Wednesday 19 November 2014

ရန်ကုန်ဆေးရုံကြီးတွင် တွန်းလှည်းများအစား လျှပ်စစ်ကားများ အသုံးပြုမည်

Photo: ရန်ကုန်ဆေးရုံကြီးတွင် တွန်းလှည်းများအစား လျှပ်စစ်ကားများ အသုံးပြုမည်
Wednesday, November 19, 2014

လူနာများပြောင်းရွှေ့ သယ်ယူရေးနှင့် သေဆုံးသူများ သယ်ထုတ်ရေးအတွက် လက်တွန်းလှည်း နေရာတွင် လျှပ်စစ် ကားများအစားထိုးအသုံးပြုသွား မည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံ ကြီးမှ သတင်းရရှိသည်။

ယင်းလျှပ်စစ်ကားများကို လူနာများပြောင်းရွှေ့သယ်ရာတွင်  နှစ်စီး၊ လူသေများအား ရင်ခွဲရုံသို့ သယ်ယူရာတွင် နှစ်စီး၊ စုစုပေါင်း လေးစီးဖြင့် အသုံးပြုသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘လျှပ်စစ်ကားကို ဟိုတစ် ပတ်က လာလှူသွားတယ်။ အဲဒီ တော့ အရင်က စတီးလ်နဲ့လုပ်ထား တဲ့ လက်တွန်းလှည်းတွေအစား လျှပ်စစ်ကားတွေနဲ့ စနစ်တကျ သယ်နိုင်အောင်လို့ အစားထိုး သွားမှာဖြစ်ပါတယ်’’ဟု ရန်ကုန်ဆေးရုံ  အုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြားသည်။

ယင်းကားများကို ရန်ကုန် တိုင်းအမျိုးသမီးရေးရာအဖွဲ့ချုပ် က နိုဝင်ဘာ ပထမပတ်အတွင်း လာ ရောက်လှူဒါန်းခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၃၅၀ ခန့်ရှိ ကာ ကျန်းမာရေးရှုထောင့်မှ ကြည့်မည် ဆိုပါက ကောင်းမွန်မှုရှိ၍ လောင်စာဆီကုန်ကျစရိတ်မရှိနိုင် သော လျှပ်စစ်ကား အမျိုးအစား ဖြစ်သည်။

ယင်းကဲ့သို့ အစားထိုးလိုက် ခြင်းဖြင့် လူနာများအတွက် လူ နာအဆောင်ပြောင်းရွှေ့ခြင်းနှင့် ဆေးရုံဝင်းအတွင်း ဆေးစစ်ဆေး ကုသမှုခံယူရန် အဆောင်ပြောင်း ရွှေ့ခြင်းတို့တွင် သက် သောင့် သက်သာရှိခြင်းနှင့် လူသေများ သယ်ဆောင်ရာ၌လည်း အမြင် တင့်တယ်စေကာ အချိန်ကုန် သက်သာခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကဲ့သို့ အခြားသော ဆေးရုံများ ဖြစ်သည့် မြောက်ဥက္ကလာပဆေး ရုံကြီး၊ စိတ်ရောဂါကုဆေးရုံကြီး တို့တွင်လည်း လျှပ်စစ်ကားများ အစားထိုးအသုံးပြုနိုင်ရေး အလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့မှ စုံစမ်းသိရှိရသည်။

7Day DAILY

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရန်ကုန်ဆေးရုံကြီး (ဓာတ်ပုံ - နစ်ကီ)
နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရန်ကုန်ဆေးရုံကြီး (ဓာတ်ပုံ - နစ်ကီ)
 လူနာများပြောင်းရွှေ့ သယ်ယူရေးနှင့် သေဆုံးသူများ သယ်ထုတ်ရေးအတွက် လက် တွန်းလှည်းနေရာတွင် လျှပ်စစ် ကားများအစားထိုးအသုံးပြုသွား မည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံ ကြီးမှ သတင်းရရှိသည်။

ယင်းလျှပ်စစ်ကားများကို လူနာများပြောင်းရွှေ့သယ်ရာတွင်  နှစ်စီး၊ လူသေများအား ရင်ခွဲရုံသို့ သယ်ယူ ရာတွင် နှစ်စီး၊ စုစုပေါင်း လေးစီးဖြင့် အသုံးပြုသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘လျှပ်စစ်ကားကို ဟိုတစ်ပတ်က လာလှူသွားတယ်။ အဲဒီ တော့ အရင်က စတီးလ်နဲ့လုပ်ထားတဲ့ လက်တွန်း လှည်း တွေအစား လျှပ်စစ်ကားတွေနဲ့ စနစ်တကျ သယ်နိုင်အောင်လို့ အစားထိုးသွားမှာဖြစ်ပါတယ်’’ဟု ရန်ကုန်ဆေးရုံ အုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြားသည်။

ယင်းကားများကို ရန်ကုန် တိုင်းအမျိုးသမီးရေးရာအဖွဲ့ချုပ်က နိုဝင်ဘာ ပထမပတ်အတွင်း လာရောက် လှူဒါန်းခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၃၅၀ ခန့်ရှိကာ ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုပါက ကောင်းမွန်မှုရှိ၍ လောင်စာဆီကုန်ကျစရိတ်မရှိနိုင် သော လျှပ်စစ်ကားအမျိုးအစား ဖြစ်သည်။

ယင်းကဲ့သို့ အစားထိုးလိုက် ခြင်းဖြင့် လူနာများအတွက် လူနာအဆောင်ပြောင်းရွှေ့ခြင်းနှင့် ဆေးရုံဝင်း အတွင်း ဆေးစစ်ဆေး ကုသမှုခံယူရန် အဆောင်ပြောင်း ရွှေ့ခြင်းတို့တွင် သက်သောင့် သက်သာရှိခြင်းနှင့် လူသေများ သယ်ဆောင်ရာ၌လည်း အမြင်တင့်တယ်စေကာ အချိန်ကုန်သက်သာခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကဲ့သို့ အခြားသော ဆေးရုံများဖြစ်သည့် မြောက်ဥက္ကလာပဆေးရုံကြီး၊ စိတ် ရောဂါကုဆေးရုံကြီးတို့တွင်လည်း လျှပ်စစ်ကားများအစားထိုးအသုံးပြုနိုင်ရေးအလှူရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ စုံစမ်း သိရှိရသည်။

7Day DAILY

No comments:

Post a Comment