Wednesday 19 November 2014

စီးဆင်းမှု မရှိ ငွေအိပ်စေသည့် မြေယာဝယ်ယူမှု များပြားခြင်းကြောင့် ကန်ဒေါ်လာ ငွေလဲနှုန်း စံချိန်တင် မြင့်တက်

Photo: စီးဆင်းမှု မရှိ ငွေအိပ်စေသည့် မြေယာဝယ်ယူမှု များပြားခြင်းကြောင့် ကန်ဒေါ်လာ ငွေလဲနှုန်း စံချိန်တင် မြင့်တက်
Wednesday, November 19, 2014

နိုဝင်ဘာ ၁၈  ရက်နေ့ ညနေပိုင်း တွင် အမေရိကန် တစ်ဒေါ်လာဈေးနှုန်း မှာ မြန်မာငွေ ကျပ် ၁ဝ၆ဝ အထိ တိုး တက်သွားခဲ့ကာ ရန်ကုန်မြို့တွင်းရှိ နိုင်ငံ ခြားငွေ အေ ရာင်းကောင်တာများတွင် အမေရိကန် ဒေါ်လာ ဝယ်ယူမှုနှုန်းများ ပြားလာသည်ဟု ငွေအရောင်းအဝယ် ဈေးကွက်မှ သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ငွေ လဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁ဝ၁၅ ဝန်းကျင်သာ ရှိ ခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် ရုတ် ချည်း ၁ဝ၆ဝ ကျပ်သို့ တိုးမြင့်လာသည်။

ငွေဝယ်လိုအား အလွန်များလာ သည့်အတွက်ကြောင့် မြန်မာငွေလဲနှုန်း တက်လာရခြင်းဖြစ်ပြီး ¤င်းကိစ္စကို ဗဟို ဘဏ်တစ်ခုတည်းက ထိန်းချုပ်၍ ရနိုင် မည်မဟုတ်ဘဲ ဌာနပေါင်းစုံပူးပေါင်းပါ ဝင်လုပ်ကိုင်မှသာ ငွေလဲနှုန်းတိုးမြင့်နေ ခြင်းကိုထိန်းချုပ်နိုင်မှာဖြစ်ကြောင်း CBဘဏ် ဒု-ဥက္ကဋ္ဌ ဦးဖေမြင့်က ပြော သည်။

သွင်းကုန်ပမာဏ များပြားနေပြီး ထုတ်ကုန်နည်းပါးမှုဖြစ်နေသည့်အ တွက် ကုန်သွယ်ရေးဌာနမှ သွင်းကုန် လိုင်စင် ထိန်းချုပ်ဖို့လိုကြောင်း ၄င်းက ဖြည့်စွက်ပြောသည်။
ငွေလဲနှုန်းကို ဗဟိုဘဏ်က ထိန်း ရမည့်အခြေအနေသို့ ရောက်ပြီဟုKBZ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က ပြော သည်။

၂ဝ၁၄ နိုဝင်ဘာ ၁၈ ရက် ဗဟို ဘဏ်မှ ထုတ်ပြန်သည့် စာရင်းအရ နိုင်ငံခြားငွေ လဲလှယ်မှု ရည်ညွှန်းနှုန်း ထား(Reference Foreign Ex-change Rates)  မှာ အမေရိကန် တစ် ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁ဝ၄ဝ နှုန်းဖြစ်ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေ လဲလှယ်သည့်စနစ်မှာ ၂ဝ၁၂ ဧပြီ လမှ စတင်ပြီး ထိန်းချုပ်နှုန်းရှင် (Managed Float System)ကို ကျင့် သုံးသည်။

ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး ကမူ ဗဟိုဘဏ်မှ ဒေါ်လာငွေများ ထုတ် ရောင်းချပေးနေသော်လည်း ၄င်းငွေ များမှာ သွင်းကုန်ထုတ်ကုန် စီးဆင်း မှုတွင် ပြန်လည် မသုံးစွဲကြဘဲ ငွေအိတ် စေသည့် မြေယာဝယ်ယူမှုများတွင်သာ သုံးစွဲမှုများပြားနေခြင်းကြောင့်ယခုကဲ့ သို့ ငွေလဲနှုန်းမတည်ငြိမ်ဘဲ တိုးမြင့်ရ သည်ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာငွေလဲနှုန်း ဆက် တိုက်တိုးမြင့်နေပါက အထွေထွေ ကုန် ဈေးနှုန်း ကြီးမားမှု ဖြစ်လာနိုင်ပြီး ဝင် ငွေနည်းသူများ ပထမဦးစွာ ထိခိုက်နစ် နာနိုင်ကြောင်းCB ဘဏ် ဒု-ဥက္ကဋ္ဌက ပြောသည်။

