Wednesday 19 November 2014

ကြက်ငှက်တုပ်ကွေးမှာ မျိုးကွဲဗီဇ ဘယ်လောက်ရှိသလဲ…

Photo: ကြက်ငှက်တုပ်ကွေးမှာ မျိုးကွဲဗီဇ ဘယ်လောက်ရှိသလဲ…
Wednesday, November 19, 2014

နယ်သာလန်နိုင်ငံမှ ငှက်အကောင်ရေ ၁၅၀,၀၀၀ မှာ တွေ့ရှိခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးကို H5N8 အမျိုးအစားအဖြစ် သတ်မှတ်ခံထားရပါတယ်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစားတစ်ခုချင်းစီကို အပြင်ပန်းလက္ခဏာ  မတူညီကွဲပြားတဲ့ HA နဲ့ NA ပရိုတိန်းဓာတ်တွေပေါ်မူတည်ပြီး အက္ခရာတွေနဲ့ နံပါတ်တွေပေါင်းစပ်ပြီး အမည်နာမတစ်ခုခု ပေးလိုက်တာပါ။

ဒီပရိုတိန်းဓာတ် အမျိုးအစားခွဲပေါင်း (၂၇) မျိုးရှိတာကြောင့် လူတွေဆီ ခုန်ပျံကူးစက်နိုင်ချေရှိတဲ့ ဗိုင်းရပ်စ်များစွာ ရှိပါတယ်။ သို့ပေမဲ့ ဗိုင်းရပ်စ်တိုင်းမှာ ရှိတာတော့မဟုတ်ပါဘူး။

H5, H7 နဲ့ H9 အမျိုးအစားတွေဟာ လူတွေကို အဖျားအမြန်ဆုံးဖြစ်စေတဲ့ အမျိုးကွဲဗိုင်းရပ်စ်လေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဗိုင်းရပ်စ်တွေက အမြဲ တမ်း သန္ဓေပြောင်းလဲနေတာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်။

နောက်ဆုံးတွေ့ရှိထားတဲ့ ကြက်ငှက်တုပ်ကွေးအမျိုးအစားများနဲ့ တွေ့ရှိခဲ့တဲ့ နေရာဒေတွေကို လေ့လာ ကြည့်ရအောင်...

H5N1 ဗိုင်းရပ်စ်
၁၉၉၃ ခုနှစ် ဟောင်ကောင်နိုင်ငံက နာမကျန်းဖြစ်သူတစ်ဦးတွင် ပထမဦးဆုံးတွေ့ရှိခဲ့ပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့။

WHO ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၃ နဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံပေါင်း (၁၆) နိုင်ငံမှာလူ ၆၆၇ ဦး H5N1 ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီး ၃၉၃ ဦး သေဆုံးစေခဲ့ကြောင်း အတည်ပြုပြောဆို။

H7N9 ဗိုင်းရပ်စ်
၎င်းဗိုင်းရပ်စ် ဟာ တခြားဟာများနဲ့မတူပဲ အထူးအန္တရာယ်များကြောင်း WHO ပြောဆိုခဲ့ပါတယ်။

လူပေါင်း ၄၅၀ ဦး ကူးစက်မှုဖြစ်စေခဲ့ပြီး ၁၆၅ ဦး သေဆုံးမှုဖြစ်စေခဲ့။

လူတစ်ဦးမှ နောက်တစ်ဦးသို့ ကူးစက်နိုင်ပေမယ့် ၎င်းဖြစ်ရပ်များ ဖြစ်ခဲကြောင်း သက်သေအထောက်အထားတည်ရှိ။

H7N7 ဗိုင်းရပ်စ်
၂၀၀၃ ခုနှစ်တွင် နယ်သာလန်နိုင်ငံက ကြက်မွေးမြူရေးခြံတစ်ခုမှာ စတင်ဖြစ်ခဲ့ပြီး ကြက်၊ဘဲခြံ ၈၀၀ မှာ ပျံ့နှံ့ခဲ့လို့ ကြက်အကောင်ရေ ၁၁ မီလီယံ သေဆုံးမှုဖြစ်စေခဲ့။

လူပေါင်း ၉၀ ထက်မနည်း ကူးစက်ခဲ့ပြီး (၁) ဦးသေဆုံး
H10N8 ဗိုင်းရပ်စ်

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံတွင်သာတွေ့ရှိ။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ခုချိန်ထိ ရောဂါကူးစက်မှုများနဲ့ သေဆုံးမှုနှစ်ရပ်ဖြစ်ပွားခဲ့။

N10N7 ဗိုင်းရပ်စ်
အီဂျစ်နိုင်ငံမှာ ကလေးလေးနှစ်ယောက် ဖျားနာမှုဖြစ်ခဲ့ပြီးသည့်အချိန် ၂၀၀၄ ခုနှစ်တွင် လူမှာ ပထမဦးဆုံးတွေ့ရှိ။

H7N3 ဗိုင်းရပ်စ်
၂၀၀၄ ခုနှစ်တွင် ဖြစ်ပွားခဲ့မှုကြောင့် ကနေဒါနိုင်ငံမှာ ငှက် မီလီယံနဲ့ချီ သေဆုံးမှုဖြစ်စေခဲ့ပေမဲ့ လူနှစ်ဦးသာကူးစက်မှု ဖြစ်ပွားခဲ့ကြောင်းအတည်ပြု။

