Wednesday 19 November 2014

အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps မြန်မာနိုင်ငံတွင်ထူထောင်သွားမည်

Photo: အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps မြန်မာနိုင်ငံတွင်ထူထောင်သွားမည်
Wednesday, November 19, 2014

အမေရိကန်ပြည်ထောင်စု၏ Peace Corps ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အား ပေးအစီအစဉ် တစ်ရပ်ကို မြန်မာနိုင်ငံ၌ ထူထောင်သွားမည်ဖြစ်ကြောင်း အမေရိ ကန် ပြည်ထောင်စုက ကြေညာလိုက် ကြောင်း သိရသည်။ 

Peace Corps အစီစဉ်ကို ၁၉၆၁ ခုနှစ်တွင်စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းကစ၍ကမ္ဘာတစ်ဝန်း တွင် လုပ်အားပေး ၂၂၀၀၀၀ နီးပါကို စေလွှတ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍများတွင် ကူညီလုပ်ဆောင်ပေးကြခြင်းဖြစ်သည်။   

၎င်း၏ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းသည် အမေရိကန်လူထုနှင့် တခြားနိုင်ငံ တွေ က လူထုများအကြောင်းနားလည်မှုပိုမို ရရှိလာစေရန်အတွက်လည်းဖြစ် သည်။ မြန်မာနိုင်ငံသည် Peace Corps အစီစဉ်တွင် ပါဝင်တဲ့ နိုင်ငံများ ထဲတွင် ၁၄၁ ခုမြောက်နိုင်ငံဖြစ်လာပြီး အမေရိ ကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့ ကြားတွင် အားကောင်းသည့်ပူးတွဲလုပ် ဆောင်မှုများ၊ ခိုင်မာသည့်ဆက်ဆံရေး များရှိနေသည်ကို ဒီအစီစဉ်ကသက်သေ ပြလိုက်ခြင်းဖြစ်ကြောင်းကို အမေရိကန် သမ္မတအိမ်ဖြူတော်၏ကြေညာချက် တွင် ဖော်ပြထားကြောင်းလည်းသိရ သည်။

၎င်းPeace Corps ငြိမ်းချမ်းရေး ဆိုင်ရာလုပ်အားပေး အစီအစဉ်တွင် မြန်မာနိုင်ငံပါလာရခြင်းမှာဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးများတက်ရောက် ပြီး မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးဖို့အတွက် အမေရိကန်သမ္မတ အိုဘားမားမြန်မာနိုင်ငံသို့ရောက်နေချိန် တွင် ယင်း Peace Corps အစီစဉ်ကြေညာ ချက်ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းနောက်တွင်  Peace Corps လုပ်အားပေး ပထမဦးဆုံးအသုတ်သည် ၂၀၁၅ ခုနှစ်ကုန်ခါနီးတွင် မြန်မာနိုင်ငံ ဆီသို့ရောက်ရှိလာမည်ဖြစ်ပြီး သုံးလကြာ သင်တန်းပြီးဆုံးပြီးသည့်နောက်တွင် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ၌ နှစ်နှစ် ကြာကြာတာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်းလည်း သိရသည်။
အမေရိကန်ပြည်ထောင်စု၏ Peace Corps ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အားပေး   အစီအစဉ်တစ်ရပ်ကို မြန်မာနိုင်ငံတွင် ထူထောင်သွားမည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ  အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တစ်ခုထဲတွင် ဖော်ပြထား သည်မှာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် ၏သန်္နိဋ္ဌာန်ကို အကောင်း ဆုံးဖော်ပြဖို့ရာ ယခုကဲ့သို့လူထုအချင်းချင်းဆက်သွယ် လုပ်ဆောင်တာမျိုးကတစ်ဆင့်ဖော်ပြသည် ထက်ပိုကောင်းတဲ့ နည်းလမ်းမရှိဘူးဟု လည်း ဖော်ပြထားကြောင်းသိရသည်။
 
