Wednesday 19 November 2014

အီဘိုလာရောဂါ ကုသခဲ့သည့် အိန္ဒိယအမျိုးသား သုက်ပိုးထဲတွင် ဗိုင်းရပ်စ်လက်ကျန် တွေ့ရှိ

Photo: အီဘိုလာရောဂါ ကုသခဲ့သည့် အိန္ဒိယအမျိုးသား သုက်ပိုးထဲတွင် ဗိုင်းရပ်စ်လက်ကျန် တွေ့ရှိ
Wednesday, November 19, 2014

လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါကို ကုသခဲ့ပြီး အိန္ဒိယနိုင်ငံကို ပြန်လာ တဲ့ အမျိုးသားတယောက်ရဲ့ သုက်နမူနာမှာ အီဘိုလာဗိုင်းရပ်စ်လက်ကျန် ပြနေလို့ အများသူ၊ ငါနဲ့ မတွေ့စေဘဲ သီးခြားခွဲပြီး ရောဂါခြေချုပ်နဲ့ ထားတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

နယူးဒေလီလေဆိပ်ကို နိုဝင်ဘာ ၁၀ ရက်နေ့က ရောက်လာတဲ့ အိန္ဒိယ အမျိုးသားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့လမ်းညွှန်ချက်တွေအတိုင်း စမ်းသပ်ရာမှာ အီဘိုလာ ကင်းစင်ပြီလို့ ပြနေခဲ့ပေမယ့် သူရဲ့သုက်ပိုး စမ်းသပ်မှုထဲမှာ ဗိုင်းရပ်စ်ကို တွေ့ခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သုက်ပိုးတွေကို အမျိုးသားရောဂါပိုး ထိန်းချုပ်ရေးဌာနနဲ့ ကူးစက်ရောဂါဆိုင်ရာ တက္ကသိုလ်တို့မှာ စမ်းသပ်ခဲ့တာလို့ ကျန်းမာရေးဝန်ကြီး ဂျေပီ နက်ဒ်ဒါ (JP Nadda) က ပြောပါတယ်။

အိန္ဒိယအမျိုးသားကတော့ အီဘိုလာရောဂါ ကုသပြီးစီးကြောင်း အထောက် အထား စာရွက်စာတမ်းတွေကို သူနဲ့ အတူ ယူလာခဲ့တာပါ။ သူ့ကို ရောဂါ ခြေချုပ် ထားပြီး နောက် ၁၀ ရက် နေရင် သူကိုယ်ထဲ ဗိုင်းရပ်စ်ရှိ၊ မရှိ စမ်းသပ် မယ်လို့ အကြီးတန်းကျန်းမာရေးဝန်ကြီးဌာန အရာရှိ တယောက်က ပြောပါ တယ်။

လတ်တလော သီတင်းပတ်တွေအတွင်း အီဘိုလာကူးစက်ခံ အနောက်အာဖရိက ကနေ လာတဲ့ ထောင်နဲ့ချီတဲ့ ခရီးသည်တွေကို အိန္ဒိယအစိုးရက စစ်ဆေးခဲ့ ပါတယ်။

 ဒီဗွီဘီ
လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါကိုကုသခဲ့ပြီး အိန္ဒိယနိုင်ငံကိုပြန်လာတဲ့ အမျိုးသားတယောက်ရဲ့ သုက်နမူနာမှာ အီဘိုလာဗိုင်းရပ်စ်လက်ကျန် ပြနေလို့ အများသူ၊ ငါနဲ့ မတွေ့စေဘဲ သီးခြားခွဲပြီး ရောဂါ ခြေချုပ်နဲ့ ထားတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

ebola1နယူးဒေလီလေဆိပ်ကို နိုဝင်ဘာ ၁၀ ရက်နေ့က ရောက်လာတဲ့ အိန္ဒိယအမျိုးသားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့လမ်းညွှန်ချက်တွေအတိုင်း စမ်းသပ်ရာမှာ အီဘိုလာ ကင်းစင်ပြီလို့ ပြနေခဲ့ပေမယ့် သူရဲ့သုက်ပိုး စမ်းသပ်မှုထဲမှာ ဗိုင်းရပ်စ်ကို တွေ့ခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သုက်ပိုးတွေကို အမျိုးသားရောဂါပိုး ထိန်းချုပ်ရေးဌာနနဲ့ ကူးစက်ရောဂါဆိုင်ရာ တက္ကသိုလ်တို့မှာ စမ်းသပ်ခဲ့တာလို့ ကျန်းမာရေးဝန်ကြီး ဂျေပီ နက်ဒ်ဒါ (JP Nadda) က ပြောပါတယ်။

အိန္ဒိယအမျိုးသားကတော့ အီဘိုလာရောဂါ ကုသပြီးစီးကြောင်း အထောက်အထား စာရွက်စာတမ်းတွေကို သူနဲ့ အတူ ယူလာခဲ့တာပါ။ သူ့ကို ရောဂါခြေချုပ်ထားပြီး နောက် ၁၀ ရက် နေရင် သူကိုယ်ထဲ ဗိုင်းရပ်စ်ရှိ၊ မရှိ စမ်းသပ်မယ်လို့ အကြီးတန်းကျန်းမာရေးဝန်ကြီးဌာန အရာရှိ တယောက်က ပြောပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း အီဘိုလာကူးစက်ခံ အနောက်အာဖရိက ကနေ လာတဲ့ ထောင်နဲ့ချီတဲ့ ခရီးသည်တွေကို အိန္ဒိယအစိုးရက စစ်ဆေးခဲ့ပါတယ်။

 ဒီဗွီဘီ

No comments:

Post a Comment