Monday 15 December 2014

မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး အစိုးရတာဝန်ယူမှု အားနည်းနေဟုဝေဖန်

Photo: မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး အစိုးရတာဝန်ယူမှု အားနည်းနေဟု
ဝေဖန်
Monday, December 15, 2014

 မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအရေး အစိုးရတာဝန်ယူမှု အားနည်း နေသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) နည်းပညာ အရာရှိ Ms. Tackie Pollock က ဒီဇင်ဘာလ ၁၄ ရက် က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဝေဖန်လိုက်သည်။

ဒီဇင်ဘာလ ၁၈ ရက်တွင်ကျရောက်မည့် ဆဋ္ဌမအကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားများနေ့ အကြို အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

မြန်မာအိမ်အကူနှင့် ပတ်သက်သည့် ပြဿနာများ နိုင်ငံအချို့တွင် မကြာခဏဖြစ် ပေါ်နေသည့်အတွက် စင်ကာ ပူနိုင်ငံသို့ အိမ်အကူစေလွှတ် မှု ခြောက်လပိတ်သိမ်းလိုက်ပြီဖြစ်သည့်အပြင် မကာအိုနိုင်ငံ အိမ်အကူစေ လွှတ်ရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့ကို အသိမပေးဘဲ တရားမ၀င် စေလွှတ်ခြင်းနှင့် အဆိုပါအိမ်အကူ များ၏ လစာများကို စာချုပ်ပါအတိုင်းမဟုတ်ဘဲ ဖောက်ဖျက်ခြင်းများ ရှိနေကြောင်းနှင့် မလေးရှားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရာတွင် ပြည်ဝင်ခွင့်(ဗီဇာ) လက်မှတ် အတုများဖြင့် စေလွှတ်ခဲ့ခြင်းတို့ကြောင့် တစ်ဖက်နိုင်ငံ တွင် မြန်မာ အလုပ်သမားများ ဖမ်းဆီးခံရခြင်းရှိနေရာ ထိုသို့ဖြစ်ရပ်များသည် အလုပ်သမားများအရေး ဝန်ကြီးဌာနနှင့် အစိုးရကကူညီပေးမှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ထောက် ပြဝေဖန်လိုက်ခြင်း ဖြစ်သည်။

Ms. Tackie Pollock က “ရွှေ့ပြောင်း အလုပ်သမားအရေး စေလွှတ်တဲ့ နိုင်ငံရဲ့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ လုပ်သားတွေမှာ ပြဿနာ တစ်စုံတစ်ရာဖြစ်လာရင် လက်ခံထားတဲ့နိုင်ငံနဲ့ ညှိနှိုင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ အစိုးရတာဝန်ယူမှု အားနည်းနေတယ်” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ စေလွှတ်သည့် နိုင်ငံများက ၎င်းတို့လုပ်သားများအား စေလွှတ်မည့် နိုင်ငံများ၏ ဥပဒေစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အခကြေးငွေပေးချေမှု၊ လုပ်ငန်းသဘောတူ လက်မှတ် ရေး ထိုးမှု အခြေအနေများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှု အခြေအနေများကိုသေချာ လေ့လာသုံးသပ် ပြီးမှ လုပ်သားများ စေလွှတ်သင့်ကြောင်း၊ ပြဿနာတစ်စုံတစ်ရာတိုင်းကိုလည်း သက်ဆိုင်ရာနိုင်ငံ အလိုက် သံရုံးများက ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ ၀န်ဆောင်မှုပေးမည့် အေဂျင်စီများက တရားဝင် ဖွဲ့စည်းထား ခြင်း ရှိ၊ မရှိ လေ့လာဆန်းစစ်ရန်လိုကြောင်း၊ သံအရာရှိ များက အလုပ်သမားအရေးကူညီပေးရာ တွင်ရန် ပုံငွေရှာဖွေခွင့် ရရှိသင့်ကြောင်း၊ သံအရာရှိ ခန့်အပ်ရာတွင်လည်း အလုပ်သမား ပြဿနာအရေးကျွမ်းကျင်သူ ကိုသာ ရွေးချယ်သင့်ပြီးအစိုးရကလည်း ရွှေ့ပြောင်း အလုပ်သမား ကူညီရေးအစီအစဉ်များ ချမှတ်ရန်လိုကြောင်း ၎င်းက ထောက်ပြသည်။

Equality Myanmar အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးမင်းက “သက်ဆိုင်ရာ သံရုံးတွေရဲ့ ပူးပေါင်းမှုက အရမ်းအားနည်းနေတယ်။ ရွှေ့ပြောင်း အလုပ်သမား ပြဿနာ ကြုံတဲ့အခါ ဘယ်လိုရှောင်ရှားရမယ်ဆိုတာ သိဖို့ အစိုးရရဲ့အသိပညာပေးမှုတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။

