Wednesday 19 November 2014

အိုင်အက်စ်ခြောက်လှန့်ခံရသော ထိပ်သီးဆွေးနွေးပွဲ

Photo: အိုင်အက်စ်ခြောက်လှန့်ခံရသော ထိပ်သီးဆွေးနွေးပွဲ
Wednesday, November 19, 2014

အာဆီယံထိပ်သီးအစည်းအ ဝေးသည် အများထင်ထားသလို  မဟုတ်ခဲ့ပါ။ တောင်တရုတ်ပင်လယ်အရေး အဓိကခေါင်းစဉ်ဖြစ်လာမည်ဟု ခန့်မှန်းထားခဲ့သော်လည်း လက်တွေ့တွင် အစွန်းရောက်အကြမ်းဖက်မှု အန္တရာယ်ကြိုတင်ကာကွယ်ရေးက ဦးစားပေးအ ကြောင်းအရာဖြစ်ခဲ့သည်။ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အနည်းငယ်သာ ဆွေးနွေးခဲ့ပြီး  အာဆီယံ-ဂျပန်၊ အာဆီယံ-သြစတြေးလျ၊ အာဆီယံ-တရုတ်အစည်းအဝေးသုံးခုကလွဲ၍ ကျန်အစည်းအဝေးအားလုံးတွင် ယခင်ဆွေးနွေးစရာမလိုသော  အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်မှုများ အန္တရာယ်ကြိုတင်ကာကွယ်ရန်  ခေါင်းဆောင်များဦးနှောက်မုန်တိုင်းဆင်ခဲ့ကြသည်။ နှစ်ရက်တာ ကျင်းပသည့် အာဆီယံထိပ်သီး  အစည်းအဝေးနှင့် ဆက်စပ်နိုင်ငံများအစည်းအဝေးကိုးကြိမ်ကျင်းပခဲ့သည်။

ထို့ကြောင့် အာဆီယံဥက္ကဋ္ဌ  တာဝန် မြန်မာယူထားချိန်တွင် အာဆီယံနိုင်ငံများကြား အဓိကပြဿ နာမှာ အစွန်းရောက်အကြမ်းဖက် များကိစ္စဖြစ်လာခဲ့သည်။ အိုင်အက်စ်ပြဿနာပြီးလျှင် အီဘိုလာကူးစက်ရောဂါတိုက်ဖျက်ရေးမှာ ဒုတိယ ဦးစားပေးခေါင်းစဉ်ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း အာဆီယံထိပ် သီးအစည်းအဝေးများတွင် တောင်တရုတ်ပင်လယ်အရေး၊ အာဆီယံ အသိုက်အ၀န်းဖော်ဆောင်ရေး ကိစ္စတို့က အသံတိုးခဲ့သည်။

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပြီး ထုတ် ပြန်ချက်တွင် အာဆီယံအသိုက် အ၀န်းထူထောင်ရေးကိစ္စရပ်များ ၂၀၁၅ အလွန် အနာဂတ်အာဆီယံ အသိုက်အ၀န်းအတွက် မျှော်မှန်း ချက်ချမှတ်ရေးကိစ္စနှင့် ဒေသဆိုင် ရာနှင့် နိုင်ငံတကာရေးရာတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိ သည်။

ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များအပေါ် အမြင် ဖလှယ်ကြရာတွင် အစွန်းရောက် မှုများနှင့် ကူးစက်နိုင်သော ရောဂါ များ တိုက်ဖျက်ရေးကိစ္စတို့တွင် ဒေသတွင်းနှင့် နိုင်ငံတကာပိုမိုပူး ပေါင်းဆောင်ရွက်ရန် ဆွေးနွေးသ ဘောတူခဲ့ကြသည်။

အာဆီယံ-အမေရိကန်ဆွေး နွေးပွဲတွင်လည်း သမားရိုးကျမ ဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန် ခေါ်မှုများဖြစ်သော အစွန်းရောက် ပြည်ပအကြမ်းဖက်တိုက်ခိုက်သူ များ အန္တရာယ်တွန်းလှန်ရေးပူး ပေါင်းဆောင်ရွက်ရန်သာ ဖြစ် သည်။

