Monday 15 December 2014

ဆွီဒင်၌ အချက်ပြကိရိယာများပိတ်၍ ပျံသန်းနေသော ရုရှားစစ်လေယာဉ်နှင့် ခရီးသည်တင်လေယာဉ်တစ်စင်း ဝင်တိုက်လုနီးပါးဖြစ်

Photo: ဆွီဒင်၌ အချက်ပြကိရိယာများပိတ်၍ ပျံသန်းနေသော ရုရှားစစ်လေယာဉ်နှင့် ခရီးသည်တင်လေယာဉ်တစ်စင်း ဝင်တိုက်လုနီးပါးဖြစ်
Monday, December 15, 2014

ဆွီဒင်လေပိုင်နက်အတွင်း ရေ ဒါတွင်မပေါ်ရန် အချက်ပြကိရိယာ ပိတ်၍ မောင်းနှင်လာသော ရုရှားစစ် လေယာဉ်တစ်စင်းသည် ခရီးသည် တင်လေယာဉ်တစ်စင်းနှင့် ဝင်တိုက် လုနီးပါးဖြစ်ခဲ့ကြောင်း ဆွီဒင်အာဏာ ပိုင်များက သောကြာနေ့တွင် ပြော ကြားခဲ့သည်ကို The Guardian သ တင်းတွင် ဖော်ပြထားသည်။

ထိုဖြစ်ရပ်သည် ဆွီဒင်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုရှားစစ်လေယာဉ်သည် ကိုပင်ဟေ ဂင်မြို့မှ ပျံတက်လာသော ခရီးသည် တင်လေယာဉ်နှင့်ဝင်တိုက်ရန် အ နည်းငယ်သာ လိုခဲ့သည်ဟု ဆွီဒင် အာဏာပိုင်များက သောကြာနေ့တွင် ပြောသည်။

ဆွီဒင်လေတပ်အကြီး အကဲဗိုလ်ချုပ်ကြီး မိုက်ကယ်ဘိုင်ဒင် ကလည်း အချက်ပြကိရိယာများ ပိတ်ထားသော လေယာဉ်နောက်သို့ ဆွီဒင်ဂျက်လေယာဉ်များဖြင့် လိုက် ခဲ့ရာ ယင်းသည် ရုရှားထောက်လှမ်း ရေး လေယာဉ်ဖြစ်ကြောင်းကို အတည် ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

''ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပါ၊ လက်မခံနိုင်စရာပါဘဲ။ အချက်ပြ ကိရိယာတွေကို ပိတ်ပြီးမောင်းရင် အန္တရာယ်ဖြစ်မှာပါပဲ''ဟုလည်း ဆွီ ဒင်ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

သို့သော် ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စနေနေ့အထိ ရုရှားနိုင်ငံဘက်မှ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိ သေးပေ။

ထိုသို့ ဝင်တိုက်တော့မလို ဖြစ် ပြီးနောက် ခရီးသည်တင်လေယာဉ် သည် လမ်းကြောင်းပြောင်းကာ ပို လန်သို့ ဆင်းသက်ခဲ့ရကြောင်း ဆွီ ဒင်နှင့် ဒိန်းမတ်မီဒီယာများ၌ ဖော် ပြကြသော်လည်း လေယာဉ်သည် မည်သည့် လေကြောင်းလိုင်းမှ ဖြစ် ပြီး လေယာဉ်ပေါ်တွင် ခရီးသည် မည်မျှပါဝင်သည်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သို့သော် သောကြာနေ့ဖြစ် ရပ်သည် ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး လွန်ခဲ့သောမတ်လ တွင်လည်း အချက်ပြကိရိယာများ မပါသော ရုရှားလေယာဉ်တစ်စင်း သည် ကိုပင်ဟေဂင်မှပင် ပျံတက် လာသော SAS လေယာဉ်တစ်စင်း နှင့် ဝင်တိုက်မိရန် ကိုက် ၁ဝဝ အကွာ သို့ ရောက်ရှိလာခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီးဘိုင်ဒန်က ပြောသည်။

