Friday 31 October 2014

ငါးပိ၊ ငါးခြောက်များ၌ ဓာတုဆိုးဆေးအသုံးမပြုစေရေး အသိပညာပေးမည်

Photo: ငါးပိ၊ ငါးခြောက်များ၌ ဓာတုဆိုးဆေးအသုံးမပြုစေရေး အသိပညာပေးမည်
Friday, October 31, 2014

ငါး ပိ၊ ငါးခြောက် ထုတ်လုပ်ရောင်းဝယ် သူများအနေဖြင့် အန္တရာယ်ဖြစ်စေ သည့် ဓာတုဆိုးဆေးများအသုံးမပြု ရန် အသင်းဝင်အားလုံးကို အသိ ပညာပေး၊ ဟောပြောပွဲများ ပြုလုပ် သွားမည်ဟု မြန်မာနိုင်ငံငါးပိ၊ ငါး ခြောက် ထုတ်လုပ်ရောင်းဝယ်သူ များအသင်းမှ သိရသည်။

ငါးပိ၊ ငါးခြောက်ထုတ်လုပ် ရောင်းဝယ်သူများအသင်းသည် လူ မှုရေးအသင်း ဖြစ်သည့်အတွက် ကြောင့် အရေးယူမှုများ မပြုလုပ် နိုင်သော်လည်း စည်းရုံးမှုများပြုလုပ် ပြီး အန္တရာယ်ဖြစ်စေသည့် ဓာတုဆိုး ဆေးများ မသုံးရန် အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက် ထုတ် လုပ်ရောင်းဝယ်သူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းစိန်က ပြော ပြသည်။

''ငါးပိ၊ ငါးခြောက်ထုတ်လုပ်တဲ့ သူတွေကို အန္တရာယ်ဖြစ်စေတဲ့ ကြာ ရှည်ခံပစ္စည်းတွေ၊ ဆိုးဆေးတွေမသုံး ဖို့ အသင်းကနေ အသင်းသား အား လုံးကို အသိပညာပေးဖို့၊ ဟောပြောပွဲ တွေလုပ်ဖို့၊ အသိပညာပေးစာစောင်တွေ ထုတ်ပေးဖို့ အသင်းကနေ လုပ်ဖို့ ရှိပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ အစားအစာကို ဘယ်တော့မှ မထုတ် ဖို့၊ အာဟာရဖြစ်တဲ့ အစားအစာကို ထုတ်ရမယ့် ရည်ရွယ်ချက်အတိုင်း လုပ်သွားမှာပါ''ဟု ၄င်းက ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတွင် ငါးပိ၊ ငါး ခြောက်ထုတ်လုပ်သူများနှင့် စား သုံးသူ ကာကွယ်ရေးအသင်းတို့ အောက်တိုဘာ ၁၆ရက်တွင် ငါးပိ၊ ငါးခြောက်များတွင် အန္တရာယ်ရှိ ဆိုး ဆေးများ၊ ကြာရှည်ခံပစ္စည်းများ အသုံးမပြုရန် ဆွေးနွေးခဲ့ကြသည်။

''ငါးပိထဲမှာ ဆိုးဆေးပါတယ်။ ကြာရှည်ခံပစ္စည်းတွေထည့်တယ်လို့ သတင်းတွေထွက်လာတယ်။ ဒါ ကြောင့် ငါးပိ၊ ငါးခြောက် ရောင်း ဝယ်သူတွေကို ပညာပေးမှုတွေလုပ် ဖို့လိုတယ်။ ဟောပြေပွဲတွေလုပ်ပေး ဖို့လိုတယ်။ ကိုယ်ကျိုးစီးပွားမ ကြည့်ဘဲ အများအကျိုးကြည့်ဖို့လဲ လိုမယ်'' ဟု ချောင်းသာကမ်းခြေတွင် ငါးပိလုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ် သိန်းဌေးက ပြောသည်။

