Wednesday 19 November 2014

ထိုင်း ဒု-စစ်တိုင်းမှူး သေဆုံးမှု ဖြစ်စေ ခဲ့သည့် ရဟတ်ယဉ် အမျိုးအစားအား ထိုင်းတပ်မတော်တွင် ဆက်လက် အသုံးပြု သွားမည်

Photo: ထိုင်း ဒု-စစ်တိုင်းမှူး သေဆုံးမှု ဖြစ်စေ ခဲ့သည့် ရဟတ်ယဉ် အမျိုးအစားအား ထိုင်းတပ်မတော်တွင် ဆက်လက် အသုံးပြု သွားမည်
Wednesday, November 19, 2014

ထိုင်း ကြည်းတပ်မတော်မှ ထိုင်းအမှတ် (၃) စစ်ဒေသ ဒုစစ်တိုင်းမှူး ဗိုလ်ချုပ် ဆွန်ဖွန် ထောင်ကျိန် အပါအဝင် ထိုင်းအဆင့်မြင့် ကြည်းတပ် အရာရှိများ သေဆုံး ခဲ့ရသည့် ရဟတ်ယာဉ် အမျိုးအစားအား ထိုင်းတပ်မတော် အတွင်း ဆက်လက် အသုံးပြု သွားမည် ဖြစ်ကာ ထိုရဟတ်ယဉ် အမျိုးအစားအား အသုံးပြုမှု ရပ်ဆိုင်း သွားမည် ဟူသော ထွက်ပေါ် နေသည့် သတင်း များကို ထိုင်းကြည်း တပ်မတော်၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်မှူးကြီး ဒေါ်စီရိကျာန် ငါထောင်မှ နိုဝင်ဘာ (၁၈) ရက်နေ့၌ ငြင်းဆို ပြောကြား သွားခဲ့သည်။

“ထိုင်း ကြည်းတပ်မတော် အနေနဲ့ အဲဒီ ရဟတ်ယာဉ် အမျိုးအစားကို တပ်တွင်းမှာ ဆက်လက် အသုံးပြု သွားပါမယ်၊ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ခဲ့ပြီး နောက်ပိုင်း ထွက်ပေါ် နေတဲ့ ဒီရဟတ်ယာဉ် အမျိုးအစား ကြည်းတပ်မတော်မှာ ဆက်လက် အသုံး မပြုဖို့ ညွှန်ကြားချက် ထုတ်ထား တာလည်း မရှိပါဘူး” ဟု ဗန်ကောက်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်းကြည်း တပ်မတော်၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်မှူးကြီး ဒေါ်စီရိကျာန် ငါထောင်က ပြောကြား သွားခဲ့သည်။

ထိုင်းတပ်မတော်သုံး သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာင် Bell 212 အမျိုးအစား ရဟတ်ယာဉ်သည် အောက်တိုဘာလ (၁၇) ရက်နေ့ ညနေ (၅) နာရီ ခွဲတွင် အမှတ် (၃) စစ်ဒေသ ဒုစစ်တိုင်းမှူး အပါအဝင် ထိုင်းကြည်းတပ် အဆင့်မြင့် အရာရှိ များကို သယ်ဆောင်၍ ဖယောင် ခရိုင် အမှတ် (၁၇) ခြေလျင် တပ်ရင်း စခန်းမှ ချင်းရိုင် ခရိုင် အမှတ် (၃) စစ်ဒေသသို့ လေကြောင်း ခရီးဖြင့် အပြန်၌ ရဟတ်ယာဉ် ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စခန်းမှ ထွက်လာပြီး (၄) မိနစ်ခန့် အကြာ၌ ရဟတ်ယာဉ်မှာ မီးလောင်ပြီး အဆိုပါ ဖယောင် ခရိုင် အတွင်းရှိ ဗန်းဒေါက်ဗွယ်ရွာ အနီးရှိ လယ်ကွင်း၌ ပျက်ကျ ခဲ့ကာ ရဟတ်ယာဉ် တစ်ပိုင်းမှာ ဗွက်၌ နစ်နေ၍ တစ်ပိုင်းမှာ မီးလောင်ကျွှမ်း ခဲ့ရသည်။