‘‘အရင်တုန်းကအာဆီယံမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ် ပိုင်နဲ့ ထိုင်းတို့ လောက်မှာပဲ အစွန်း ရောက်အကြမ်းဖက်သမားတွေရှိ တာ။ အခုက မြန်မာနိုင်ငံမှာပါ ရှိလာပြီဆိုတော့ အာဆီယံမှာ အစွန်းရောက်ကိစ္စက ရှေ့တန်းတင်လာတာဖြစ်တယ်’’ဟု စထရိတ်တိုင်းမ်သတင်းစာမှ အင်ဒိုနီးရှားဌာနခွဲ  အကြီးအကဲကသုံးသပ်သည်။

 အာဆီယံတွင် ငါးနိုင်ငံမှာ အကြမ်းဖက်အစွန်းရောက်သမား များ အန္တရာယ်ရင်ဆိုင်နေရသည်။

‘‘ဒီအစည်းအဝေးကာလမှာ က အကြမ်းဖက်သမားတွေဟာ အိုဘားမားကိုပစ်မှတ်ထားတယ်။ မြန်မာကိုလည်း ပစ်မှတ်လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရထားတယ်။ ပြီးတော့ အခုအစည်းအဝေးကြီးဟာ  အရှေ့၊  အနောက်တစ်ကမ္ဘာလုံးက  နိုင်ငံ့ခေါင်းဆောင်တွေလာကြတဲ့အတွက် လုံခြုံရေးဟာ ထိပ်တန်းရောက်ကိစ္စတစ်ခုဖြစ်လာခဲ့တယ်။ တစ်ခုမှပေါ့လျော့လို့ မဖြစ်တဲ့အတွက် လုံခြုံရေးက လိမ္မော်ရောင်အဆင့်ကို သတ်မှတ်ပြီးတော့ကို လုပ်ခဲ့တာဖြစ်တယ်’’ဟု အထူးတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုသည်။

 ထို့အပြင် အယ်လ်ကိုင်ဒါ အဖွဲ့က ယခုနှစ် နှစ်လယ်ပိုင်းတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ ကွန်ရက်ထူထောင် လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ သည်။

ထို့ပြင် နာမည်ကြီး အိုင်အက်စ်အဖွဲ့သို့ ဆက်သွယ်ဝင်ရောက်သွားသူ ကမ္ဘာအနှံ့မှ လူဦးရေ ၇၈၁ ဦးအနက် မြန်မာနိုင်ငံမှ ၇၀ ကျော် ပါဝင်နေကြောင်း နိုင်ငံတကာသ တင်းများက ရေးသားထားသည်။ အယ်လ်ကိုင်ဒါ ဒုတိယခေါင်းဆောင်

က မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် သွားမည်ဟု တရားဝင်ကြေညာပြီး နောက်ပိုင်းဘူးသီးတောင်-မောင်တောမြို့နယ်ဘက်မှ အကြမ်းဖက်သမား ၃၃ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။ ထို့အပြင် ထိပ်သီးအစည်းအဝေးမတိုင်မီ သုံးရက်အလိုတွင်  မြန်မာနိုင်ငံအတွင်းသို့ အကြမ်းဖက်သမားလေးဦး ရောက်နေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်၍ ပြည်သူများ မျက်ကလူးဆန်ပျာဖြစ်ခဲ့ရသေး၏။

မြန်မာနိုင်ငံအနေဖြင့် ယခင် က အစွန်းရောက်အကြမ်းဖက်များ အန္တရာယ်မြင်သာထင်ရှားစွာမရှိ သော်လည်း ရခိုင်ပြည်နယ်တွင်ပဋိပက္ခများ စတင်ဖြစ်ပွားပြီးနောက် အစွန်းရောက်အကြမ်းဖက်များ၏ အန္တရာယ်စတင် ခြိမ်းခြောက်ခံလာရကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိကြီးတစ် ဦးက ပြောသည်။

ထို့အပြင် ထောက်လှမ်းရေး စနစ်များ မကောင်းခြင်း၊ တိုင်းရင်း သားလက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော ပြဿနာများမဖြေရှင်းနိုင်ခြင်းတို့ကြောင့် အကြမ်းဖက်သမားများမှာ မြန်မာနိုင်ငံသို့ ရခိုင်ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း စိမ့်ဝင် လာခဲ့သည်။

