Wednesday 19 November 2014

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြန်မာ-လာအို တပ်မတော်နှစ်ရပ် ပူးပေါင်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းလှမ်း

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာအို နိုင်ငံထံသို့ ကမ်းလှမ်းလိုက်သည်။

နေပြည်တော်သို့ ရောက်ရှိနေသော လာအိုနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Sengnuan Saiyalath နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံစဉ် အထက်ပါအတိုင်း ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းမှု ပိုမိုမြှင့်တင်ရန်မှာ နှစ်နိုင်ငံဆက်ဆံရေး အတွက်သာမက ကမ္ဘာပေါ် တွင် စိန်ခေါ်မှု တစ်ရပ်ဖြစ်သော မူးယစ်ဆေးဝါး အန္တရာယ်အတွက် ထိထိရောက်ရောက် ပူးပေါင်း ဆောင် ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

လာအိုနိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးက နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး တပ်မတော်ချင်း ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ပြောဆိုခဲ့ပြီး စိုက်ပျိုးရေးနှင့် ခရီးသွားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နှစ်ဖက် ခေါင်း ဆောင်များ ဆွေးနွေးခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နှစ်နိုင်ငံ ဆက်သွယ်မှုသာမက ကုန်သွယ်မှု ပိုမိုတိုးတက်ရန် မြန်မာ-လာအို ချစ်ကြည်ရေး တံတားကို ၂၀၁၅ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment