Wednesday 19 November 2014

ယူကရိန်းနှင့် နေတိုး မပူးပေါင်းရန် ရုရှားတောင်းဆို

Photo: ယူကရိန်းနှင့် နေတိုး မပူးပေါင်းရန် ရုရှားတောင်းဆို
Wednesday, November 19, 2014

ရုရှားသည် ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့ဝင်နှင့် ပူးပေါင်းခြင်း မပြုရန် ရာနှုန်းပြည့် အာမခံချက်ကို တောင်းဆိုလိုက်ကြောင်း သမ္မတ ပူတင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပတ်စ်ကို့ဗ်က BBC ကို ပြောသည်။
နေတိုးအဖွဲ့အနေဖြင့် ရုရှားနယ်စပ်သို့ တစ်စတစ်စ ချဉ်းကပ်လာနေမှုမှာ မော်စကိုအတွက် ရတက်မအေး ဖြစ်ရသည်ဟု ၎င်းက ထပ်လောင်းပြောဆိုလိုက်သည်။

ယူကရိန်းအရေးနှင့် ပတ်သက်၍ အမေရိကန်သည် ရုရှားနိုင်ငံအား ကန့်သတ်ချုပ်ချယ်ခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ဟု ပူတင်က ကြုံးဝါးထားသည်။

သတိပေးမှုများအကြားမှ ယူကရိန်းနယ်စပ်အနီး ရုရှား၏အင်အားပြမှုကြောင့် ဥရောပသည် ပူးပေါင်းဆောင်ရွက်မှုအစား ထိပ်တိုက်တွေ့ဆုံမှုများဆီသို့ ဦးတည်လာနေကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာက ထောက်ပြလိုက်သည်။

ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ အရှိန်မြင့်လာနေခြင်းကြောင့် အပေါင်းလက္ခဏာ မမြင်တွေ့ရဟု ၎င်းက ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မော်စကိုတွင် ပူးတွဲ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှားအနေနှင့် (ဘီလာရုစ်မြို့တော်)မင့်စ်ခ်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စောင့်ထိန်းလိုက်နာရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ခွဲထွက်ရေး လက်နက်ကိုင်များ သိမ်းပိုက်ထားသည့် ယူကရိန်း အရှေ့ပိုင်းဒေသနှင့် နယ်စပ်ဒေသ၌ ရုရှားစစ်အင်အား တဖြည်းဖြည်းများပြားလာခြင်းကို နေတိုးအဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ပတ်စ်ကို့ဗ်ကမူ နေတိုးအဖွဲ့သည် သမိုင်းဝင် ကတိက၀တ်ကို ချိုးဖျက်လျက် ရုရှားနယ်စပ်သို့ တစတစ တိုးဝင်လာနေခြင်း ဖြစ်သည်ဟု တန်ပြန် စွပ်စွဲလိုက်သည်။
နေတိုးအဖွဲ့သည် အာဏာဟန်ချက်ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားလိုက်သည်။
ရုပ်မြင်သံကြားမှတစ်ဆင့် ပြုလုပ်သည့် အစည်းအဝေး တခုတွင် ပူတင်က အမေရိကန်သည် ရုရှား၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထုတ်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်တို့သည့် သြဇာလွှမ်းမိုး ခြယ်လှယ်လိုကြကြောင်းဖြင့် ကရင်မလင်အစိုးရကို ထောက်ခံသော တက်ကြွလှုပ်ရှားသူများအား ပြောကြားခဲ့သည်။

“ရုရှားကို အနိုင်ပိုင်းပြီး ခြယ်လှယ်နိုင်တဲ့သူ ရာဇ၀င်မှာမရှိဘူး၊ နောက်လည်း ရှိလာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂမှ ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများသည့် ယင်းနိုင်ငံအသီးသီး၏ အကျိုးစီးပွားသာ ရုတ်လော့သွားမည်ဖြစ်သည်ဟု ပူတင်ကပြောကြားခဲ့ပြီး အဆိုပါပိတ်ဆို့မှုများကြောင့် ရုရှား၏ငွေကြေးတန်ဖိုးကျဆင်းလျက်ရှိသော်လည်း ရုရှား၏ စက်မှုလုပ်ငန်းများ အရှိန်အဟုန် မြင့်တတ်လာမည်ဟု ပူတင်က ထုတ်ဖော်ပြေဆိုခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံမချမှတ်ရန် တနင်္လာနေ့က သဘောတူညီခဲ့သည်။
ရုရှားဘက်မှ ငြင်းဆိုထားသော်လည်း အနောက်အုပ်စုများက ယူကရိန်းအရေးကိစ္စတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ကာလရှည်ကြာစွာ စွပ်စွဲခဲ့သည်။

ခရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂသည် ရုရှားအပေါ် ယခုနှစ် မတ်လက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ယင်းအရေးယူပိတ်ဆို့မှုများသည် ယူကရိန်အရှေ့ပိုင်း ခွဲထွက်ရေးသူပုန်များကို လက်နက်တပ်ဆင်ပေးပြီး စစ်သည်အင်အားပါ ဖြည့်တင်းပေးခဲ့၍ အရေးယူပိတ်ဆို့မှုများ နောက်ပိုင်း နောက်ဆုံး ချမှတ်လိုက်သော ပိတ်ဆို့မှုများလည်း ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ရုရှားသည် ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့ဝင်နှင့် ပူးပေါင်းခြင်း မပြုရန် ရာနှုန်းပြည့် အာမခံချက်ကို တောင်းဆိုလိုက်ကြောင်း သမ္မတ ပူတင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပတ်စ်ကို့ဗ်က BBC ကိုပြော သည်။ နေတိုးအဖွဲ့အနေဖြင့် ရုရှားနယ်စပ်သို့ တစ်စတစ်စ ချဉ်းကပ်လာနေမှုမှာ မော်စကိုအတွက် ရတက်မအေး ဖြစ်ရသည်ဟု ၎င်းက ထပ်လောင်းပြောဆိုလိုက်သည်။

ယူကရိန်းအရေးနှင့် ပတ်သက်၍ အမေရိကန်သည် ရုရှားနိုင်ငံအား ကန့်သတ်ချုပ်ချယ်ခြင်းများ ပြုလုပ်နိုင်မည် မဟုတ်ဟု ပူတင်က ကြုံးဝါးထားသည်။

သတိပေးမှုများအကြားမှ ယူကရိန်းနယ်စပ်အနီး ရုရှား၏အင်အားပြမှုကြောင့် ဥရောပသည် ပူးပေါင်း ဆောင်ရွက်မှုအစား ထိပ်တိုက်တွေ့ဆုံမှုများဆီသို့ ဦးတည်လာနေကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာက ထောက်ပြလိုက်သည်။

ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ အရှိန်မြင့်လာနေခြင်းကြောင့် အပေါင်းလက္ခဏာ မမြင်တွေ့ရဟု ၎င်းက ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မော်စကိုတွင် ပူးတွဲ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ သည်။ ရုရှားအနေနှင့် (ဘီလာရုစ်မြို့တော်)မင့်စ်ခ်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စောင့်ထိန်း လိုက်နာရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ ခွဲထွက်ရေး လက်နက်ကိုင်များ သိမ်းပိုက်ထားသည့် ယူကရိန်း အရှေ့ပိုင်းဒေသနှင့် နယ်စပ်ဒေသ၌ ရုရှားစစ်အင်အား တဖြည်းဖြည်းများပြားလာခြင်းကို နေတိုးအဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ပတ်စ်ကို့ဗ်ကမူ နေတိုးအဖွဲ့သည် သမိုင်းဝင် ကတိက၀တ်ကို ချိုးဖျက်လျက် ရုရှားနယ်စပ်သို့ တစတစ တိုးဝင်လာနေခြင်း ဖြစ်သည်ဟု တန်ပြန် စွပ်စွဲလိုက်သည်။ နေတိုးအဖွဲ့သည် အာဏာဟန်ချက်ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားလိုက်သည်။ ရုပ်မြင် သံကြားမှ တစ်ဆင့်ပြုလုပ်သည့် အစည်းအဝေးတခုတွင် ပူတင်က အမေရိကန်သည် ရုရှား၏ ဆုံးရှုံးနစ်နာ မှုမှ အမြတ်ထုတ်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်တို့သည့် သြဇာလွှမ်းမိုး ခြယ်လှယ်လိုကြကြောင်းဖြင့် ကရင်မလင်အစိုးရကို ထောက်ခံသော တက်ကြွလှုပ်ရှားသူများအား ပြောကြားခဲ့သည်။

“ရုရှားကို အနိုင်ပိုင်းပြီး ခြယ်လှယ်နိုင်တဲ့သူ ရာဇ၀င်မှာမရှိဘူး၊ နောက်လည်း ရှိလာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂမှ ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု များသည့် ယင်းနိုင်ငံအသီးသီး၏ အကျိုးစီးပွားသာ ရုတ်လော့သွားမည်ဖြစ်သည်ဟု ပူတင်ကပြောကြားခဲ့ပြီး အဆိုပါပိတ်ဆို့မှုများကြောင့် ရုရှား၏ငွေကြေးတန်ဖိုးကျဆင်းလျက်ရှိသော်လည်း ရုရှား၏ စက်မှုလုပ်ငန်းများ အရှိန်အဟုန် မြင့်တတ်လာမည်ဟု ပူတင်က ထုတ်ဖော်ပြေဆိုခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံမချမှတ်ရန် တနင်္လာနေ့က သဘောတူညီ ခဲ့သည်။ ရုရှားဘက်မှ ငြင်းဆိုထားသော်လည်း အနောက်အုပ်စုများက ယူကရိန်းအရေးကိစ္စတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ကာလရှည်ကြာစွာ စွပ်စွဲခဲ့သည်။

ခရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂသည် ရုရှားအပေါ် ယခုနှစ် မတ်လက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ယင်းအရေးယူပိတ်ဆို့မှုများသည် ယူကရိန်အရှေ့ပိုင်း ခွဲထွက်ရေး သူပုန်များကို လက်နက်တပ်ဆင်ပေးပြီး စစ်သည်အင်အားပါ ဖြည့်တင်းပေးခဲ့၍ အရေးယူပိတ်ဆို့မှုများ နောက်ပိုင်း နောက်ဆုံး ချမှတ်လိုက်သော ပိတ်ဆို့မှုများလည်း ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment