Wednesday 19 November 2014

“ဖွဲ့စည်းပုံပြင်ဆင်ရေး သူရဦးရွှေမန်း ပြောကြားချက်မှာ လုပ်ငန်းစဉ်ကို ပြောခြင်း ဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ် တပ်မတော်ကိုအပြစ်တင်နေခြင်းမဟုတ်ဒီမိုကရေစီစံနူန်းနှင့် မကိုက်ညီ၍ ထောက်ပြနေခြင်းဖြစ်”

Photo: “ဖွဲ့စည်းပုံပြင်ဆင်ရေး သူရဦးရွှေမန်း ပြောကြားချက်မှာ လုပ်ငန်းစဉ်ကို ပြောခြင်း ဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ်

တပ်မတော်ကိုအပြစ်တင်နေခြင်းမဟုတ်ဒီမိုကရေစီစံနူန်းနှင့် မကိုက်ညီ၍
ထောက်ပြနေခြင်းဖြစ်”
Wednesday, November 19, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဧ။် နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွှဲတွင် ပြောကြားခြင်းမှာ လုပ်ငန်းစဉ်သဘောကို ပြောခြင်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောဆိုသည်။

ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ခြင်း ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် အတည်ပြု ဆောင်ရွက်မည်ဟု ပြောကြားခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါက Process ကို ပြောတာပါ။ Process ဒီလိုပဲ သွားရမှာပေါ့။ ဆိုပါစို့ ၄၃၆ ကို ပြုပြင်ပြောင်းလဲရေးဆုံးဖြတ်ပြီးတော့မှသာလျှင် တချှို့ကိစ္စတွေကို ပြောင်းလဲ ရမယ်လေ။ ဒါတွေက အချိန်အရရောလက်ရှိသွားနေတဲ့လုပ်ငန်းတွေအရရော processအရ ဒီလိုပဲ သွားရမှာပေါ့လေ။ဥပဒေပညာရှင်တွေကို မေးကြည့်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ဘာကြောင့် ဒီလိုခြေလှမ်းတွေနဲ့ သွားနေရ တယ်ဆိုတာ ဥပဒေသမားတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းပြောပြနိုင်ပါ့လိမ့်မယ်။ ၅၉( စ ) ကို မပြင်ခင် ၄၃၆ ကို အရင်ပြင်ရမယ်လေ။ အဲ့လို သူ့အဆင့် သူ့အဆင်တွေရှိတယ် ဒီလိုပဲ လုပ်ငန်းသဘာဝကဖြစ်ဖို့က သဘာဝကျပါတယ်။” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်ထေထာင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၄င်းဧ။် သတင်းစားရှင်လင်းပွဲတွင် "နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အပြီးဆောင်ရွက်မှာပါ။ ထွက်ပေါ်လာမယ့်။ပြည်ထောင်စု လွှတ် တော်က တင်သွင်းလာမယ့် ဥပဒေကြမ်းများကို နောက်တစ်ပတ် လွှတ်တော် အစည်းအဝေးတွေမှာ ဆုံး ဖြတ်အတည်ပြုမယ်။အဲဒီက ထွက် ပေါ်လာမယ့် ဥပဒေကြမ်းတွေကို တစ်ချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်။အဲဒါကို လာမယ့် ၂ဝ၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ်။ အဲဒီက ထွက်ပေါ်လာတဲ့ ဟာကို ၂ဝ၁၅ ရွေးချယ်တင်မြောက်ပွဲပြီးလို့ ပြည်ထောင်စုလွှတ်တော် စတင်ကျင်း ပတဲ့ ပြည်သူ့လွှတ်တော်၊ ပြည် ထောင်စုလွှတ်တော် ကျင်းပတဲ့အခါ ကျမှ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းလိုက်တဲ့ ပြဌာန်းချက်တွေကို အတည်ပြုဆောင်ရွက်မှာ။"ဟု ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်ဧ။် အခန်းကဏ္ဍ အပေါ် ဆွေးနွေးပြောကြားမှုများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော် ဧ။် အခန်းကဏ္ဍမှာ ဒီမိုကရေစီစံနူန်းများနှင့်မကိုက်ညီသောကြောင့် ပြောကြားနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကThe Street View သို့ပြောသည်။

