Wednesday 19 November 2014

မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် မှုခင်းများပူးပေါင်းဖြေရှင်းရန် ဆွေးနွေးခဲ့

မြန်မာ-အိန္ဒိယနယ်စပ် ဒေသတစ်လျှောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် အပြန်အလှန် သတင်း ဖလှယ်ရေးနှင့် နယ်စပ်ရှိသောင်းကျန်းသူများအရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းကိုင်တွယ် ဖြေ ရှင်းရေးလုပ်ငန်းများကို နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးများ သဘောတူဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-အိန္ဒိယနယ်စပ် နယ်ဘက်အာဏာပိုင်များ၏(၁၉)ကြိမ် မြောက် နိုင်ငံတော် အဆင့် အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်ကနေပြည်တော်တွင် ကျင်းပခဲ့ပြီး ပြည်ထဲရေးဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဦးဆောင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၌  အပြန် အလှန် သတင်း ဖလှယ်ရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများတွင် ပူးပေါင်းဖော်ထုတ် ရေး၊ နယ်စပ် လုံခြုံရေးနှင့် နယ်နိမိတ်ကိစ္စများနှင့် နယ်စပ်သောင်းကျန်းသူများအရေးတို့ကို နှစ်ဖက် သဘောတူ ဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၁၄ ရက်က မြန်မာ-အိန္ဒိယ နယ်စပ်ရှိ နန်းယွန်းမြို့ တွင် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး တာဝန်ရှိသူများ အစည်းအဝေးပြု လုပ်ခဲ့ပြီး မူးယစ်ဆေးဝါး၊ သောင်း ကျန်းသူနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ၌  နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးများရှိ တပ်ဖွဲ့ဝင် များကြား အပြန် အလှန်ပူးပေါင်း ဆောင်ရွက်ရေး  သဘောတူခဲ့ သည်။

အထူးသဖြင့် နယ်စပ်တစ် လျှောက်  လုံခြုံရေးကို ခြိမ်း ခြောက်နေသည့် အကြမ်းဖက်အ ဖွဲ့အစည်းကြီး တစ်ခု၏ သတင်း အချက်အလက် အသေးစိတ်ကို အိန္ဒိယက မြန်မာနိုင်ငံဘက်သို့ အချက်အလက်များ မျှဝေခဲ့ကြောင်းအိန္ဒိယဘက်က အဆိုပါ အစည်းအဝေးအပြီးတွင် သတင်းထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံတော်အဆင့် နယ်စပ်အာဏာပိုင်များအစည်း အဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး(၁၇)ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ မှ ရေလုပ်သားများ အိန္ဒိယရေပိုင် နက်အတွင်း ၀င်ရောက် ၍ မျှော့ ဖမ်းပါက အိန္ဒိယဥပဒေအရ ပြင်း ထန်စွာအရေးယူရန် သဘောတူ ထားခဲ့ကြောင်း သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment