Wednesday 19 November 2014

ဗဟန်းတွင် တိုက်ခန်းတစ်ခန်း မီးလောင်

ဗဟန်းမြို့နယ်၊ ဆရာစံ မြောက်/အနောက်ရပ်ကွက် အနောက်ဈေးဟောင်းလမ်းတွင် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် တာမွေမီးသတ်ဌာနတို့က ဆယ် မိနစ်အတွင်းပူးပေါင်းပြီး မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြော သည်။

‘‘အဲဒီမှာနေတာက အိမ်ရှင် ကောင်မလေးတစ်ယောက်တည်းနေတာ။ မီးလောင်တဲ့အချိန်မှာ တော့ သူမရှိ ဘူး။ မီးငြှိမ်းပြီးမှ ပြန်ရောက်လာတာ။ ဒီတိုက်ခန်းမှာနေတဲ့ သူတွေကတော့ ဖြစ်ဖြစ် ချင်းဆင်းပြေးကြ တာပေါ့’’ဟု ၎င်းကဆိုသည်။

အဆိုပါလောင်ကျွမ်းမှုသည်အဲကွန်းမှတစ်ဆင့် ၀ိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်ခြင်းဖြစ်နိုင် သည့်အတွက် တာမွေမြို့မရဲစခန်းက လောင်ကျွမ်း နေသည့် အဲကွန်းကို စစ်ဆေးရန်ယူဆောင်သွား သည်ဟု ရပ်ကွက်နေ ပြည်သူများ ကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့်အဲကွန်း၊ ခုတင်နှင့် အ၀တ်အစားအချို့ပျက်စီးဆုံးရှုံးခဲ့ကာ တန်ဖိုးကျပ် ခုနစ် သောင်းခွဲ ကုန်ကျခဲ့ ပြီး အဆိုပါအိမ်ရှင်ကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။

7Day DAILY

No comments:

Post a Comment