Wednesday 19 November 2014

ဝန်ကြီးချုပ်လေယာဉ်နောက်ကျခြင်းအတွက် အိန္ဒိယ၏ စွပ်စွဲမှု မြန်မာတုံ့ပြန်

Photo: ၀န်ကြီးချုပ်လေယာဉ်နောက်ကျခြင်းအတွက် အိန္ဒိယ၏ စွပ်စွဲမှု မြန်မာတုံ့ပြန်
Wednesday, November 19, 2014

 အိန္ဒိယ၀န်ကြီးချုပ်၏ လေယာဉ်ထွက်ခွာချိန်နောက်ကျ ရခြင်းမှာ မြန်မာနိုင်ငံရှိ မြေပြင် ၀န်ထမ်းများပူးပေါင်းဆောင်ရွက် မှုအားနည်းခြင်းကြောင့်ဟု အိန္ဒိယဘက်က စွပ်စွဲမှုအပေါ် မြန်မာဘက်မှ ပြန်လည်တုံ့ပြန်လိုက် သည်။

အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီသည် မြန်မာနိုင်ငံမှ သြစတြေး  လျနိုင်ငံသို့ ထွက်ခွာရန် နိုဝင်ဘာ ၁၃ ရက်ညက နေပြည်တော်လေ ဆိပ်တွင် လေယာဉ်ဆီဖြည့်စဉ် မြေပြင်တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်မှုအားနည်းခြင်းနှင့် ပစ္စည်းကိရိယာများ မပြည့်စုံခြင်း တို့ကြောင့် မူလထွက်ခွာချိန်ထက် တစ်နာရီကျော်ကြာ နောက်ကျပြီး မှ ထွက်ခွာခဲ့ရကြောင်း အိန္ဒိယ လေကြောင်းလိုင်း၏ ပြောကြားမှု မှာ တစ်ဖက်သတ်ဆန်ပြီး မှားယွင်းနေကြောင်း မြန်မာနိုင်ငံပို့ဆောင် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင် ယော်ကတုံ့ပြန့်လိုက်သည်။

အမှန်တကယ်  ပူးပေါင်း ဆောင်ရွက်မှုမရှိသည်မှာ အဲအိန္ဒိ ယလေကြောင်းမှ တာဝန်ရှိသူများ သာဖြစ်ပြီး လေယာဉ်ဆီကြိုတင် ဖြည့်ထားပေးရန် ပန်ကြားမှုကို မလိုက်နာခြင်းနှင့် အဲအိန္ဒိယ၀မ်း လေယာဉ်ကို နိုင်ငံ့ခေါင်းဆောင် များပြန်လည်ထွက်ခွာရာ Board -ing Bridge လမ်းကြောင်းတွင်  ကြိုတင်စီတန်းပေးရန် ပန်ကြားမှု ကို ပျက်ကွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာနဒုဝန်ကြီး ဦးဇင်ယော်ကပြော ကြားသည်။ ၉၂ မိနစ်ခန့်နောက် ကျပြီးမှ နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ရကြောင်း အဲအိန္ဒိယ လေကြောင်းအရာရှိတစ်ဦးကို ကိုးကား၍ The Time of India သတင်းစာကဖော်ပြထားသည်။

ထို့အပြင်ဝန်ကြီးချုပ်တစ်ဦး ပင်လျှင် လေယာဉ် Delay ဖြစ်ရ သည့် ဒုက္ခကို ရှောင်လွှဲမရနိုင် ကြောင်း ဝေါစထရိဂျာနယ်(အိန္ဒိ ယ)က ရေးသားထားသည်။