၂၀၁၂ မှစကာ ၂၀၁၄ အထိ သုံးနှစ်အတွင်း ရခိုင်ပဋိပက္ခမှ အစပြုကာ လူမျိုးရေး၊ ဘာသာရေး အသွင်အကြမ်းဖက်မှုများ မကြာခဏပေါ်ပေါက်ခဲ့သည်။ ထိုသို့ ပြည်တွင်း၌ အကြမ်းဖက်မှုများ ဖြစ်ပွားပါက မြန်မာလုပ်သားအများစု ရှိရာ မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားအချို့ အကြမ်းဖက်သတ် ဖြတ်ခြင်းခံရလေ့ရှိသည်။ ထိုကဲ့သို့ ဖြစ်စဉ်ရှိနေချိန်တွင် ဆီးရီးယားနှင့်အီရတ်၌ အိုင်အက်စ်အစွန်း ရောက် အကြမ်းဖက်အဖွဲ့မှာ အင်အားကောင်းလာသည်။ အိုင်အက်စ်အဖွဲ့ အင်အားကောင်းလာ၍ အယ်လ်ကိုင်ဒါအဖွဲ့ကလည်း အင်အားချဲ့ရန် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊မြန်မာတွင် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ကြေညာပြန်သည်။

‘‘မန္တလေးပဋိပက္ခဖြစ်တော့ မှပဲ အကြမ်းဖက်သမားတွေရဲ့ ခြေရာကို ခံမိတော့တယ်’’ဟု စစ် ဘက်ရေးရာလုံခြုံရေးအဖွဲ့ (ဆအခ)မှ အဆင့်မြင့်အရာရှိကြီးတစ် ဦးက ဆိုသည်။

မန္တလေးပဋိပက္ခမှစတင်၍ မြန်မာနိုင်ငံတွင် ထူထောင်မည့် အစွန်းရောက်အကြမ်းဖက်သမား များ ကွန်ရက်နှင့် ပတ်သက်သည့် အချက်အလက်များ၊ ကွန်ရက်ဝင် အချို့နှင့် ပစ္စည်းများအား ဖမ်းဆီး နိုင်ခဲ့ကြောင်းလည်း အထက်ပါ အရာရှိက ဆိုသည်။

သို့သော် တာဝန်ခံလုပ်သူက ကချင်ပြည်နယ်မှတစ်ဆင့် တရုတ် နယ်စပ်ကို ဖြတ်ပြီးနောက် ထိုင်း နိုင်ငံတွင်းရောက်ရှိသွားသဖြင့် ထိုင်းအစိုးရနှင့် ပူးပေါင်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း သတင်းရရှိ သည်။ ထိုင်းနိုင်ငံတွင် ထုတ်ဝေ သော နေးရှင်းသတင်းစာပါ သတင်းအရ မြန်မာနိုင်ငံမှ ထွက်ပြေးလာ သော အကြမ်းဖက်သမားခေါင်း ဆောင်မှာ ပလတ်စတစ်ဆာဂျရီပြုလုပ်ရန် စီစဉ်နေကြောင်း ဖော်ပြ ပါရှိသည်။ ထိုအခြေအနေတွင် အိုင်အက်စ်အဖွဲ့၌ နိုင်ငံတကာအ ကြမ်းဖက်အဖွဲ့ဝင်များတွင် မြန်မာ နိုင်ငံမှ ၇၀ ဦးပါဝင်သည်ဆိုသော သတင်းများကြောင့် တစ်ကမ္ဘာလုံး အလေးထားနေရသော အိုင်အက်စ်အစွန်းရောက်အဖွဲ့ပြဿနာမှာ မြန်မာအတွက်လည်း ကာကွယ် ရန် အရေးပါလာသည်။

မကြာမီဖြစ်လာမည့် အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) နှင့် အာဆီယံနိုင်ငံများကြား လွတ် လပ်သော ကုန်သွယ်မှု (AFTA)တို့ ဆောင်ရွက်ရာတွင် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှုများ ပြုလုပ်ရ တော့မည် ဖြစ်သည်။

