Monday 15 December 2014

ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ ပါတီထောက်ခံမဲ သုံးပုံနှစ်ပုံဖြင့် ရွေးကောက် ပွဲတွင် အနိုင် ရကြောင်း ကြားဖြတ် ရလဒ်များ ထွက်ပေါ်

Photo: ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ ပါတီထောက်ခံမဲ သုံးပုံနှစ်ပုံဖြင့် ရွေးကောက် ပွဲတွင် အနိုင် ရကြောင်း ကြားဖြတ် ရလဒ်များ ထွက်ပေါ်
Monday, December 15, 2014

ဂျပန် အစိုးရ အတွက် အရေးကြီးသည့် အောက်လွှတ်တော် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က ကျင်းခဲ့ရာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ၏ လစ်ဘရယ် ဒီမိုကရက် တစ်ပါတီနှင့် မဟာမိတ် ကိုမီတိုပါတီ တို့က ထောက်ခံမဲ သုံးပုံနှစ်ပုံဖြင့် အနိုင်ရသွားကြောင်း ကြားဖြတ် ရလဒ် များအရ သိရှိရသည်။

အောက်လွှတ်တော် ၄၇၅ နေရာ အနက် ၃၃၃ နေရာတွင် အနိုင် ရခဲ့ကြောင်း တီဗီ အဆာဟိ သတင်းဌာနက ထုတ်ပြန်ခဲ့ပြီး တီဘီအက်စ် သတင်း ဌာန၏ ကြေ ညာချက်တွင် ၃၂၈ နေရာ အနိုင်ရကြောင်း ဖော်ပြထားသည်။

လစ်ဘရယ် ဒီမိုကရက် တစ်ပါတီနှင့် ကိုမီတို ပါတီတို့၏ ညွန့်ပေါင်း အစိုးရ အနေဖြင့် ယခုရွေးကောက်ပွဲ တွင် အပြတ် အသတ် အနိုင်ရပြီး ၀န်ကြီးချုပ်ရှင် ဇိုအာဘေး၏ အာဘေနောမစ် စီးပွားရေး မူဝါဒ များအား ဆက်လက် အကောင် အထည်ဖော်နိုင်ရန် ယခုကဲ့သို့ ကာလစောစီးစွာ ကျင်းပလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

ဒီမိုကရက် တစ်ပါတီနှင့် ဂျပန်သစ်ဆန်း ပါတီတို့ ကဲ့သို့အတိုက်အခံ ပါတီများ အနေဖြင့်မူ အစိုးရ၏ လုပ် ဆောင်မှုများကို ဝေဖန်ကန့် ကွက်မှုများသာဆက်လက် လုပ်ဆောင်နိုင်မည့် အခြေအနေတွင်သာ ဆက်လက်ရှိနေနိုင်သည်။ မကြာမီက ပြုလုပ်ခဲ့သည့် စစ်တမ်း များအရ အာဘေး၏ မဟာမိတ် အဖွဲ့သည် ထောက်ခံမဲ အများစု ဖြင့် အနိုင်ရဖွယ်ရှိနေသည်။

ရှင်ဇို အာဘေးက "ကမ္ဘာ့ အလည်မှာ ဂျပန်အနေနဲ့ ထွန်းလင်း တောက်ပတဲ့ နိုင်ငံတစ် နိုင်ငံဖြစ် လာဖို့ ကျွန်တော် လုပ်ဆောင် သွားမယ်လို့ ကတိပြု ပါတယ်" ဟု ပြောကြား ထားသည်။

ဂျပန် အမျိုးသမီးများ အလုပ်အကိုင် ပိုမိုရရှိရေးနှင့် ကျားမခွဲခြားထားသည့် လုပ်ငန်းခွင်ဥပဒေများကို တက်ဖျက်ကာ အလုပ်များတွင် အမျိုးသမီး အရေအတွက် သတ်မှတ်ချက် တစ်ရပ် ပြုလုပ်သွားမည်ဟု လည်း ရှင်ဇိုအာဘေးက ကတိပြုခဲ့သည်။ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ဥပဒေ ကိုလည်း ပြင်ဆင်ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား ထားသည်။

ဂျပန်အစိုးရက ဧပြီလတွင် အရောင်းခွန်အား ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ခြင်းသည် စားသုံးသူများ၏ သုံးစွဲမှုကို ထိခိုက်စေပြီး စီးပွားရေးဖွံ့ဖြိုး မှုကို ထိခိုက်စေကြောင်း စီးပွားရေး ပညာရှင် များက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အခွန်တိုးမြှင့်မှုဥပဒေအား ၂၀၁၂ ခုနှစ်တွင် ယခင် အစိုးရက ပြဌာန်း ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ အနေဖြင့် ပြည်သူ့ တို့ထံမှ ကြွေးမြီများကို ထိန်းချုပ်လျှော့ ချနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အရောင်းခွန်အား ၂၀၁၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသို့ နောက်တစ်ဆင့် တိုးမြှင့်မည့် ဥပဒေအား ဆိုင်းငံထားမည်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ကတိပြုထား သည်။

