Wednesday 19 November 2014

ယူကရိန်းနှင့် ရုရှားနယ်စပ်တွင် ရုရှားစစ်တပ်များ ချထားမှု နေတိုးအတွင်းရေးမှူးချုပ် ပြစ်တင်

Photo: ယူကရိန်းနှင့် ရုရှားနယ်စပ်တွင် ရုရှားစစ်တပ်များ ချထားမှု နေတိုးအတွင်းရေးမှူးချုပ် ပြစ်တင်
Wednesday, November 19, 2014

နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလန်ဘာ့ဂ်က ယူကရိန်းနယ်စပ် ရုရှားဘက်ခြမ်းနဲ့ ယူကရိန်းဘက်ခြမ်း ၂ ဘက်လုံးမှာ ရုရှားစစ်တပ်အင်အား အသည်းအသန်ချထားမှုကို နိုဝင်ဘာ ၁၈ ရက်နေ့က လူသိရှင်ကြား ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဒါအပြင် တပ်တွေကို ပြန်ခေါ်ထုတ်ဖို့ကိုလည်း ရုရှားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုအတွင်း တပ်တွေရဲ့ လှုပ်ရှားမှု၊ ပစ္စည်းကိရိယာတွေ၊ တင့်ကားတွေ၊ အမြောက်တွေနဲ့ အဆင့်မြင့်လေကြောင်း ကာကွယ်ရေး စနစ်တွေကိုပါ နေတိုးက မြင်ရတယ်လို့ စတိုလန်ဘာ့ဂ်က ပြောပါတယ်။

ရုရှားကတော့ ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ သူပုန်ထမှုကို ထောက်ပံ့ဖို့ တပ်တွေနဲ့ လက်နက်တွေ စီစဉ်ပေးတယ်ဆိုတဲ့အချက်ကို ငြင်းပါတယ်။

အီးယူ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ရောက်လာတဲ့ စတိုလန်ဘာ့ဂ်က ယူကရိန်းနိုင်ငံတွင်း တပ်တွေ စုနေတဲ့ သတင်းအချက်လက်တွေ သူမှာ ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားကနေ ယူကရိန်းအရှေ့ဘက် ခွဲထွက်ရေးသူပုန်တွေ တပ်စွဲထားတဲ့ ဒေသတွင်းကို စစ်လက်နက်တွေ ရောက်လာတာ နေတိုးက တွေ့ခဲ့တယ်လို့ အမေရိကန်လေတပ် ဗိုလ်ချုပ်ကြီး ဖိလစ် ဘရိဒ်လဗ်က အရင်အပတ်က ပြောတာကို ရုရှားက ငြင်းခဲ့ပါသေးတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ် အစ်ဂေါ ကိုနာရှန်ကိုဗ်ကတော့ စွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။

DVB
နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလန်ဘာ့ဂ်က ယူကရိန်းနယ်စပ် ရုရှားဘက်ခြမ်းနဲ့ ယူကရိန်းဘက်ခြမ်း ၂ ဘက်လုံးမှာ ရုရှားစစ်တပ်အင်အား အသည်းအသန်ချထားမှုကို နိုဝင်ဘာ ၁၈ ရက်နေ့က လူသိရှင်ကြား ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဒါအပြင် တပ်တွေကို ပြန်ခေါ်ထုတ်ဖို့ကိုလည်း ရုရှားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုအတွင်း တပ်တွေရဲ့ လှုပ်ရှားမှု၊ ပစ္စည်းကိရိယာတွေ၊ တင့်ကား တွေ၊ အမြောက်တွေနဲ့ အဆင့်မြင့်လေကြောင်း ကာကွယ်ရေး စနစ်တွေကိုပါ နေတိုးက မြင်ရတယ်လို့ စတိုလန်ဘာ့ဂ်က ပြောပါတယ်။

ရုရှားကတော့ ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ သူပုန်ထမှုကို ထောက်ပံ့ဖို့ တပ်တွေနဲ့ လက်နက် တွေ စီစဉ်ပေးတယ်ဆိုတဲ့အချက်ကို ငြင်းပါတယ်။

အီးယူ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ရောက်လာတဲ့ စတိုလန်ဘာ့ဂ်က ယူကရိန်းနိုင်ငံတွင်း တပ်တွေ စုနေတဲ့ သတင်းအချက်လက်တွေ သူမှာ ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားကနေ ယူကရိန်းအရှေ့ဘက် ခွဲထွက်ရေးသူပုန်တွေ တပ်စွဲထားတဲ့ ဒေသတွင်းကို စစ်လက်နက်တွေ ရောက်လာတာ နေတိုးက တွေ့ခဲ့တယ်လို့ အမေရိကန်လေတပ် ဗိုလ်ချုပ်ကြီး ဖိလစ် ဘရိဒ်လဗ်က အရင် အပတ်က ပြောတာကို ရုရှားက ငြင်းခဲ့ပါသေးတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ် အစ်ဂေါ ကိုနာရှန်ကိုဗ်ကတော့ စွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။

DVB

No comments:

Post a Comment