုသည်။

နိရဉ္စရာ

No comments:

Post a Comment