မကြာသေးမီလများအတွင်း ဘောလ် တစ်ပင်လယ်ဒေသအတွင်း ရုရှား၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများ မြင့် တက်လာပြီး နေတိုးအဖွဲ့ဝင်မဟုတ် သော ဆွီဒင်နိုင်ငံတွင် စိုးရိမ်မှုများမြင့် တက်လာစေခဲ့သည်။

Ref: The Guardian
Yangon Media Group
ဆွီဒင်လေပိုင်နက်အတွင်း ရေဒါတွင်မပေါ်ရန် အချက်ပြကိရိယာပိတ်၍ မောင်းနှင်လာသော ရုရှားစစ် လေယာဉ်တစ်စင်းသည် ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် ဝင်တိုက်လုနီးပါးဖြစ်ခဲ့ကြောင်း ဆွီဒင်အာဏာ ပိုင်များက သောကြာနေ့တွင် ပြော ကြားခဲ့သည်ကို The Guardian သ တင်းတွင် ဖော်ပြထားသည်။

ထိုဖြစ်ရပ်သည် ဆွီဒင်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုရှားစစ်လေယာဉ်သည် ကိုပင်ဟေ ဂင်မြို့မှ ပျံတက်လာသော ခရီးသည် တင်လေယာဉ်နှင့်ဝင်တိုက်ရန် အ နည်းငယ်သာ လိုခဲ့သည်ဟု ဆွီဒင် အာဏာပိုင်များက သောကြာနေ့တွင် ပြောသည်။

ဆွီဒင်လေတပ်အကြီး အကဲဗိုလ်ချုပ်ကြီး မိုက်ကယ်ဘိုင်ဒင် ကလည်း အချက်ပြကိရိယာများ ပိတ်ထားသော လေယာဉ်နောက်သို့ ဆွီဒင်ဂျက်လေယာဉ်များဖြင့်လိုက်ခဲ့ရာ ယင်းသည် ရုရှားထောက်လှမ်းရေး လေယာဉ် ဖြစ်ကြောင်းကို အတည် ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

''ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပါ၊ လက်မခံနိုင်စရာပါဘဲ။ အချက်ပြ ကိရိယာတွေကို ပိတ်ပြီးမောင်းရင် အန္တရာယ် ဖြစ်မှာပါပဲ''ဟုလည်း ဆွီ ဒင်ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

သို့သော် ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စနေနေ့အထိ ရုရှားနိုင်ငံဘက်မှ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိ သေးပေ။

ထိုသို့ ဝင်တိုက်တော့မလို ဖြစ် ပြီးနောက် ခရီးသည်တင်လေယာဉ် သည် လမ်းကြောင်းပြောင်းကာ ပို လန်သို့ ဆင်းသက်ခဲ့ရကြောင်း ဆွီ ဒင်နှင့် ဒိန်းမတ်မီဒီယာများ၌ ဖော် ပြကြသော်လည်း လေယာဉ်သည် မည်သည့် လေကြောင်းလိုင်းမှ ဖြစ် ပြီး လေယာဉ်ပေါ်တွင် ခရီးသည် မည်မျှပါဝင်သည်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သို့သော် သောကြာနေ့ဖြစ် ရပ်သည် ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး လွန်ခဲ့သောမတ်လ တွင်လည်း အချက်ပြကိရိယာများ မပါသော ရုရှားလေယာဉ်တစ်စင်း သည် ကိုပင်ဟေဂင်မှပင် ပျံတက် လာသော SAS လေယာဉ်တစ်စင်း နှင့် ဝင်တိုက်မိရန် ကိုက် ၁ဝဝ အကွာ သို့ ရောက်ရှိလာခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီး ဘိုင်ဒန်က ပြောသည်။

မကြာသေးမီလများအတွင်း ဘောလ် တစ်ပင်လယ်ဒေသအတွင်း ရုရှား၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများ မြင့် တက်လာပြီး နေတိုးအဖွဲ့ဝင်မဟုတ် သော ဆွီဒင်နိုင်ငံတွင် စိုးရိမ်မှုများမြင့် တက်လာစေခဲ့သည်။

Ref: The Guardian
Yangon Media Group 

No comments:

Post a Comment