‘‘အိန္ဒိယ crew တွေကိုလည်း လည်း ပြန်ထွက်မယ့်အချိန်မှာ တန်းစီပေးဖို့သွားပြောပါတယ်။ ဒါပေမဲ့မရွှေ့ပါဘူး။ ဒါဆိုရင် လေ ယာဉ်ကိုကြိုပြီးဆီဖြည့်ပေးထား ပါလို့ပြောတော့လည်း လေယာဉ် က ကြိုပြီးဆီဖြည့်တာမျိုးမလုပ် ဘူးလို့အကြောင်းပြန်ပါတယ်။ အဲဒီအဲအိန္ဒိယ၀မ်းနဲ့က အမြဲတမ်း စကားပြောရပါတယ်။ အခုသူတို့ က တစ်ဖက်သတ်ကြီး ဒီဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ပြောထားတာ လက်ခံနိုင်စရာမရှိ ပါဘူး’’ဟု ဒုဝန်ကြီးဦးဇင်ယော်က ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်မွန်းလွဲ ပိုင်းတွင် အာဆီယံနှင့် ဆွေးနွေး ဖက်နိုင်ငံ ရှစ်နိုင်ငံအနက် အမေရိ ကန်နှင့် တရုတ်ကလွဲ၍ ကျန်နိုင်ငံ များအားလုံးငါးမိနစ်ခြားတစ်ခါ ခေါင်းဆောင်လေယာဉ်များ ထွက်ခွာခဲ့ပြီး အိန္ဒိလေယာဉ်မှာ လေ ယာဉ်ထွက်ခွာရာ လမ်းကြောင်း သို့ မရွှေ့ထားဘဲ ညအိပ်ရပ်နား သည့်နေရာတွင်သာ ထားရှိသည့် အတွက် အိန္ဒိယ၀န်ကြီးချုပ် လေ ယာဉ်လိုအပ်သည့် ဆီ ၁၂၀၀၀ ကီလိုပြည့်ရန် ဂါလန် ၃၄၀၀ သာ ဆံ့သည့် ဆီဖြည့်ကားများဖြင့် သုံး ကြိမ်ခန့်ဖြည့်ပေးခဲ့ရ၍ အချိန် ပိုယူခဲ့ရကြောင်း နေပြည်တော် လေဆိပ်လေယာဉ်ဆီဖြည့်တင်း သည့် Pioneer ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးကပြောကြားသည်။

‘‘၀န်ကြီးချုပ်က ဓာတ်ဆီနမူ နာတောင်းလို့ ဆီမဖြည့်ခင် ပုံးနဲ့ သူတို့ crew ကိုထည့်ပေးလိုက်ရ ပါတယ်။ အဓိကက boarding bridge မရပ်နိုင်ဘူးဆိုတဲ့အတွက် ညအိပ်ရပ်နားတဲ့နေရာအထိ ဆီ သွားဖြည့်လိုက်ရတာပါ။ board-ing bridge မှာဆိုရင်တော့ မြေ အောက်ဆီဖြည့်တဲ့ပိုက်နဲ့ဆက်ပြီး ဖြည့်လိုက်ရင် နာရီဝက်တောင် မကြာပါဘူး’’ဟု ၎င်းကပြောကြား သည်။

အိန္ဒိ၀န်ကြီးချုပ်အသုံးပြုခဲ့ သည့် လေယာဉ်အမျိုးအစားမှာ ဘိုးရင်း 747 လေယာဉ်ဖြစ်ပြီး အဆိုပါလေယာဉ်အမျိုးအစားကို ပင် ဂျပန်ဝန်ကြီးချုပ်နှင့် ကိုရီးယားသမ္မတတို့ အသုံးပြုခဲ့ကြသော် လည်း လေယာဉ်ဆီဖြည့်ရာတွင် ပြဿနာမရှိခဲ့ကြောင်း ဒုဝန်ကြီး ဦးဇင်ယော်ကပြောသည်။

နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ပိုင်းမှစ၍ သြစတြေးလျဝန်ကြီး ချုပ် တိုနီအက်ဘော့၊ နယူးဇီလန် ၀န်ကြီးချုပ်၊ ကုလအတွင်းရေးမှူး ချုပ် ဘန်ကီမွန်း၊ ရုရှားဝန်ကြီး ချုပ် ဒီမီထရီမက်ဒီဗက်တို့ အသီး သီးပြန်လည်ထွက်ခွာခဲ့ပြီး အိန္ဒိယ ၀န်ကြီးချုပ် မိုဒီမှာ မူလက ည ၉  နာရီခွဲတွင် ထွက်ခွာရန်ဖြစ်သော် လည်း လေယာဉ် delay ကြောင့် ည ၁၁ နာရီကျော်မှသာ နေပြည် တော်မှ ပြန်လည်ထွက်ခွာနိုင်ခဲ့ သည်။