မာန်ဟိန်း
Hot News
အမေရိကန်ပြည်ထောင်စု၏ Peace Corps ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အား ပေးအစီအစဉ် တစ်ရပ်ကို မြန်မာနိုင်ငံ၌ ထူထောင်သွားမည်ဖြစ်ကြောင်း အမေရိ ကန် ပြည်ထောင်စုက ကြေညာလိုက် ကြောင်း သိရသည်။

Peace Corps အစီစဉ်ကို ၁၉၆၁ ခုနှစ်တွင်စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းကစ၍ ကမ္ဘာ တစ်ဝန်းတွင် လုပ်အားပေး ၂၂၀၀၀၀ နီးပါကို စေလွှတ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး ကဲ့သို့သော ကဏ္ဍများတွင် ကူညီလုပ်ဆောင်ပေးကြခြင်းဖြစ်သည်။  

၎င်း၏ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းသည် အမေရိကန်လူထုနှင့် တခြားနိုင်ငံတွေက လူထုများအကြောင်း နားလည်မှု ပိုမို ရရှိလာစေရန်အတွက်လည်းဖြစ် သည်။ မြန်မာနိုင်ငံသည် Peace Corps အစီစဉ်တွင် ပါဝင်တဲ့ နိုင်ငံများ ထဲတွင် ၁၄၁ ခုမြောက်နိုင်ငံဖြစ်လာပြီး အမေရိ ကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့ ကြားတွင် အားကောင်းသည့်ပူးတွဲလုပ် ဆောင်မှုများ၊ ခိုင်မာသည့်ဆက်ဆံရေး များရှိနေသည်ကို ဒီအစီစဉ်က သက်သေ ပြလိုက်ခြင်းဖြစ်ကြောင်းကို အမေရိကန် သမ္မတအိမ်ဖြူတော်၏ကြေညာချက် တွင် ဖော်ပြထားကြောင်းလည်းသိရ သည်။

၎င်းPeace Corps ငြိမ်းချမ်းရေး ဆိုင်ရာလုပ်အားပေး အစီအစဉ်တွင် မြန်မာနိုင်ငံပါလာရခြင်းမှာ ဒေသ ဆိုင်ရာ ထိပ်သီးအစည်းအဝေးများတက်ရောက် ပြီး မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးဖို့အတွက် အမေရိကန်သမ္မတ အိုဘားမားမြန်မာနိုင်ငံသို့ရောက်နေချိန် တွင် ယင်း Peace Corps အစီစဉ်ကြေညာ ချက်ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနောက်တွင်  Peace Corps လုပ်အားပေး ပထမဦးဆုံးအသုတ်သည် ၂၀၁၅ ခုနှစ်ကုန်ခါနီးတွင် မြန်မာနိုင်ငံ ဆီသို့ရောက်ရှိလာမည်ဖြစ်ပြီး သုံးလကြာ သင်တန်းပြီးဆုံးပြီးသည့်နောက်တွင် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ၌ နှစ်နှစ် ကြာကြာတာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်းလည်း သိရသည်။

အမေရိကန်ပြည်ထောင်စု၏ Peace Corps ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အားပေး   အစီအစဉ်တစ်ရပ်ကို မြန်မာနိုင်ငံတွင် ထူထောင်သွားမည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ  အိမ်ဖြူတော်၏ ထုတ်ပြန် ချက်တစ်ခုထဲတွင် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်၏သန်္နိဋ္ဌာန်ကို အကောင်းဆုံး ဖော်ပြဖို့ရာ ယခုကဲ့သို့လူထုအချင်းချင်းဆက်သွယ် လုပ်ဆောင်တာမျိုးကတစ်ဆင့်ဖော်ပြသည်ထက် ပိုကောင်းတဲ့ နည်းလမ်းမရှိဘူးဟု လည်း ဖော်ပြထားကြောင်းသိရသည်။

မာန်ဟိန်း
Hot News

No comments:

Post a Comment