Mizzima - News in Burmese
ဂျပန် အစိုးရ အတွက် အရေးကြီးသည့် အောက်လွှတ်တော် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က ကျင်းခဲ့ရာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ၏ လစ်ဘရယ် ဒီမိုကရက် တစ်ပါတီနှင့် မဟာမိတ် ကိုမီတိုပါတီ တို့က ထောက်ခံမဲ သုံးပုံနှစ်ပုံဖြင့် အနိုင်ရသွားကြောင်း ကြားဖြတ် ရလဒ် များအရ သိရှိရသည်။

အောက်လွှတ်တော် ၄၇၅ နေရာ အနက် ၃၃၃ နေရာတွင် အနိုင်ရခဲ့ကြောင်း တီဗီအဆာဟိသတင်း ဌာနက ထုတ်ပြန်ခဲ့ပြီး တီဘီအက်စ် သတင်း ဌာန၏ ကြေ ညာချက်တွင် ၃၂၈ နေရာ အနိုင်ရကြောင်း ဖော်ပြထား သည်။

လစ်ဘရယ် ဒီမိုကရက် တစ်ပါတီနှင့် ကိုမီတို ပါတီတို့၏ ညွန့်ပေါင်း အစိုးရ အနေဖြင့် ယခုရွေးကောက်ပွဲ တွင် အပြတ် အသတ် အနိုင်ရပြီး ၀န်ကြီးချုပ်ရှင် ဇိုအာဘေး၏ အာဘေနောမစ် စီးပွားရေး မူဝါဒ များအား ဆက်လက် အကောင် အထည်ဖော်နိုင်ရန် ယခုကဲ့သို့ ကာလစောစီးစွာ ကျင်းပလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

ဒီမိုကရက် တစ်ပါတီနှင့် ဂျပန်သစ်ဆန်း ပါတီတို့ ကဲ့သို့အတိုက်အခံ ပါတီများ အနေဖြင့်မူ အစိုးရ၏ လုပ် ဆောင်မှုများကို ဝေဖန်ကန့် ကွက်မှုများသာဆက်လက် လုပ်ဆောင်နိုင်မည့် အခြေအနေတွင်သာ ဆက်လက်ရှိနေနိုင်သည်။ မကြာမီက ပြုလုပ်ခဲ့သည့် စစ်တမ်း များအရ အာဘေး၏ မဟာမိတ် အဖွဲ့သည် ထောက်ခံမဲ အများစု ဖြင့် အနိုင်ရဖွယ်ရှိနေသည်။

ရှင်ဇို အာဘေးက "ကမ္ဘာ့ အလည်မှာ ဂျပန်အနေနဲ့ ထွန်းလင်း တောက်ပတဲ့ နိုင်ငံတစ် နိုင်ငံဖြစ် လာဖို့ ကျွန်တော် လုပ်ဆောင် သွားမယ်လို့ ကတိပြု ပါတယ်" ဟု ပြောကြား ထားသည်။

ဂျပန် အမျိုးသမီးများ အလုပ်အကိုင် ပိုမိုရရှိရေးနှင့် ကျားမခွဲခြားထားသည့် လုပ်ငန်းခွင်ဥပဒေများကို တက်ဖျက်ကာ အလုပ်များတွင် အမျိုးသမီး အရေအတွက် သတ်မှတ်ချက် တစ်ရပ် ပြုလုပ်သွားမည်ဟု လည်း ရှင်ဇိုအာဘေးက ကတိပြုခဲ့သည်။ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်း   ဆောင်ရွက်နေသည့် ဥပဒေ ကိုလည်း ပြင်ဆင်ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား ထားသည်။

ဂျပန်အစိုးရက ဧပြီလတွင် အရောင်းခွန်အား ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ခြင်းသည် စားသုံးသူများ၏ သုံးစွဲမှုကို ထိခိုက်စေပြီး စီးပွားရေးဖွံ့ဖြိုး မှုကို ထိခိုက်စေကြောင်း စီးပွားရေး ပညာရှင် များက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အခွန်တိုးမြှင့်မှုဥပဒေအား ၂၀၁၂ ခုနှစ်တွင် ယခင် အစိုးရက ပြဌာန်း ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ အနေဖြင့် ပြည်သူ့ တို့ထံမှ ကြွေးမြီများကို ထိန်းချုပ်လျှော့ ချနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အရောင်းခွန်အား ၂၀၁၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသို့ နောက်တစ်ဆင့် တိုးမြှင့်မည့် ဥပဒေအား ဆိုင်းငံထားမည်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ကတိပြုထား သည်။

Mizzima - News in Burmese 

No comments:

Post a Comment