အထူးသဖြင့် အာဆီယံ-အိန္ဒိယ၊ အာဆီယံ-တရုတ်ကုန် သွယ်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံနယ်စပ်များမှ ဖြတ်ကျော်သွားရောက်ရမည် ဖြစ်သည်။

အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးပြီးထုတ်ပြန်ချက် တွင် ၂၀၁၅ ခုနှစ်၌ နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံထိရောက်ရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်အဝေးပြေးလမ်းမကြီးနှင့် ကမ္ဘောဒီးယား၊လာအိုနှင့် ဗီယက်နမ်တို့ကို တိုးချဲ့ဆက်သွယ်ရေးအကောင်အထည်ဖော်ဆောင်ရွက်သွားရေးတို့ ဖော်ပြပါရှိသည်။

အာဆီယံနှင့် တရုတ်နိုင်ငံတို့ ဆွေးနွေးရာတွင်လည်း အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အဆင့်မြှင့်တင်နိုင်ရေးနှင့် အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးဘဏ်ထူထောင်နိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါကြောင်း ဆွေးနွေး ပွဲအပြီးထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

တောင်တရုတ်ပင်လယ်ပြင် တွင် လိုက်နာဆောင်ရွက်ရန် ကိစ္စ များနှင့် ပတ်သက်သည့်အာဆီယံ-တရုတ်၊ တောင်တရုတ်ပင်လယ်ဆိုင်ရာလုပ်ထုံးလုပ်နည်းကြေညာချက် (ဒီအိုစီ)အပြည့်အ၀အကောင်အထည်ဖော်ရေး၊ တောင် တရုတ်ပင်လယ်ပြင်လုပ်ထုံးလုပ်နည်း (စီအိုစီ)ဆောလျင်စွာပေါ် ထွက်ရေးတို့ကို အတူတကွဆက်လက်ဆောင်ရွက်ကြရန် ထပ် လောင်းကတိက၀တ်ပြုကြပြီး ၂၀၁၅ ခုနှစ်မှာ အာဆီယံ-တရုတ်ပင်လယ်ရေကြောင်းဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးနှစ်အဖြစ်သတ်မှတ်ရေးကြေညာချက်ကိုလည်း ကြိုဆိုခဲ့ကြပါကြောင်း။

အာဆီယံအနေနဲ့ အာဆီယံ အသိုက်အ၀န်း သုံးရပ်ရဲ့ လမ်းပြ မြေပုံများကို အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းရပ်များဟာ ၈၀ ရာခိုင်နှုန်းမျှ ပြီးစီးနေပေမယ့်လည်း ကျန်ရှိနေသေးတဲ့ ၂၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ရေးဟာ အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေမည် ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ တာဝန်လွဲ ပြောင်းပွဲအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က ‘‘သက်ရောက် သဘာဝဘေးအန္တရာယ်များနှင့် ပြင်ပဂ ယက်အချို့ဖြစ်သော ကမ္ဘာ့စီးပွား ရေးမရေမရာမှုတွေအပြင် အီဘို လာရောဂါပိုးကဲ့သို့သော ကူးစက်ရောဂါများနဲ့ အကြမ်းဖက်နဲ့ အစွန်း ရောက်ဝါဒအစရှိတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ရင်ဆိုင်ကျော်လွှားကြရာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြီး ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်တဲ့ စွမ်းရည်ကို စဉ် ဆက်မပြတ်ထူထောင်ရန် လိုအပ် တယ်ဆိုတာကို အလေးအနက် ထားပြောကြားလိုပါတယ်’’ဟု လည်း ထည့်သွင်းပြောကြားခဲ့သည်။ သမိုင်းဝင်အာဆီယံဥက္ကဋ္ဌ ရာထူးကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် အဆိုပါ ရာထူးအား မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

သို့သော်လတ်တလော ကမ္ဘာ့အရေးအခြေအနေများကြောင့် မလေးရှားတွင် ပြုလုပ်မည့် အာ ဆီယံဆွေးနွေးပွဲများ၌လည်း အစွန်းရောက်အကြမ်းဖက်မှု အန္တ ရာယ်က ဆွေးနွေးပွဲများ၏ အဓိက ခေါင်းစဉ်သာ ဖြစ်ပါလိမ့်မည်။

7Day DAILY 

အာဆီယံထိပ်သီးအစည်းအဝေးမှ နိုင်ငံခေါင်းဆောင်အချို့၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

အာဆီယံထိပ်သီးအစည်းအဝေးမှ နိုင်ငံခေါင်းဆောင်အချို့၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

အာဆီယံထိပ်သီးအစည်းအ ဝေးသည် အများထင်ထားသလို  မဟုတ်ခဲ့ပါ။ တောင်တရုတ်ပင်လယ်အရေး အဓိကခေါင်းစဉ်ဖြစ်လာမည်ဟု ခန့်မှန်းထားခဲ့သော်လည်း လက်တွေ့တွင် အစွန်းရောက်အကြမ်းဖက်မှု အန္တရာယ်ကြိုတင်ကာကွယ်ရေးက ဦးစားပေးအ ကြောင်းအရာဖြစ်ခဲ့သည်။ တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အနည်းငယ်သာ ဆွေးနွေးခဲ့ပြီး  အာဆီယံ-ဂျပန်၊ အာဆီယံ-သြစတြေးလျ၊ အာဆီယံ- တရုတ်အစည်းအဝေးသုံးခုကလွဲ၍ ကျန်အစည်းအဝေးအားလုံးတွင် ယခင်ဆွေးနွေးစရာ မလိုသော  အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်မှုများ အန္တရာယ်ကြိုတင်ကာကွယ်ရန်  ခေါင်းဆောင်များ ဦးနှောက်မုန်တိုင်းဆင်ခဲ့ကြသည်။ နှစ်ရက်တာ ကျင်းပသည့် အာဆီယံထိပ်သီး  အစည်းအဝေးနှင့် ဆက်စပ်နိုင်ငံများအစည်းအဝေးကိုးကြိမ်ကျင်းပခဲ့သည်။

ထို့ကြောင့် အာဆီယံဥက္ကဋ္ဌ  တာဝန် မြန်မာယူထားချိန်တွင် အာဆီယံနိုင်ငံများကြား အဓိကပြဿ နာမှာ အစွန်းရောက်အကြမ်းဖက် များကိစ္စဖြစ်လာခဲ့သည်။ အိုင်အက်စ်ပြဿနာပြီးလျှင် အီဘိုလာ ကူးစက် ရောဂါတိုက်ဖျက်ရေးမှာ ဒုတိယ ဦးစားပေးခေါင်းစဉ်ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း အာဆီယံထိပ် သီးအစည်းအဝေးများတွင် တောင်တရုတ်ပင်လယ်အရေး၊ အာဆီယံ အသိုက်အ၀န်းဖော်ဆောင်ရေး ကိစ္စတို့က အသံတိုးခဲ့သည်။

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပြီး ထုတ်ပြန်ချက်တွင် အာဆီယံအသိုက် အ၀န်း ထူထောင်ရေး ကိစ္စရပ်များ ၂၀၁၅ အလွန် အနာဂတ်အာဆီယံ အသိုက်အ၀န်းအတွက် မျှော်မှန်းချက် ချမှတ်ရေး ကိစ္စနှင့် ဒေသဆိုင် ရာနှင့် နိုင်ငံတကာရေးရာတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိ သည်။

ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များအပေါ် အမြင် ဖလှယ်ကြရာတွင် အစွန်းရောက်မှုများနှင့် ကူးစက်နိုင်သော ရောဂါများ တိုက်ဖျက်ရေးကိစ္စတို့တွင် ဒေသတွင်းနှင့် နိုင်ငံတကာပိုမိုပူး ပေါင်း ဆောင် ရွက် ရန် ဆွေးနွေးသ ဘောတူခဲ့ကြသည်။

အာဆီယံ-အမေရိကန်ဆွေး နွေးပွဲတွင်လည်း သမားရိုးကျမ ဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန် ခေါ်မှုများ ဖြစ်သော အစွန်းရောက် ပြည်ပအကြမ်းဖက်တိုက်ခိုက်သူများ အန္တရာယ်တွန်းလှန်ရေးပူး ပေါင်းဆောင် ရွက်ရန်သာ ဖြစ် သည်။

