Wednesday 19 November 2014

နိုင်ငံရေး သိပ္ပံ ဒီပလိုမာသင်တန်း ဒီဇင်ဘာ ၁၅ ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်း ကို ဒီဇင်ဘာ ၁၅ ရက်၌ စတင်ဖွင့်လှစ်သင်ကြား ပို့ချ သွားမည်ဖြစ်ပြီးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း နိုင်ငံတကာဆက်ဆံ ရေးပညာဌာနမှ သတင်းရရှိသည်။

ရန်ကုန်တက္ကသိုလ်တွင် လွန်ခဲ့သောပညာသင်နှစ်က နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဘွဲ့ကြိုတန်း၌ စတင် ဖွင့်လှစ်သင်ကြားပို့ချ ခဲ့ပြီးနောက် ယခုအခါ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက် ခြင်း ဖြစ်သည်။

နိုင်ငံရေးသိပ္ပံဒီပလိုမာသင် တန်းလျှောက်လွှာများကို နိုဝင် ဘာ ၁၉ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး ၂၆ ရက်၌ လျှောက်လွှာပိတ်မည်ဖြစ်ကာ ဒီဇင်ဘာ ၂ ရက်တွင် ၀င်ခွင့်စာမေးပွဲဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။

‘‘နေရာအခက်အခဲရှိတဲ့အ တွက် သင်တန်းသားအများကြီး လက်မခံနိုင်ပါဘူး။ သင်ကြားပို့ချ မယ့် ဆရာဦးရေလည်း အခက် အခဲရှိနေပါတယ်’’ဟု ရန်ကုန် တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံ ရေးပညာဌာနမှ တာဝန်ရှိသူက ပြောသည်။

နိုင်ငံရေးသိပ္ပံဒီပလိုမာသင် တန်းသည် တနင်္လာမှ သောကြာနေ့အထိ၊ နံနက် ၇ နာရီမှ ၉  နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလ ကိုးလကြာမြင့်မည် ဖြစ်ကာ သင်တန်းကြေး မသတ်မှတ်ရ သေးကြောင်းသိရသည်။

‘‘ပုံမှန်သင်တန်းကြေးက တော့ အရင်တုန်းက ဘွဲ့လွန်ဒီပလိုမာတန်းတွေမှာ ကျပ်လေးသောင်းသတ်မှတ် ထားပါတယ်။ အခုက တက္ကသိုလ်တွေ ကိုယ်ပိုင်စီမံခွင့်ရှိ လာတဲ့အတွက် သင်တန်းကြေး မြင့်တက်ဖို့ ရှိပါတယ်’’ဟု အထက် ပါတာဝန်ရှိသူက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ရန်ကုန်တက္ကသိုလ်တွင် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို လူ့စွမ်း အား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး သင်တန်းအစီ အစဉ်များ တိုး ချဲ့ဆောင်ရွက်လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment