Wednesday 19 November 2014

ဒီချုပ်ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးအား မဘသ တရားစွဲဆိုမည်ဟု ဆို

 စာပေဟောပြောပွဲ တစ်ခုတွင် ဘာသာ၊ သာသနာကို ပုတ်ခတ်စော်ကားပြောဆိုမှုဖြင့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်ပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးအား အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)ကစီစဉ်၍ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကိုထင်လင်းဦးကို ဥပဒေ ပိုင်းဆိုင်ရာက ဆောင်ရွက်ဖို့ရှိ တယ်လို့ပြောပါရစေ။ ဆရာတော် ကြီးတွေ ဆုံးဖြတ်ချက်ပါ။ မဘသ က စွဲမှာ မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်ဆိုင်ရာက စွဲမှာပါ’’ဟု မဘသ (ဗဟို)မှ ဥပဒေ အကြံပေးနှင့် အလုပ်အမှုဆောင်တရားလွှတ် တော်ရှေနေ့ဦးအေးပိုင်ကပြော သည်။

ဦးထင်လင်းဦး၏ စာပေ ဟောပြောပွဲတွင် ပြောဆိုမှုနှင့် ပတ်သက်၍ ယခုလ ၁၈ ရက်၌ ပြုလုပ်သော မဘသ (ဗဟို) လ ပတ်အစည်းအဝေးတွင် ဆွေးနွေး မှုပြုခဲ့ပြီး ယင်းကဲ့သို့တရားစွဲရန် ဆရာတော်အားလုံးက သဘောတူ ညီဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မဘသအဖွဲ့အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွင်ထုတ်ပြန် သည့် ကြေညာချက်၌ ဖော်ပြ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးအနေဖြင့် ချောင်းဦးမြို့နယ် စာပေဟောပြောပွဲ၌ ပြော ဆိုချက်များသည်ပါတီ၏ သဘောထားပါဝင်ခြင်းမရှိကြောင်း NLD ကလည်း နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ယခုနှစ်အောက်တိုဘာ တွင် ချောင်းဦးမြို့နယ်အတွင်းရှိ သုံးပန်လှကျေးရွာအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီက ပြုလုပ်သော ဦးဝိစာရနေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် စာရေး ဆရာ ထင်လင်းဦး၏ ဟောပြော ချက်များသည် ဗုဒ္ဓဘာသာအပေါ် ပုတ်ခတ်ပြောဆိုမှုများပါဝင်သ ဖြင့် အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ ရှိနေခြင်းအပေါ် NLD က ယင်း ကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ် သည်။

‘‘ဒီလိုဟောပြောမှုဟာ ပါတီ ကို ကိုယ်စားမပြုပါဘူး။ သူ့ရဲ့ ပုဂ္ဂကဓိဋ္ဌာန်ဟောပြောချက် ဖြစ် တဲ့အတွက် သူ့ရဲ့အာဘော်သာဖြစ်ပါတယ်’’ဟု NLD ဗဟို ကော်မတီဝင်တစ်ဦးက ပြောသည်။

ယင်းစာပေဟောပြောပွဲ ဗီဒီ ယိုဖိုင်မှာ အင်တာနက်စာမျက်နှာ များတွင် ပျံ့နှံခဲ့ပြီး ဗုဒ္ဓဘာသာနှင့် သံဃာတော်များအား ပုတ်ခတ် သော အသုံးအနှုန်းများသုံးစွဲခဲ့ သဖြင့် သက်ဆိုင်ရာပါတီအဖွဲ့ အစည်းက ထိထိရောက်ရောက် အရေးယူရန်လိုကြောင်း အင်တာ နက်လူမှုကွန်ရက်စာမျက်နှာများ တွင် ဝေဖန်ခဲ့ကြသည်။

အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော ဟောပြောမှုဗီဒီယိုဖိုင် ၌ ‘‘သေချာတာက မြတ်စွာဘုရား ဗမာ လူမျိုး မဟုတ်ဘူး။ မြန်မာနိုင်ငံသား တိုင်းရင်းသားမဟုတ်ဘူး။ အမျိုးချစ်ရင် ဒီနေ့ကစပြီးမကိုးကွယ်နဲ့တော့။ ကျုပ်တို့အမျိုး မဟုတ်ဘူး’’ဟု ဦးထင်လင်းဦးက ဟောပြောမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ဆဒ္ဒန်ဆင်မင်း ဇာတ်တော်တွင် ဆင်မင်းအား  မြားဖြင့်လုပ်ကြံသောမုဆိုးသည် လည်း သင်္ကန်းကို အသုံးပြု အကာအကွယ်ယူခဲ့ကြောင်း  နမူနာပြု၍ ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်များ ဖျက်ဆီးနေသည်ကို သိစေချင် ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြောဆိုချက်ကြောင့် တရားစွဲဆိုမည်ဆိုပါက ဘာသာ၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅နှင့် ၂၉၅ (က)တို့အရ စွဲဆိုနိုင်ပြီး ယင်းပုဒ်မနှစ်ခုသည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ် နိုင်သော ပုဒ်မများဖြစ်ကာ ရဲအရေးပိုင်ဖမ်းဆီးနိုင်ပြီး အာမခံပေးနိုင်သည့် ကျေအေးခွင့်မရှိသော အမှုဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ကာယကံရှင် ဦးထင်လင်းဦးအား အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ သော် လည်း ဆက်သွယ် ၍ မရခဲ့ပေ။

ထို့အပြင်ဟောပြောမှုများ ကို NLD စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က စစ်ဆေးမှုများပြုလုပ်နေ သဖြင့် ဦးထင်လင်းဦးအနေဖြင့် စစ်ဆေးစဉ်ကာလအတွင်း NLD အလံအောက်ရှိ မည်သည့်ဟောပြောပွဲတွင်မှ ဟောပြောခြင်းမပြု ရန် ယခုလ ၁၇ ရက်က ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။

7 Day DAILY

No comments:

Post a Comment