‘‘အရင်တုန်းကအာဆီယံမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ် ပိုင်နဲ့ ထိုင်းတို့ လောက်မှာပဲ အစွန်းရောက် အကြမ်းဖက်သမားတွေရှိ တာ။ အခုက မြန်မာနိုင်ငံမှာပါ ရှိလာပြီဆိုတော့ အာဆီယံမှာ အစွန်းရောက်ကိစ္စက ရှေ့တန်းတင်လာတာဖြစ်တယ်’’ဟု စထရိတ်တိုင်းမ်သတင်းစာမှ အင်ဒိုနီးရှားဌာနခွဲ  အကြီးအကဲကသုံးသပ်သည်။

 အာဆီယံတွင် ငါးနိုင်ငံမှာ အကြမ်းဖက်အစွန်းရောက်သမား များ အန္တရာယ်ရင်ဆိုင်နေရသည်။

‘‘ဒီအစည်းအဝေးကာလမှာက အကြမ်းဖက်သမားတွေဟာ အိုဘားမားကိုပစ်မှတ်ထားတယ်။ မြန်မာကို လည်း ပစ်မှတ်လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရထားတယ်။ ပြီးတော့ အခုအစည်းအဝေးကြီးဟာ  အရှေ့၊  အနောက်တစ်ကမ္ဘာလုံးက  နိုင်ငံ့ခေါင်းဆောင်တွေလာကြတဲ့အတွက် လုံခြုံရေးဟာ ထိပ်တန်းရောက် ကိစ္စတစ်ခုဖြစ်လာခဲ့တယ်။ တစ်ခုမှပေါ့လျော့လို့ မဖြစ်တဲ့အတွက် လုံခြုံရေးက လိမ္မော်ရောင်အဆင့်ကို သတ်မှတ်ပြီးတော့ကို လုပ်ခဲ့တာဖြစ်တယ်’’ဟု အထူးတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုသည်။

 ထို့အပြင် အယ်လ်ကိုင်ဒါ အဖွဲ့က ယခုနှစ် နှစ်လယ်ပိုင်းတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ ကွန်ရက်ထူထောင် လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ သည်။

ထို့ပြင် နာမည်ကြီး အိုင်အက်စ်အဖွဲ့သို့ ဆက်သွယ်ဝင်ရောက်သွားသူ ကမ္ဘာအနှံ့မှ လူဦးရေ ၇၈၁ ဦးအနက် မြန်မာနိုင်ငံမှ ၇၀ ကျော် ပါဝင်နေကြောင်း နိုင်ငံတကာသ တင်းများက ရေးသားထားသည်။ အယ်လ်ကိုင်ဒါ ဒုတိယခေါင်းဆောင်

က မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် သွားမည်ဟု တရားဝင်ကြေညာပြီး နောက်ပိုင်းဘူးသီးတောင်-မောင်တောမြို့နယ်ဘက်မှ အကြမ်းဖက်သမား ၃၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထို့အပြင် ထိပ်သီးအစည်းအဝေးမတိုင်မီ သုံးရက်အလိုတွင်  မြန်မာနိုင်ငံအတွင်းသို့ အကြမ်းဖက်သမားလေးဦး ရောက်နေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်၍ ပြည်သူများ မျက်ကလူးဆန်ပျာဖြစ်ခဲ့ရသေး၏။

မြန်မာနိုင်ငံအနေဖြင့် ယခင် က အစွန်းရောက်အကြမ်းဖက်များ အန္တရာယ်မြင်သာထင်ရှားစွာမရှိ သော်လည်း ရခိုင်ပြည်နယ်တွင်ပဋိပက္ခများ စတင်ဖြစ်ပွားပြီးနောက် အစွန်းရောက်အကြမ်းဖက်များ၏ အန္တရာယ်စတင် ခြိမ်းခြောက်ခံလာရကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိကြီးတစ် ဦးက ပြောသည်။

ထို့အပြင် ထောက်လှမ်းရေး စနစ်များ မကောင်းခြင်း၊ တိုင်းရင်း သားလက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော ပြဿနာများမဖြေရှင်းနိုင်ခြင်းတို့ကြောင့် အကြမ်းဖက်သမားများမှာ မြန်မာနိုင်ငံသို့ ရခိုင်ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း စိမ့်ဝင် လာခဲ့သည်။