7Day DAILY

အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အိန္ဒိယ၀န်ကြီးချုပ် နဂန်ဒရာမိုဒီ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အိန္ဒိယ၀န်ကြီးချုပ် နဂန်ဒရာမိုဒီ 

 အိန္ဒိယ၀န်ကြီးချုပ်၏ လေယာဉ်ထွက်ခွာချိန်နောက်ကျ ရခြင်းမှာ မြန်မာနိုင်ငံရှိ မြေပြင် ၀န်ထမ်းများ ပူးပေါင်း ဆောင်ရွက် မှုအားနည်းခြင်းကြောင့်ဟု အိန္ဒိယဘက်ကစွပ်စွဲမှုအပေါ် မြန်မာဘက်မှ ပြန်လည် တုံ့ပြန်လိုက် သည်။

အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီသည် မြန်မာနိုင်ငံမှ သြစတြေး  လျနိုင်ငံသို့ ထွက်ခွာရန် နိုဝင်ဘာ ၁၃ ရက် ညက နေပြည်တော်လေ ဆိပ်တွင် လေယာဉ်ဆီဖြည့်စဉ် မြေပြင်တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းနှင့် ပစ္စည်းကိရိယာများ မပြည့်စုံခြင်း တို့ကြောင့် မူလထွက်ခွာချိန်ထက် တစ်နာရီကျော်ကြာ နောက်ကျပြီး မှ ထွက်ခွာခဲ့ရကြောင်း အိန္ဒိယ လေကြောင်းလိုင်း၏ ပြောကြားမှု မှာ တစ်ဖက်သတ်ဆန်ပြီး မှားယွင်းနေကြောင်း မြန်မာနိုင်ငံပို့ဆောင် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင် ယော်ကတုံ့ပြန့်လိုက်သည်။

အမှန်တကယ်  ပူးပေါင်း ဆောင်ရွက်မှုမရှိသည်မှာ အဲအိန္ဒိ ယလေကြောင်းမှ တာဝန်ရှိသူများ သာဖြစ်ပြီး လေယာဉ်ဆီကြိုတင် ဖြည့်ထားပေးရန် ပန်ကြားမှုကို မလိုက်နာခြင်းနှင့် အဲအိန္ဒိယ၀မ်း လေယာဉ်ကို နိုင်ငံ့ခေါင်းဆောင် များပြန်လည်ထွက်ခွာရာ Board -ing Bridge လမ်းကြောင်းတွင်  ကြိုတင်စီတန်းပေးရန် ပန်ကြားမှုကို ပျက်ကွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာနဒုဝန်ကြီး ဦးဇင်ယော်က ပြော ကြားသည်။ ၉၂ မိနစ်ခန့်နောက် ကျပြီးမှ နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ရကြောင်း အဲအိန္ဒိယ လေကြောင်းအရာရှိတစ်ဦးကို ကိုးကား၍ The Time of India သတင်းစာကဖော်ပြထားသည်။

ထို့အပြင်ဝန်ကြီးချုပ်တစ်ဦး ပင်လျှင် လေယာဉ် Delay ဖြစ်ရ သည့် ဒုက္ခကို ရှောင်လွှဲမရနိုင် ကြောင်း ဝေါစထရိဂျာနယ်(အိန္ဒိ ယ)က ရေးသားထားသည်။