“ဒီမိုကရေစိလမ်းကြောင်းကို သွားတယ်ဆိုရင်ပိုပိုပြီးတော့ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ကိုက်ညီရမယ်။ တပ်မတော်ရဲ့ ကဏ္ဍနဲ့ ပတ်သက်လို့ အန်တီတို့သဘောမတူတာက ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ပိုပြီးတော့ ကိုက်ညီစေချင်တယ်။ တပ်မတော်ကို ဥိးတည်ပြီးတော့ တပ်မတော်ကို အပြစ်ရှာတာ ဒီလို ပုံစံမဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆိုတာဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့ လုပ်တာ ။ ဘယ်လိုပဲ ပြောပြော တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးထားတဲ့ ကဏ္ဍဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူး။ ဒါလူတိုင်း လွယ်လွယ်နဲ့ သိမှာပါ။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၅ ခုနှစ် မေလအတွင်း လူထုဆန္ဒခံယူပွဲ လုပ်နိုင်မည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဧ။်ပြောကြားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အခြေအနေကောင်းတစ်ခု ရှိနေနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက သုံးသပ်သည်။ လူထုဆန္ဒခံယူပွဲအား မေလအတွင်းတွင်ကျင်းပမည်ဆိုပါက ယင်းအချိန်ကာလ မတိုင်မီ လွှတ်တော်အတွင်း၌ ပြင်ဆင်ရေး သဘောတူညီမှုရထားရမည်ဖြစ်ကြောင်း လူထုဆန္ဒခံယူပွဲ ဧ။် ထောက်ခံမှုအရ ပြင်ဆင်ချက်ဥပဒေများသည် ၂၀၁၅ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် လွှတ်တော် နှင့် အစိုးရလက်ထက်မှသာ အသက်ဝင်မည်ကိုပြောကြားခြင်းဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဧ။် သတင်းစာရှင်းလင်းပွဲ၌ပြောကြားချက်အပေါ် သူရဦးအောင်ကိုက သုံးသပ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ယခုလွှတ်တော်၌ ဆောင်ရွက်လိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များသည် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်လာမည့် အစိုးရလက်ထက်မှသာ ကျင့်သုံး၍ရနိုင်မည်ဟု The Street View သို့ပြောသည်။

The Street View
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဧ။် နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွှဲတွင် ပြောကြားခြင်းမှာ လုပ်ငန်းစဉ်သဘောကို ပြောခြင်း ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောဆိုသည်။

ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ခြင်း ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အတည်ပြုဆောင်ရွက်မည်ဟု ပြောကြား ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါက Process ကို ပြောတာပါ။ Process ဒီလိုပဲ သွားရမှာပေါ့။ ဆိုပါစို့ ၄၃၆ ကို ပြုပြင်ပြောင်းလဲရေး ဆုံးဖြတ်ပြီးတော့မှသာလျှင် တချှို့ကိစ္စတွေကို ပြောင်းလဲ ရမယ်လေ။ ဒါတွေက အချိန်အရရောလက်ရှိ သွားနေတဲ့လုပ်ငန်းတွေအရရော processအရ ဒီလိုပဲ သွားရမှာပေါ့လေ။ဥပဒေပညာရှင်တွေကို မေးကြည့် ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ဘာကြောင့် ဒီလိုခြေလှမ်းတွေနဲ့ သွားနေရ တယ်ဆိုတာ ဥပဒေသမား တွေ ကို ပိုပြီး ရှင်းရှင်းလင်းလင်းပြောပြနိုင်ပါ့လိမ့်မယ်။ ၅၉( စ ) ကို မပြင်ခင် ၄၃၆ ကို အရင်ပြင်ရမယ်လေ။ အဲ့လို သူ့အဆင့် သူ့အဆင်တွေရှိတယ် ဒီလိုပဲ လုပ်ငန်းသဘာဝကဖြစ်ဖို့က သဘာဝကျပါတယ်။” ဟု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်ထေထာင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၄င်းဧ။် သတင်းစားရှင်လင်းပွဲတွင် "နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အပြီးဆောင်ရွက်မှာပါ။ ထွက်ပေါ်လာမယ့်။ ပြည်ထောင်စု လွှတ် တော်က တင်သွင်းလာမယ့် ဥပဒေကြမ်းများကို နောက်တစ်ပတ် လွှတ်တော် အစည်း အဝေးတွေမှာ ဆုံး ဖြတ်အတည်ပြုမယ်။အဲဒီက ထွက် ပေါ်လာမယ့် ဥပဒေကြမ်းတွေကို တစ်ချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်။အဲဒါကို လာမယ့် ၂ဝ၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ်။ အဲဒီက ထွက်ပေါ် လာတဲ့ ဟာကို ၂ဝ၁၅ ရွေးချယ်တင်မြောက်ပွဲပြီးလို့ ပြည်ထောင်စုလွှတ်တော် စတင်ကျင်း ပတဲ့ ပြည်သူ့ လွှတ်တော်၊ ပြည် ထောင်စုလွှတ်တော် ကျင်းပတဲ့အခါကျမှ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်း လိုက်တဲ့ ပြဌာန်းချက်တွေကို အတည်ပြုဆောင်ရွက်မှာ။"ဟု ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်ဧ။် အခန်းကဏ္ဍ အပေါ် ဆွေးနွေး ပြော ကြားမှုများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ဧ။် အခန်းကဏ္ဍမှာ ဒီမိုကရေစီစံနူန်း များနှင့် မကိုက်ညီသောကြောင့် ပြောကြားနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကThe Street View သို့ပြောသည်။

“ဒီမိုကရေစိလမ်းကြောင်းကို သွားတယ်ဆိုရင်ပိုပိုပြီးတော့ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ကိုက်ညီရမယ်။ တပ်မတော်ရဲ့ ကဏ္ဍနဲ့ ပတ်သက်လို့ အန်တီတို့သဘောမတူတာက ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ပိုပြီး တော့ ကိုက်ညီစေချင်တယ်။ တပ်မတော်ကို ဥိးတည်ပြီးတော့ တပ်မတော်ကို အပြစ်ရှာတာ ဒီလို ပုံစံမဟုတ် ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆိုတာဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့ လုပ်တာ ။ ဘယ်လိုပဲ ပြောပြော တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးထားတဲ့ ကဏ္ဍဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူး။ ဒါလူတိုင်း လွယ်လွယ်နဲ့ သိမှာပါ။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၅ ခုနှစ် မေလအတွင်း လူထုဆန္ဒခံယူပွဲ လုပ်နိုင်မည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဧ။်ပြောကြားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အခြေအနေကောင်းတစ်ခု ရှိနေနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက သုံးသပ်သည်။ လူထုဆန္ဒခံယူပွဲအား မေလအတွင်းတွင်ကျင်းပမည်ဆိုပါက ယင်းအချိန်ကာလ မတိုင်မီ လွှတ်တော်အတွင်း၌ ပြင်ဆင်ရေး သဘောတူညီမှုရထားရမည်ဖြစ်ကြောင်း လူထုဆန္ဒခံယူပွဲ ဧ။် ထောက်ခံမှုအရ ပြင်ဆင်ချက်ဥပဒေများသည် ၂၀၁၅ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် လွှတ်တော် နှင့် အစိုးရလက်ထက်မှသာ အသက်ဝင်မည်ကို ပြောကြားခြင်းဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဧ။် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက် အပေါ် သူရဦးအောင်ကိုက သုံးသပ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ယခုလွှတ်တော်၌ ဆောင်ရွက်လိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် များသည် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်လာမည့် အစိုးရလက်ထက်မှသာ ကျင့်သုံး၍ရနိုင်မည်ဟု The Street View သို့ပြောသည်။

The Street View

No comments:

Post a Comment