ထိုသို့ စခန်းမှ ပျံသန်း မထွက်ခွာလာမှီ ၌လည်း ရဟတ်ယာဉ်မောင်း ပိုင်းလော့ နိုင်အာနန်မှ ၎င်း၏ Facebook လူမှု ကွန်ယက် စာမျက်နှာ၌ “ဆောင်းလေ အေးအား အန်တု၍ ပျံသန်းရန် အချိန်ကျပြီ၊ ရဟတ်ယာဉ် အဟောင်းနှင့် ရဟတ်ယာဉ်မောင်း ပိုင်းလော့ အသစ်နှင့် ၊ မြင်ကွင်းက မရှင်း မလင်းနှင့် ဆိုးရွားခဲ့၊ အပ္ပါယ် (ငရဲ) တံခါး ပွင့်ခဲ့ပြီ” ဟု အဓိပ္ပါယ် ရသည့် စာသားအား ထိုင်းဘာသာဖြင့် နိုဝင်ဘာလ (၁၇) ရက်နေ့၌ ရေးသား ခဲ့သည်။

ထိုသို့ ပိုင်းလော့မှ အဆိုပါ စာသားအား Facebook စာမျက်နှာ၌ ရေးသား ခဲ့ပြီးနောက် ၊ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်၍ (၉) ဦးလုံး သေးဆုံးမှု ဖြစ်ခဲ့ပြီး နောက်၌ ထိုရဟတ်ယာဉ် Bell 212 အမျိုးအစား ရဟတ်ယာဉ်အား ထိုင်းကြည်းတပ်မှ ဆက်လက် အသုံးမပြု တော့ရန် ညွှန်ကြား ထားပြီး ဖြစ်သည်ဟု သတင်းများ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပျက်ကျ ခဲ့မှု၌ အမှတ် (၃) စစ်ဒေသ ဒု-စစ်တိုင်းမှုး အပါအဝင် ဗိုလ်မှူးကြီး နှစ်ဦး ၊ ဒု-ဗိုလ်မှုးကြီး နှစ်ဦးတို့ ပါဝင်၍ စုစုပေါင်း လိုက်ပါ သွားသူ (၉) ဦးလုံး အသက် ဆုံးရှူံး ခဲ့ရသည်။

ရဟတ်ယာဉ် ပျက်ကျ ရသည့် အကြောင်း ရင်းအား သိရှိ နိုင်ရန် အတွက် ယနေ့၌ ကြည်းတပ် မတော်၏ လေကြောင်း မတော်တဆမှု ကယ်ဆယ်ရေး တပ်ဖွဲ့များ ပါဝင်၍ အမှတ် (၃) စစ်ဒေသ စစ်တိုင်းမှူး ဦးဆောင်၍ ကွင်းဆင်း ရှာဖွေ မှုများ ပြုလုပ်လျက် ရှိပြီး တွေ့ရှိချက် များအား ထုတ်ပြန် ပြောကြားခြင်း မရှိ သေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့ ၌လည်း ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင် ၊ စံခလပူရီ မြို့နယ် ရိုင်းဝေါ တိုက်နယ်၌ ထိုင်းနယ်ခြား စောင့်တပ် အမှတ် (၁၃၄) မှ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျ ခဲ့ပါသေးသည်။ ထိုစဉ်၌ ရဟတ်ယာဉ်ပေါ် လိုက်ပါ သွားသည့် ဆေးတပ်ဖွဲ့မှ အရာရှိများ သေဆုံးမှု မရှိ ခဲ့ပဲ ၊ ဒဏ်ရာ အနည်း ငယ်သာ ရရှိ ခဲ့သည်။

ရွှေဟင်္သာသတင်းဌာန 

နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာခွဲတွင် Bell 212 ထိုင်း ကြည်းတပ် သယ်ယူ ပို့ဆောင်ရေး ရယာတ်ယဉ် ထိုင်းနိုင်ငံ ဖယောင် ခရိုင်တွင် ပျက်ကျ ခဲ့ရာ ဒုစစ်တိုင်းမှူး အပါအဝင် အဆင့်မြင့် အရာရှိ (၉) ဦး သေဆုံးခဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာခွဲတွင် Bell 212 ထိုင်း ကြည်းတပ် သယ်ယူ ပို့ဆောင်ရေး ရယာတ်ယဉ် ထိုင်းနိုင်ငံ ဖယောင် ခရိုင်တွင် ပျက်ကျ ခဲ့ရာ ဒုစစ်တိုင်းမှူး အပါအဝင် အဆင့်မြင့် အရာရှိ (၉) ဦး သေဆုံးခဲ့ ဓါတ်ပုံ - အင်တာနက်

No comments:

Post a Comment