Wednesday 19 November 2014

မန္တလေးလေဆိပ် မြှင့်တင်ထိန်းသိမ်းရန် ဂျပန်လုပ်ငန်းစုအား နှစ် ၃၀ လုပ်ခွင့်ပေး

Photo: မန္တလေးလေဆိပ် မြှင့်တင်ထိန်းသိမ်းရန် ဂျပန်လုပ်ငန်းစုအား နှစ် ၃၀ လုပ်ခွင့်ပေး
Wednesday, November 19, 2014

မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်တစ်ခုလုံး အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဂျပန် Consortium လုပ်ငန်းစုတစ်ခုကို နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးလိုက်ကြောင်း ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဌာနမှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့ ၁၇ ရက်ကပဲ နှစ် ၃၀ လုပ်ကိုင်ခွင့်အတွက် သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်တာပါ။ လေဆိပ်ကြီးတစ်ခုလုံးကို ပုဂ္ဂလိက ကုမ္ပဏီတွေဆီ လွှဲပြောင်းပြီး လုပ်ကိုင်ခွင့်ပေးလိုက်တာ ဒါပထမဆုံးပါပဲ’’ဟု ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ် အဆင့်မြှင့်တင်မှုကို ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်သည့် Jalux နှင့် Misubishi ကုမ္ပဏီတို့ ပူး ပေါင်းထားသည့် MC Jalux Airport Services Co.,Ltd က လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီတွင် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် ရိုးမ၏စီးပွားရေးလုပ်ငန်းခွဲတစ်ခုဖြစ်သော SPA က  ရှယ်ယာ ၅ ရာခိုင်နှုန်းပါဝင်ကြောင်း သတင်းရရှိသည်။

‘‘သူတို့တာဝန်ယူလုပ်ကိုင် တဲ့ ကာလအတွင်းမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ရမယ်။ ဘာတွေ အဆင့်မြှင့်တင်ရမလဲဆိုတာကို တော့ နှစ်အလိုက် စီမံချက်နဲ့ ချပေးသွားမှာပါ။ နောက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကိုလည်း အခုလို ဆက်ပြီးလုပ်သွားဖို့ ရှိပါတယ်’’ ဟု ဦးဝင်းဆွေထွန်းက ရှင်းပြသည်။

အဆိုပါ လေဆိပ်ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ လေယာဉ်ပြေးလမ်း ၄,၂၆၇ မီတာ ရှည်လျားပြီး ဘိုးရင်းလေယာဉ် များ ပျံသန်းနိုင်သော လေယာဉ် ကွင်းတစ်ခုဖြစ်၍ တစ်နှစ်လျှင် ခရီးသည် သုံးသန်းခန့်ကို ၀န် ဆောင်မှု ပေးနိုင်သည်။

7Day DAILY 

တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဓာတ်ပုံ - မောင်တာ)

တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဓာတ်ပုံ - မောင်တာ)

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုလုံးအဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ် ငန်းများဆောင်ရွက်ရန် ဂျပန် Consortium လုပ်ငန်းစုတစ်ခုကို နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးလိုက် ကြောင်း ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဌာနမှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့ ၁၇ ရက်ကပဲ နှစ် ၃၀ လုပ်ကိုင်ခွင့်အတွက် သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်တာပါ။ လေဆိပ်ကြီးတစ်ခုလုံးကို ပုဂ္ဂလိက ကုမ္ပဏီတွေဆီ လွှဲပြောင်းပြီး လုပ်ကိုင်ခွင့်ပေးလိုက်တာ ဒါပထမဆုံးပါပဲ’’ဟု ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ် အဆင့်မြှင့်တင်မှုကို ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်သည့် Jalux နှင့် Misubishi ကုမ္ပဏီတို့ ပူး ပေါင်းထားသည့် MC Jalux Airport Services Co.,Ltd က လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီတွင် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် ရိုးမ၏စီးပွားရေးလုပ်ငန်းခွဲ တစ်ခုဖြစ်သော SPA က  ရှယ်ယာ ၅ ရာခိုင်နှုန်းပါဝင်ကြောင်း သတင်းရရှိသည်။

‘‘သူတို့တာဝန်ယူလုပ်ကိုင် တဲ့ ကာလအတွင်းမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင် ရမယ်။ ဘာတွေ အဆင့်မြှင့်တင်ရမလဲဆိုတာကိုတော့ နှစ်အလိုက် စီမံချက်နဲ့ ချပေးသွားမှာပါ။ နောက် ပိုင်းမှာ ရန်ကုန်လေဆိပ်ကိုလည်း အခုလို ဆက်ပြီးလုပ်သွားဖို့ ရှိပါတယ်’’ ဟု ဦးဝင်းဆွေထွန်းက ရှင်းပြ သည်။

အဆိုပါ လေဆိပ်ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ လေယာဉ်ပြေးလမ်း ၄,၂၆၇ မီတာ ရှည်လျား ပြီး ဘိုးရင်းလေယာဉ် များ ပျံသန်းနိုင်သော လေယာဉ် ကွင်းတစ်ခုဖြစ်၍ တစ်နှစ်လျှင် ခရီးသည် သုံးသန်း ခန့်ကို ၀န် ဆောင်မှု ပေးနိုင်သည်။

7Day DAILY

No comments:

Post a Comment