‘‘အိန္ဒိယ crew တွေကိုလည်း ပြန်ထွက်မယ့်အချိန်မှာ တန်းစီပေးဖို့သွားပြောပါတယ်။ ဒါပေမဲ့မရွှေ့ပါဘူး။ ဒါဆိုရင်လေ ယာဉ်ကိုကြိုပြီးဆီဖြည့်ပေးထား ပါလို့ပြောတော့လည်း လေယာဉ် က ကြိုပြီးဆီဖြည့်တာမျိုး မလုပ် ဘူးလို့အကြောင်းပြန်ပါတယ်။ အဲဒီအဲအိန္ဒိယ၀မ်းနဲ့က အမြဲတမ်း စကားပြောရပါတယ်။ အခုသူတို့ က တစ်ဖက်သတ်ကြီး ဒီဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ပြောထားတာ လက်ခံနိုင်စရာမရှိ ပါဘူး’’ဟု ဒုဝန်ကြီးဦးဇင်ယော်က ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်မွန်းလွဲ ပိုင်းတွင် အာဆီယံနှင့် ဆွေးနွေး ဖက်နိုင်ငံ ရှစ်နိုင်ငံအနက် အမေရိ ကန်နှင့် တရုတ်ကလွဲ၍ ကျန်နိုင်ငံ များအားလုံးငါးမိနစ်ခြားတစ်ခါ ခေါင်းဆောင်လေယာဉ်များ ထွက်ခွာခဲ့ပြီး အိန္ဒိလေယာဉ်မှာ လေယာဉ်ထွက်ခွာရာ လမ်းကြောင်း သို့ မရွှေ့ထားဘဲ ညအိပ်ရပ်နား သည့်နေရာတွင် သာ ထားရှိသည့် အတွက် အိန္ဒိယ၀န်ကြီးချုပ် လေ ယာဉ်လိုအပ်သည့် ဆီ ၁၂၀၀၀ ကီလိုပြည့်ရန် ဂါလန် ၃၄၀၀ သာ ဆံ့သည့် ဆီဖြည့်ကားများဖြင့် သုံး ကြိမ်ခန့်ဖြည့်ပေးခဲ့ရ၍ အချိန် ပိုယူခဲ့ရကြောင်း နေပြည်တော် လေဆိပ်လေယာဉ်ဆီဖြည့်တင်း သည့် Pioneer ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးကပြောကြားသည်။

‘‘၀န်ကြီးချုပ်က ဓာတ်ဆီနမူ နာတောင်းလို့ ဆီမဖြည့်ခင် ပုံးနဲ့ သူတို့ crew ကိုထည့်ပေးလိုက်ရ ပါတယ်။ အဓိကက boarding bridge မရပ်နိုင်ဘူးဆိုတဲ့အတွက် ညအိပ်ရပ်နားတဲ့နေရာအထိ ဆီသွားဖြည့်လိုက် ရတာပါ။ board-ing bridge မှာဆိုရင်တော့ မြေ အောက်ဆီဖြည့်တဲ့ပိုက်နဲ့ဆက်ပြီး ဖြည့်လိုက်ရင် နာရီဝက်တောင် မကြာပါဘူး’’ဟု ၎င်းကပြောကြား သည်။

အိန္ဒိ၀န်ကြီးချုပ်အသုံးပြုခဲ့ သည့် လေယာဉ်အမျိုးအစားမှာ ဘိုးရင်း 747 လေယာဉ်ဖြစ်ပြီး အဆိုပါလေယာဉ် အမျိုးအစားကို ပင် ဂျပန်ဝန်ကြီးချုပ်နှင့် ကိုရီးယားသမ္မတတို့ အသုံးပြုခဲ့ကြသော်လည်း လေယာဉ် ဆီဖြည့်ရာတွင် ပြဿနာမရှိခဲ့ကြောင်း ဒုဝန်ကြီး ဦးဇင်ယော်ကပြောသည်။

နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ပိုင်းမှစ၍ သြစတြေးလျဝန်ကြီး ချုပ် တိုနီအက်ဘော့၊ နယူးဇီလန် ၀န်ကြီးချုပ်၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဒီဗက်တို့ အသီး သီးပြန်လည်ထွက်ခွာ ခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် မိုဒီမှာ မူလက ည ၉  နာရီခွဲတွင် ထွက်ခွာရန်ဖြစ်သော်လည်း လေယာဉ် delay ကြောင့် ည ၁၁ နာရီကျော်မှသာ နေပြည် တော်မှ ပြန်လည်ထွက်ခွာနိုင်ခဲ့ သည်။

7Day DAILY

No comments:

Post a Comment