Wednesday 19 November 2014

မြန်မာအလံလွှင့်ထူထားသည့် စက်လှေတစ်စီး ဘင်္ဂလားဒေ့ရှ် ရေတပ်ထိန်းသိမ်း

မလေးရှားနိုင်ငံသို့ တရားမ၀င်ထွက်ခွာလာသူ ခြောက်ရာကျော်ကို တင်ဆောင်ထားသည့် မြန်မာအလံလွှင့်ထူထားသော ငါး ဖမ်းစက်လှေတစ်စီးကို ဘင်္ဂလား ဒေ့ရှ်ရေတပ်က ထိန်းသိမ်းလိုက် ကြောင်း နိုင်ငံတကာသတင်းဌာန များတွင် ရေးသားဖော်ပြထား သည်။

နိုဝင်ဘာ ၁၇ ရက် ညနေ က စိန့်မာတင်ကျွန်းအရှေ့တောင်ဘက် မိုင် ၅၀ အကွာတွင် အဆိုပါ စက်လှေကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရေတပ်ကို ကိုးကား၍ BD News 24 သတင်းဌာနက ဆိုသည်။

ထိန်းသိမ်းခံရသူများတွင် အမျိုးသမီးနှင့် ကလေး ၂၀ ဦးပါ ၀င်ပြီး စက်လှေဝန်ထမ်း ၁၄ ဦး အပါအ၀င် အမျိုးသား ၅၅၄ ဦးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်း ဌာနများက ရေးသားသည်။ အဆို ပါ စက်လှေတွင် လိုက်ပါလာသူ များမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြောင်း BD News 24 က ရေးသားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀င်တစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်နေ ဘင်္ဂါလီလူမျိုးများ သည် ယခင်ကတည်းက ရေလမ်း ဖြင့် တရားမ၀င်သွားရောက်မှုများ ရှိပြီး မြန်မာနိုင်ငံသားဆိုသည်မှာ မဖြစ်နိုင် ကြောင်း ပြောသည်။

‘‘ဘယ်မှာပဲ မိမိ ဒီကစကား မတတ်လည်း မြန်မာနိုင်ငံသားဖြစ် သွားရော။ အမှန်ကဟိုဘက်နိုင်ငံ သားတွေပါ။ ဒီဘက်ကပါရင်လည်း တကယ့်အနည်းအကျဉ်းပဲရှိမှာ ပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

7Day Daily

No comments:

Post a Comment