Wednesday 19 November 2014

၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေပြင်ရန် ဆောင်ရွက်နိုင်မည်ဟု ဦးရွှေမန်းပြော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သမ္မတနှင့် ကာချုပ်အပေါ်မူတည်ဟု သူရဦးရွှေမန်းဆို

လာမည့်မေလ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့်အဖြေပေါ်မူတည်ပြီး မှသာဆောင်ရွက်၍ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းနှင့်ပတ်သက်သော ဆွေးနွေးမှုများကို ပြည်ထောင်စုလွှတ်တော်တွင် ယခုလ ၂၅ ရက်ထိ ပြုလုပ်နေပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပါဝင်သော အချို့အချက်များအတွက် လူထု ဆန္ဒခံယူပွဲများကို လာမည့် ၂၀၁၅ မေလ တွင် ပြုလုပ်သွားမည်ဟု နိုဝင်ဘာ ၁၈ ရက်၌ နေပြည်တော်ရှိ လွှတ်တော်တွင်ပြုလုပ်သော သတင်း မီဒီယာများနှင့် လွှတ်တော်တွင် ပြုလုပ်သော သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲ ၌ သူရဦးရွှေမန်းကဆိုသည်။

‘‘Referendum(လူထုဆန္ဒ ခံယူပွဲ)ပြီးပြီးချင်း ပြင်ဆင်မှုတွေ ကို ဆောင်ရွက်လို့မရဘူး။ ရွေး ကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ်မူတည်ပြီးမှ ဆောင် ရွက်လို့ရမှာဖြစ်ပါတယ်’’ဟု သူရ ဦးရွှေမန်းကပြောသည်။

‘‘ဒီသက်တမ်းမှာ ပြင်လိုက်တဲ့ဟာ ကိုဆောင်ရွက်မယ်ဆိုရင် ဒီနေ့ အုပ်ချုပ်ရေးအခင်းအကျင်း၊ ကျန်တဲ့ အခင်းအကျင်းတွေက အကုန် လုံးပြောင်းလဲသွားဖို့ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ၂၀၁၅ မှာ ရွေးကောက်

ပွဲလုပ်မယ်။ ထွက်ပေါ်လာတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စား လှယ်တွေနဲ့အတူပဲ။ အဲ..လွှတ်တော် သက်တမ်း စတဲ့နောက်ပိုင်းမှာ ခုနကဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေ ပေါ်မူတည်ပြီး ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်’’ဟု သူရ ဦးရွှေမန်းက သတင်းထောက် များအား ပြောသည်။

ထို့ကြောင့်လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လက်ရှိကျင့်သုံးနေဆဲဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ကျင်း ပသွားရမည်ဟုလည်း သူရဦးရွှေမန်းကဆိုသည်။

လူထုဆန္ဒခံယူပွဲများကို လာမည့် မေလတွင် ကျင်းပမည် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို အပြီးသတ် ဆောင်ရွက်သွားနိုင်ရန် အချိန်ရှိသေးသည့်အတွက် ပြင်ဆင် ရေးလုပ်ငန်းများအပြီးသတ် ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ရန် အချိန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအေးမောင်ကသုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ဒီမိုကရေစီအင်အားစုအများစုက ပြင်ဆင်နိုင်ရေးအတွက် ကြိုးပမ်းနေ သည့် ပုဒ်မ ၄၃၆ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မပြင်ဆင်နိုင်ပါက ဒေါ်အောင် ဆန်းစုကြည်အား သမ္မတဖြစ်ပိုင် ခွင့်ကို ပိတ်ပင်ထားသည့် ပုဒ်မ ၅၉(စ)ကိုလည်း ပြင်ဆင်နိုင်ရန် ခက်ခဲသွားသည့်အတွက် ၂၀၁၅ အလွန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အခွင့် အလမ်း နည်းပါးသွားပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက်လွှတ်တော်တွင် ဆွေးနွေးနေရာ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးကို အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေး ပါတီ များမှတင်ပြဆွေးနွေးနေသော်လည်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ယင်း ပုဒ်မကို မပြင်ရန် ဆွေးနွေးနေကြ သည်။

ထို့ကြောင့် ပုဒ်မ ၄၃၆ ပြင် ဆင်ရေးသည် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် တွင် မူတည်နေ ကြောင်း သူရဦးရွှေမန်းက ဆက် လက်ပြောကြားသည်။

‘‘အောင်မြင်ဖို့ကတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ အစိုးရအဖွဲ့ကို ခေါင်းဆောင်တဲ့ နိုင်ငံတော် သမ္မတကြီး၊ သမ္မတကြီး အနေနဲ့ လည်း တကယ်တမ်း တော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ သြဇာရှိတဲ့သူဖြစ်တဲ့အတွက်အောင်မြင်ရေး၊ မအောင်မြင်ရေး ကတော့ သူတို့ပေါ်မှာတည်တယ်လို့ပဲ ပြောရမှာပါ’’ဟု သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အောင်မြင် မှုနှင့် ပတ်သက်၍ပြောကြားခဲ့သည်။

7Day DAILY

No comments:

Post a Comment