တောင်ဒဂုံစက်မှုဇုန်တွင် ငါး ခြောက်လုပ်ငန်းကို ဇုန်(၁)၊ (၂)တို့၌ ပြုလုပ်ပြီး ငါးပိလုပ်ငန်းကို ဇုန်(၃)တွင် ပြုလုပ်လျက်ရှိသည်။

မိုးတွင်းကာလများတွင် ငါးနီတူ ခြောက်တစ်ပိဿာလျှင် ကျပ် ၇ဝဝဝ ဝန်းကျင်ခန့်ရှိပြီး အရည်ကျိုငါးပိ တစ်ပိဿာလျှင် ကျပ် ၅ဝဝဝ ဝန်း ကျင်ခန့်ရှိကာ အကောင်းစား၊ အညံ့ စားပေါ် မူတည်၍ ဈေးနှုန်းများ အတက်အကျရှိကြောင်းသိရသည်။

ရခိုင်မှထွက်ရှိသည့် မျှင်ငါးပိ တစ်ပိဿာလျှင် ကျပ် ၈ဝဝဝ ဝန်း ကျင်ခန့်ဈေးရှိနေပြီး ပွင့်လင်းရာ သီတွင် ဈေးပြန်လည်ကျနိုင်ကြောင်း ငါးပိ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။

ရေချိုငါးပိတွင် ဓာတ်မြေသြဇာ (ယူရီးယား)များပါဝင်နေသည်ဟု မြန် မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ၂ဝ၁၃ ခုနှစ်အတွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ရေချိုငါးပိကို ရိုးရာအစားအစာအဖြစ် စားသုံးလေ့ ရှိပြီး နေရာဒေသပေါ်မူတည်၍ စား သုံးသူ အနည်းအများကွာခြားလျက် ရှိကာ ရေချိုငါးပိများမှာ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးမှ အများ ဆုံးထွက်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး သရက်ပင်ချောင်ကို ငါးပိ၊ ငါးခြောက် နှင့် ငံပြာရည်လုပ်ငန်းများ သိုလှောင်၊ ဖြန့်ဖြူးရန် သတ်မှတ်ပေးထားသည်။

CN(MMK)
Yangon Media Group
ငါး ပိ၊ ငါးခြောက် ထုတ်လုပ်ရောင်းဝယ် သူများအနေဖြင့် အန္တရာယ်ဖြစ်စေ သည့် ဓာတုဆိုးဆေးများ အသုံးမပြုရန် အသင်းဝင်အားလုံးကို အသိပညာပေး၊ ဟောပြောပွဲများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံငါးပိ၊ ငါး ခြောက် ထုတ်လုပ်ရောင်းဝယ်သူ များအသင်းမှ သိရသည်။

ငါးပိ၊ ငါးခြောက်ထုတ်လုပ် ရောင်းဝယ်သူများအသင်းသည် လူ မှုရေးအသင်း ဖြစ်သည့်အတွက် ကြောင့် အရေးယူမှုများ မပြုလုပ် နိုင်သော်လည်း စည်းရုံးမှုများပြုလုပ် ပြီး အန္တရာယ်ဖြစ်စေသည့် ဓာတုဆိုး ဆေးများ မသုံးရန် အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက် ထုတ် လုပ်ရောင်းဝယ်သူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းစိန်က ပြော ပြသည်။

''ငါးပိ၊ ငါးခြောက်ထုတ်လုပ်တဲ့ သူတွေကို အန္တရာယ်ဖြစ်စေတဲ့ ကြာ ရှည်ခံပစ္စည်းတွေ၊ ဆိုးဆေးတွေမသုံး ဖို့ အသင်းကနေ အသင်းသား အား လုံးကို အသိပညာပေးဖို့၊ ဟောပြောပွဲ တွေလုပ်ဖို့၊ အသိပညာပေး စာစောင်တွေ ထုတ်ပေးဖို့ အသင်းကနေ လုပ်ဖို့ ရှိပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ အစားအစာကို ဘယ်တော့မှ မထုတ် ဖို့၊ အာဟာရဖြစ်တဲ့ အစားအစာကို ထုတ်ရမယ့် ရည်ရွယ်ချက်အတိုင်း လုပ်သွားမှာပါ''ဟု ၄င်းက ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတွင် ငါးပိ၊ ငါး ခြောက်ထုတ်လုပ်သူများနှင့် စား သုံးသူ ကာကွယ်ရေးအသင်းတို့ အောက်တိုဘာ ၁၆ရက်တွင် ငါးပိ၊ ငါးခြောက်များတွင် အန္တရာယ်ရှိ ဆိုး ဆေးများ၊ ကြာရှည်ခံပစ္စည်းများ အသုံးမပြုရန် ဆွေးနွေးခဲ့ကြသည်။

''ငါးပိထဲမှာ ဆိုးဆေးပါတယ်။ ကြာရှည်ခံပစ္စည်းတွေထည့်တယ်လို့ သတင်းတွေထွက်လာတယ်။ ဒါ ကြောင့် ငါးပိ၊ ငါးခြောက် ရောင်း ဝယ်သူတွေကို ပညာပေးမှုတွေလုပ် ဖို့လိုတယ်။ ဟောပြေပွဲတွေလုပ်ပေး ဖို့လို တယ်။ ကိုယ်ကျိုးစီးပွားမ ကြည့်ဘဲ အများအကျိုးကြည့်ဖို့လဲ လိုမယ်'' ဟု ချောင်းသာကမ်းခြေတွင် ငါးပိ လုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ် သိန်းဌေးက ပြောသည်။

တောင်ဒဂုံစက်မှုဇုန်တွင် ငါး ခြောက်လုပ်ငန်းကို ဇုန်(၁)၊ (၂)တို့၌ ပြုလုပ်ပြီး ငါးပိလုပ်ငန်းကို ဇုန်(၃)တွင် ပြုလုပ်လျက်ရှိသည်။

မိုးတွင်းကာလများတွင် ငါးနီတူ ခြောက်တစ်ပိဿာလျှင် ကျပ် ၇ဝဝဝ ဝန်းကျင်ခန့်ရှိပြီး အရည်ကျိုငါးပိ တစ်ပိဿာလျှင် ကျပ် ၅ဝဝဝ ဝန်း ကျင်ခန့်ရှိကာ အကောင်းစား၊ အညံ့ စားပေါ် မူတည်၍ ဈေးနှုန်းများ အတက်အကျရှိကြောင်းသိရသည်။

ရခိုင်မှထွက်ရှိသည့် မျှင်ငါးပိ တစ်ပိဿာလျှင် ကျပ် ၈ဝဝဝ ဝန်း ကျင်ခန့်ဈေးရှိနေပြီး ပွင့်လင်းရာ သီတွင် ဈေးပြန်လည်ကျနိုင်ကြောင်း ငါးပိ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။

ရေချိုငါးပိတွင် ဓာတ်မြေသြဇာ (ယူရီးယား)များပါဝင်နေသည်ဟု မြန် မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ၂ဝ၁၃ ခုနှစ်အတွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ရေချိုငါးပိကို ရိုးရာအစားအစာအဖြစ် စားသုံးလေ့ ရှိပြီး နေရာဒေသပေါ်မူတည်၍ စား သုံးသူ အနည်းအများကွာခြားလျက် ရှိကာ ရေချိုငါးပိများမှာ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးမှ အများ ဆုံးထွက်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး သရက်ပင်ချောင်ကို ငါးပိ၊ ငါးခြောက် နှင့် ငံပြာရည်လုပ်ငန်းများ သိုလှောင်၊ ဖြန့်ဖြူးရန် သတ်မှတ်ပေးထားသည်။

CN(MMK)
Yangon Media Group

No comments:

Post a Comment