၂၀၁၂ မှစကာ ၂၀၁၄ အထိ သုံးနှစ်အတွင်း ရခိုင်ပဋိပက္ခမှ အစပြုကာ လူမျိုးရေး၊ ဘာသာရေး အသွင်အကြမ်းဖက်မှုများ မကြာခဏပေါ်ပေါက်ခဲ့သည်။ ထိုသို့ ပြည်တွင်း၌ အကြမ်းဖက်မှုများ ဖြစ်ပွားပါက မြန်မာလုပ်သားအများစု ရှိရာ မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားအချို့ အကြမ်းဖက်သတ် ဖြတ်ခြင်းခံရလေ့ရှိသည်။ ထိုကဲ့သို့ ဖြစ်စဉ်ရှိနေချိန်တွင် ဆီးရီးယားနှင့်အီရတ်၌ အိုင်အက်စ်အစွန်း ရောက် အကြမ်းဖက်အဖွဲ့မှာ အင်အားကောင်းလာသည်။ အိုင်အက်စ်အဖွဲ့ အင်အားကောင်းလာ၍ အယ်လ်ကိုင်ဒါအဖွဲ့ကလည်း အင်အားချဲ့ရန် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊မြန်မာတွင် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ကြေညာပြန်သည်။

‘‘မန္တလေးပဋိပက္ခဖြစ်တော့ မှပဲ အကြမ်းဖက်သမားတွေရဲ့ ခြေရာကို ခံမိတော့တယ်’’ဟု စစ် ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (ဆအခ)မှ အဆင့်မြင့်အရာရှိကြီးတစ် ဦးက ဆိုသည်။

မန္တလေးပဋိပက္ခမှစတင်၍ မြန်မာနိုင်ငံတွင် ထူထောင်မည့် အစွန်းရောက်အကြမ်းဖက်သမား များ ကွန်ရက်နှင့် ပတ်သက်သည့် အချက်အလက်များ၊ ကွန်ရက်ဝင် အချို့နှင့် ပစ္စည်းများအား ဖမ်းဆီး နိုင်ခဲ့ကြောင်းလည်း အထက်ပါ အရာရှိက ဆိုသည်။

သို့သော် တာဝန်ခံလုပ်သူက ကချင်ပြည်နယ်မှတစ်ဆင့် တရုတ် နယ်စပ်ကို ဖြတ်ပြီးနောက် ထိုင်း နိုင်ငံတွင်းရောက်ရှိသွားသဖြင့် ထိုင်းအစိုးရနှင့် ပူးပေါင်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း သတင်းရရှိ သည်။ ထိုင်းနိုင်ငံတွင် ထုတ်ဝေ သော နေးရှင်းသတင်းစာပါ သတင်းအရ မြန်မာနိုင်ငံမှ ထွက်ပြေးလာ သော အကြမ်းဖက်သမားခေါင်း ဆောင်မှာ ပလတ်စတစ်ဆာဂျရီပြုလုပ်ရန် စီစဉ်နေကြောင်း ဖော်ပြ ပါရှိသည်။ ထိုအခြေအနေတွင် အိုင်အက်စ်အဖွဲ့၌ နိုင်ငံတကာအ ကြမ်းဖက်အဖွဲ့ဝင်များတွင် မြန်မာ နိုင်ငံမှ ၇၀ ဦးပါဝင်သည်ဆိုသော သတင်းများကြောင့် တစ်ကမ္ဘာလုံး အလေးထားနေရသော အိုင်အက်စ်အစွန်းရောက်အဖွဲ့ပြဿနာမှာ မြန်မာအတွက်လည်း ကာကွယ် ရန် အရေးပါလာသည်။

မကြာမီဖြစ်လာမည့် အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) နှင့် အာဆီယံနိုင်ငံများကြား လွတ် လပ်သော ကုန်သွယ်မှု (AFTA)တို့ ဆောင်ရွက်ရာတွင် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှုများ ပြုလုပ်ရ တော့မည် ဖြစ်သည်။

အထူးသဖြင့် အာဆီယံ-အိန္ဒိယ၊ အာဆီယံ-တရုတ်ကုန် သွယ်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ နယ်စပ်များမှ ဖြတ်ကျော်သွားရောက်ရမည် ဖြစ်သည်။

အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးပြီးထုတ်ပြန်ချက် တွင် ၂၀၁၅ ခုနှစ်၌ နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံထိရောက်ရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်အဝေးပြေးလမ်းမကြီးနှင့် ကမ္ဘောဒီးယား၊လာအိုနှင့် ဗီယက်နမ်တို့ကို တိုးချဲ့ဆက်သွယ်ရေးအကောင်အထည်ဖော်ဆောင်ရွက်သွားရေးတို့ ဖော်ပြပါရှိသည်။

အာဆီယံနှင့် တရုတ်နိုင်ငံတို့ ဆွေးနွေးရာတွင်လည်း အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အဆင့်မြှင့်တင်နိုင်ရေးနှင့် အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးဘဏ် ထူထောင်နိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါကြောင်း ဆွေးနွေး ပွဲအပြီးထုတ်ပြန် ချက်တွင် ဖော်ပြ ပါရှိသည်။

တောင်တရုတ်ပင်လယ်ပြင် တွင် လိုက်နာဆောင်ရွက်ရန် ကိစ္စ များနှင့် ပတ်သက်သည့်အာဆီယံ-တရုတ်၊ တောင်တရုတ်ပင်လယ်ဆိုင်ရာလုပ်ထုံးလုပ်နည်းကြေညာချက် (ဒီအိုစီ)အပြည့်အ၀ အကောင် အထည်ဖော်ရေး၊ တောင် တရုတ်ပင်လယ်ပြင်လုပ်ထုံးလုပ်နည်း (စီအိုစီ)ဆောလျင်စွာပေါ် ထွက်ရေးတို့ကို အတူတကွဆက်လက်ဆောင်ရွက်ကြရန် ထပ် လောင်းကတိက၀တ်ပြုကြပြီး ၂၀၁၅ ခုနှစ်မှာ အာဆီယံ-တရုတ်ပင်လယ်ရေကြောင်းဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးနှစ်အဖြစ်သတ်မှတ်ရေးကြေညာချက်ကိုလည်း ကြိုဆိုခဲ့ကြပါကြောင်း။

အာဆီယံအနေနဲ့ အာဆီယံ အသိုက်အ၀န်း သုံးရပ်ရဲ့ လမ်းပြ မြေပုံများကို အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းရပ်များဟာ ၈၀ ရာခိုင်နှုန်းမျှ ပြီးစီးနေပေမယ့်လည်း ကျန်ရှိနေသေးတဲ့ ၂၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ရေးဟာ အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေမည် ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ တာဝန်လွဲ ပြောင်းပွဲအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က ‘‘သက်ရောက် သဘာဝ ဘေးအန္တရာယ်များနှင့် ပြင်ပဂ ယက်အချို့ဖြစ်သော ကမ္ဘာ့စီးပွား ရေးမရေမရာမှုတွေအပြင် အီဘို လာရောဂါပိုးကဲ့သို့သော ကူးစက်ရောဂါများနဲ့ အကြမ်းဖက်နဲ့ အစွန်း ရောက်ဝါဒအစရှိတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ရင်ဆိုင်ကျော်လွှားကြရာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြီး ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်တဲ့ စွမ်းရည်ကို စဉ် ဆက်မပြတ်ထူထောင်ရန် လိုအပ် တယ်ဆိုတာကို အလေးအနက် ထားပြောကြားလိုပါတယ်’’ဟု လည်း ထည့်သွင်းပြောကြားခဲ့သည်။ သမိုင်းဝင်အာဆီယံဥက္ကဋ္ဌ ရာထူးကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် အဆိုပါ ရာထူးအား မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

သို့သော်လတ်တလော ကမ္ဘာ့အရေးအခြေအနေများကြောင့် မလေးရှားတွင် ပြုလုပ်မည့် အာဆီယံ ဆွေးနွေးပွဲများ၌လည်း အစွန်းရောက်အကြမ်းဖက်မှု အန္တ ရာယ်က ဆွေးနွေးပွဲများ၏ အဓိက ခေါင်းစဉ်သာ ဖြစ်ပါလိမ့်မည်။

7Day DAILY

No comments:

Post a Comment