ရန်နိုင်
Popular News Journal
နိုဝင်ဘာ ၁၈  ရက်နေ့ ညနေပိုင်း တွင် အမေရိကန် တစ်ဒေါ်လာဈေးနှုန်း မှာ မြန်မာငွေ ကျပ် ၁ဝ၆ဝ အထိ တိုး တက်သွားခဲ့ကာ ရန်ကုန်မြို့တွင်းရှိ နိုင်ငံ ခြားငွေ အေ ရာင်းကောင်တာများတွင် အမေရိကန် ဒေါ်လာ ဝယ်ယူမှုနှုန်းများ ပြားလာသည်ဟု ငွေအရောင်းအဝယ် ဈေးကွက်မှ သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁ဝ၁၅ ဝန်းကျင် သာ ရှိ ခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် ရုတ် ချည်း ၁ဝ၆ဝ ကျပ်သို့ တိုးမြင့်လာသည်။

ငွေဝယ်လိုအား အလွန်များလာ သည့်အတွက်ကြောင့် မြန်မာငွေလဲနှုန်း တက်လာရခြင်းဖြစ်ပြီး ¤င်းကိစ္စကို ဗဟို ဘဏ်တစ်ခုတည်းက ထိန်းချုပ်၍ ရနိုင် မည်မဟုတ်ဘဲ ဌာနပေါင်းစုံပူးပေါင်းပါ ဝင်လုပ်ကိုင်မှသာ ငွေလဲနှုန်းတိုးမြင့်နေ ခြင်းကိုထိန်းချုပ်နိုင်မှာဖြစ်ကြောင်း CBဘဏ် ဒု-ဥက္ကဋ္ဌ ဦးဖေမြင့်က ပြော သည်။

သွင်းကုန်ပမာဏ များပြားနေပြီး ထုတ်ကုန်နည်းပါးမှုဖြစ်နေသည့်အ တွက် ကုန်သွယ်ရေးဌာနမှ သွင်းကုန် လိုင်စင် ထိန်းချုပ်ဖို့လိုကြောင်း ၄င်းက ဖြည့်စွက်ပြောသည်။ ငွေလဲနှုန်းကို ဗဟိုဘဏ်က ထိန်း ရမည့်အခြေအနေသို့ ရောက်ပြီဟုKBZ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က ပြော သည်။

၂ဝ၁၄ နိုဝင်ဘာ ၁၈ ရက် ဗဟို ဘဏ်မှ ထုတ်ပြန်သည့် စာရင်းအရ နိုင်ငံခြားငွေ လဲလှယ်မှု ရည်ညွှန်းနှုန်း ထား(Reference Foreign Ex-change Rates)  မှာ အမေရိကန် တစ် ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁ဝ၄ဝ နှုန်းဖြစ်ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေ လဲလှယ်သည့်စနစ်မှာ ၂ဝ၁၂ ဧပြီ လမှ စတင်ပြီး ထိန်းချုပ်နှုန်းရှင် (Managed Float System)ကို ကျင့် သုံးသည်။

ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး ကမူ ဗဟိုဘဏ်မှ ဒေါ်လာငွေများ ထုတ် ရောင်းချပေးနေသော်လည်း ၄င်းငွေ များမှာ သွင်းကုန်ထုတ်ကုန် စီးဆင်းမှုတွင် ပြန်လည်မသုံးစွဲကြဘဲ ငွေအိတ် စေသည့် မြေယာ ဝယ်ယူမှု များတွင်သာ သုံးစွဲမှုများပြားနေခြင်းကြောင့်ယခုကဲ့ သို့ ငွေလဲနှုန်းမတည်ငြိမ်ဘဲ တိုးမြင့်ရ သည်ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာငွေလဲနှုန်း ဆက် တိုက်တိုးမြင့်နေပါက အထွေထွေ ကုန် ဈေးနှုန်း ကြီးမားမှု ဖြစ်လာနိုင်ပြီး ဝင် ငွေနည်းသူများ ပထမဦးစွာ ထိခိုက်နစ် နာနိုင်ကြောင်းCB ဘဏ် ဒု-ဥက္ကဋ္ဌက ပြောသည်။

ရန်နိုင်
Popular News Journal

No comments:

Post a Comment