Mizzima - News in Burmese 

ထိုင်းနိုင်ငံ၊ ဆမွတ်စခုန်ခရိုင်တွင် စိစစ်မှုခံယူနေသည့် မြန်မာ ရွှေ့ပြောင်း လုပ်သား များကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ၏ အားနည်းချက်ကြောင့် ရွှေ့ပြောင်းလုပ်သားတို့ အခက်ကြုံ နေရ သည်ဟု ဝေဖန်မှုများ ရှိနေသည်။
ထိုင်းနိုင်ငံ၊ ဆမွတ်စခုန်ခရိုင်တွင် စိစစ်မှုခံယူနေသည့် မြန်မာ ရွှေ့ပြောင်း လုပ်သား များကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ၏ အားနည်းချက်ကြောင့် ရွှေ့ပြောင်း လုပ်သားတို့ အခက်ကြုံ နေရ သည်ဟု ဝေဖန်မှုများ ရှိနေသည်။
 မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအရေး အစိုးရတာဝန်ယူမှု အားနည်း နေသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) နည်းပညာ အရာရှိ Ms. Tackie Pollock က ဒီဇင်ဘာလ ၁၄ ရက် က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဝေဖန်လိုက်သည်။

ဒီဇင်ဘာလ ၁၈ ရက်တွင်ကျရောက်မည့် ဆဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားများနေ့ အကြို အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

မြန်မာအိမ်အကူနှင့် ပတ်သက်သည့် ပြဿနာများ နိုင်ငံအချို့တွင် မကြာခဏဖြစ် ပေါ်နေသည့်အတွက် စင်ကာ ပူနိုင်ငံသို့ အိမ်အကူစေလွှတ်မှု ခြောက်လပိတ်သိမ်းလိုက်ပြီဖြစ်သည့်အပြင် မကာအိုနိုင်ငံ အိမ် အကူစေ လွှတ်ရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့ကို အသိမပေးဘဲ တရားမ၀င် စေလွှတ်ခြင်းနှင့် အဆိုပါ အိမ်အကူ များ၏ လစာများကို စာချုပ်ပါအတိုင်းမဟုတ်ဘဲ ဖောက်ဖျက်ခြင်းများ ရှိနေကြောင်းနှင့် မလေးရှား နိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရာတွင် ပြည်ဝင်ခွင့်(ဗီဇာ) လက်မှတ် အတုများဖြင့် စေလွှတ်ခဲ့ခြင်း တို့ကြောင့် တစ်ဖက်နိုင်ငံ တွင် မြန်မာ အလုပ်သမားများ ဖမ်းဆီးခံရခြင်းရှိနေရာ ထိုသို့ဖြစ်ရပ်များသည် အလုပ်သမားများအရေး ဝန်ကြီးဌာနနှင့် အစိုးရကကူညီပေးမှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ထောက် ပြဝေဖန်လိုက်ခြင်း ဖြစ်သည်။

Ms. Tackie Pollock က “ရွှေ့ပြောင်း အလုပ်သမားအရေး စေလွှတ်တဲ့ နိုင်ငံရဲ့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ လုပ်သားတွေမှာ ပြဿနာ တစ်စုံတစ်ရာဖြစ်လာရင် လက်ခံထားတဲ့နိုင်ငံနဲ့ ညှိနှိုင်းပေး ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ အစိုးရတာဝန်ယူမှု အားနည်းနေတယ်” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ စေလွှတ်သည့် နိုင်ငံများက ၎င်းတို့လုပ်သားများအား စေလွှတ်မည့် နိုင်ငံများ၏ ဥပဒေစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အခကြေးငွေပေးချေမှု၊ လုပ်ငန်းသဘောတူ လက် မှတ် ရေး ထိုးမှု အခြေအနေများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှု အခြေအနေများကိုသေချာ လေ့လာ သုံးသပ် ပြီးမှ လုပ်သားများ စေလွှတ်သင့်ကြောင်း၊ ပြဿနာတစ်စုံတစ်ရာတိုင်းကိုလည်း သက် ဆိုင်ရာ နိုင်ငံ အလိုက် သံရုံးများက ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ ၀န်ဆောင်မှုပေးမည့် အေဂျင်စီများက တရားဝင် ဖွဲ့စည်းထား ခြင်း ရှိ၊ မရှိ လေ့လာဆန်းစစ်ရန်လိုကြောင်း၊ သံအရာရှိ များက အလုပ်သမား အရေးကူညီပေးရာ တွင်ရန် ပုံငွေရှာဖွေခွင့် ရရှိသင့်ကြောင်း၊ သံအရာရှိ ခန့်အပ်ရာတွင်လည်း အလုပ် သမား ပြဿနာအရေးကျွမ်းကျင်သူ ကိုသာ ရွေးချယ်သင့်ပြီးအစိုးရကလည်း ရွှေ့ပြောင်း အလုပ်သမား ကူညီရေးအစီအစဉ်များ ချမှတ်ရန်လိုကြောင်း ၎င်းက ထောက်ပြသည်။

Equality Myanmar အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးမင်းက “သက်ဆိုင်ရာ သံရုံးတွေရဲ့ ပူးပေါင်းမှုက အရမ်းအားနည်းနေတယ်။ ရွှေ့ပြောင်း အလုပ်သမား ပြဿနာ ကြုံတဲ့အခါ ဘယ်လိုရှောင်ရှားရမယ်ဆိုတာ သိဖို့ အစိုးရရဲ့အသိပညာပေးမှုတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment