Monday 15 December 2014

မိတ္တီလာဒုက္ခသည်စခန်းများတွင်ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေ

Photo: မိတ္တီလာဒုက္ခသည်စခန်းများတွင်ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP)
ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေ
Saturday, December 13, 2014

မန္တလေးတိုင်းဒေသကြီး မီတ္တီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင်
ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) ကထောက်ပံ့မှု ရပ်ဆိုင်း
လိုက်ခြင်းကြောင့်အခက်အခဲ ကြုံတွေ့လျက်ရှိသည်။
မီတ္တီလာပြဿနာများ ပေါ်ပေါက်ပြီး တစ်နှစ်ခွဲအကြာတွေ နိုင်ငံတော်မှ မြေနေရာများ ပြန်လည်ချပေးထားသော်လည်း ယနေ့အချိန်ထိ ၏အဆောက်အအုံ ဆောက်လုပ်နိုင်ခြင်းမရှိသေးသဖြင့် အချို့ဒုက္ခသည်များ မိမိတို့ နေရပ်သို့ ပြောင်းလဲနေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိ ဒုက္ခသည် စခန်းများတွေ ရှိနေသည့် ဒုက္ခသည်များသည် လက်တလော ရေ ရရှိမ ခက်ခဲနေ၍ သက်ဆိုင်ရာမှ လာရောက်ဆောင်ရွက်ပေးစေလိုကြောင်း မီတ္တီလာမြို့ရှိ ဒုက္ခသည်တစ်ဦးက ပြောသည်။

""ညီမလေးတို့က နေရာတော့ရပြီပေါ့ ဝင်းထရံ ခတ်ခွင့်တော့ ပေးထားတယ်။ ဒါပေမယ့် နေခွင့်ဆောက်မိန့်မပေးသေးဘူးဆောက်မိန့်ပေးရင်လည်း ကိုယ့်ဟာကို တဲထိုးပြီးနေမယ်ပေါ့ ဒါပေမယ့် အထက်ကဆောက်မိန့်မပေးသေး တဲ့အတွက် ဒီထဲမှာဘဲနေနေ ရတယ်ဟု "" အုတ်ဖိုဒုက္ခသည်စခန်းတွေနေထိုင်သူ မဇင်မာကပြောပါသည။်
ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) က အစားအသောက် ထောက်ပံမူရပ်ဆိုင်းလိုက်သည့်အတွက် အချို့ဒုက္ခသည်တွေ လုံးဝကိုအဆင်မ
ပြေဘူး။ တစ်နေ့ကို ထမင်း တစ်ဘူးနှစ်ဘူး ဘဲ ချက်တဲ့မိသားစုတွေရှိတယ်ဟု ၄င်း ကဆက်လက်ရှင်းပြခဲ့ပါသည်။

ခွန်လတ်
Popular Myanmar News Journal
မန္တလေးတိုင်းဒေသကြီး မီတ္တီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့်အခက်အခဲ ကြုံတွေ့လျက်ရှိသည်။
မီတ္တီလာပြဿနာများ ပေါ်ပေါက်ပြီး တစ်နှစ်ခွဲအကြာတွေ နိုင်ငံတော်မှ မြေနေရာများ ပြန်လည်ချပေး ထားသော်လည်း ယနေ့အချိန်ထိ ၏အဆောက်အအုံ ဆောက်လုပ်နိုင်ခြင်းမရှိသေးသဖြင့် အချို့ ဒုက္ခသည် များ မိမိတို့ နေရပ်သို့ ပြောင်းလဲနေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိ ဒုက္ခသည် စခန်းများတွေ ရှိနေသည့် ဒုက္ခသည်များသည် လက်တလော ရေရရှိမခက်ခဲနေ၍ သက်ဆိုင်ရာမှ လာရောက်ဆောင်ရွက်ပေးစေလိုကြောင်း မီတ္တီလာမြို့ရှိ ဒုက္ခသည်တစ်ဦးက ပြောသည်။

""ညီမလေးတို့က နေရာတော့ရပြီပေါ့ ဝင်းထရံ ခတ်ခွင့်တော့ ပေးထားတယ်။ ဒါပေမယ့် နေခွင့် ဆောက် မိန့်မပေးသေးဘူးဆောက်မိန့်ပေးရင်လည်း ကိုယ့်ဟာကို တဲထိုးပြီးနေမယ်ပေါ့ ဒါပေမယ့် အထက်က ဆောက် မိန့်မပေးသေး တဲ့အတွက် ဒီထဲမှာဘဲနေနေ ရတယ်ဟု "" အုတ်ဖို ဒုက္ခသည် စခန်းတွေ နေထိုင် သူ မဇင်မာကပြောပါသည။် 

ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) က အစားအသောက် ထောက်ပံမူရပ်ဆိုင်းလိုက်သည့်အတွက် အချို့ ဒုက္ခသည်တွေ လုံးဝကိုအဆင်မပြေဘူး။ တစ်နေ့ကို ထမင်း တစ်ဘူးနှစ်ဘူး ဘဲ ချက်တဲ့မိသားစုတွေ ရှိတယ် ဟု ၄င်း ကဆက်လက်ရှင်းပြခဲ့ပါသည်။

ခွန်လတ်
Popular Myanmar News Journal

No comments:

Post a Comment