Source: BBC
နယ်သာလန်နိုင်ငံမှ ငှက်အကောင်ရေ ၁၅၀,၀၀၀ မှာ တွေ့ရှိခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးကို H5N8 အမျိုးအစားအဖြစ် သတ်မှတ်ခံထားရပါတယ်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစားတစ်ခုချင်းစီကို အပြင်ပန်းလက္ခဏာ  မတူညီကွဲပြားတဲ့ HA နဲ့ NA ပရိုတိန်းဓာတ်တွေပေါ်မူတည်ပြီး အက္ခရာတွေနဲ့ နံပါတ်တွေပေါင်းစပ်ပြီး အမည်နာမတစ်ခုခု ပေးလိုက် တာပါ။

ဒီပရိုတိန်းဓာတ် အမျိုးအစားခွဲပေါင်း (၂၇) မျိုးရှိတာကြောင့် လူတွေဆီ ခုန်ပျံကူးစက်နိုင်ချေရှိတဲ့ ဗိုင်းရပ်စ် များစွာ ရှိပါတယ်။ သို့ပေမဲ့ ဗိုင်းရပ်စ်တိုင်းမှာ ရှိတာတော့မဟုတ်ပါဘူး။

H5, H7 နဲ့ H9 အမျိုးအစားတွေဟာ လူတွေကို အဖျားအမြန်ဆုံးဖြစ်စေတဲ့ အမျိုးကွဲဗိုင်းရပ်စ် လေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဗိုင်းရပ်စ်တွေက အမြဲတမ်း သန္ဓေပြောင်းလဲနေတာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်။

နောက်ဆုံးတွေ့ရှိထားတဲ့ ကြက်ငှက်တုပ်ကွေးအမျိုးအစားများနဲ့ တွေ့ရှိခဲ့တဲ့ နေရာဒေတွေကို လေ့လာ ကြည့်ရအောင်...

H5N1 ဗိုင်းရပ်စ်
၁၉၉၃ ခုနှစ် ဟောင်ကောင်နိုင်ငံက နာမကျန်းဖြစ်သူတစ်ဦးတွင် ပထမဦးဆုံးတွေ့ရှိခဲ့ပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့။

WHO ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၃ နဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံပေါင်း (၁၆) နိုင်ငံမှာလူ ၆၆၇ ဦး H5N1 ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီး ၃၉၃ ဦး သေဆုံးစေခဲ့ကြောင်း အတည်ပြုပြောဆို။

H7N9 ဗိုင်းရပ်စ်
၎င်းဗိုင်းရပ်စ် ဟာ တခြားဟာများနဲ့မတူပဲ အထူးအန္တရာယ်များကြောင်း WHO ပြောဆိုခဲ့ပါတယ်။

လူပေါင်း ၄၅၀ ဦး ကူးစက်မှုဖြစ်စေခဲ့ပြီး ၁၆၅ ဦး သေဆုံးမှုဖြစ်စေခဲ့။
လူတစ်ဦးမှ နောက်တစ်ဦးသို့ ကူးစက်နိုင်ပေမယ့် ၎င်းဖြစ်ရပ်များ ဖြစ်ခဲကြောင်း သက်သေအထောက် အထားတည်ရှိ။

H7N7 ဗိုင်းရပ်စ်
၂၀၀၃ ခုနှစ်တွင် နယ်သာလန်နိုင်ငံက ကြက်မွေးမြူရေးခြံတစ်ခုမှာ စတင်ဖြစ်ခဲ့ပြီး ကြက်၊ဘဲခြံ ၈၀၀ မှာ ပျံ့နှံ့ခဲ့လို့ ကြက်အကောင်ရေ ၁၁ မီလီယံ သေဆုံးမှုဖြစ်စေခဲ့။

လူပေါင်း ၉၀ ထက်မနည်း ကူးစက်ခဲ့ပြီး (၁) ဦးသေဆုံး
H10N8 ဗိုင်းရပ်စ်

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံတွင်သာတွေ့ရှိ။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ခုချိန်ထိ ရောဂါကူးစက်မှုများနဲ့ သေဆုံးမှုနှစ်ရပ်ဖြစ်ပွားခဲ့။

N10N7 ဗိုင်းရပ်စ်
အီဂျစ်နိုင်ငံမှာ ကလေးလေးနှစ်ယောက် ဖျားနာမှုဖြစ်ခဲ့ပြီးသည့်အချိန် ၂၀၀၄ ခုနှစ်တွင် လူမှာ ပထမဦးဆုံး တွေ့ရှိ။

H7N3 ဗိုင်းရပ်စ်
၂၀၀၄ ခုနှစ်တွင် ဖြစ်ပွားခဲ့မှုကြောင့် ကနေဒါနိုင်ငံမှာ ငှက် မီလီယံနဲ့ချီ သေဆုံးမှုဖြစ်စေခဲ့ပေမဲ့ လူနှစ်ဦးသာ ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်းအတည်ပြု။

Source: BBC

No comments:

Post a Comment