Thursday 30 October 2014

ရွေးကောက်ပွဲစနစ်ကို လူထုဆန္ဒအတိုင်း ရွေးချယ်ရန် တပ်မတော်သားအမတ်များပြော

နိုင်ငံ၏ ပကတိအခြေ အနေနှင့် အနာဂတ်အတွက် ရေ ရှည်အကျိုးရှိမည့် ရွေးကောက်ပွဲ စနစ်ကို ပြည်သူ လူထုအား ရှင်းလင်းပြ၍ လူထုဆန္ဒအတိုင်း ရွေးချယ်အ သုံးပြုသင့်သည်ဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များက ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

လက်ရှိအာဏာရပါတီဖြစ် သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် ကျင့်သုံးရန် ၀ိုင်းဝန်းထောက်ခံနေချိန်တွင် ပါဝင် ဆွေးနွေးသူတပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များက အထက်ပါအတိုင်း ပါဝင်ဆွေးနွေး ခဲ့ကြခြင်း  ဖြစ်သည်။

‘‘နိုင်ငံ၏ လက်ရှိပကတိအ ခြေအနေနှင့် အနာဂတ်အတွက် ရေရှည်အကျိုးရှိပြီး လိုက်လျော ညီထွေရှိမည့် ရွေးကောက်ပွဲစနစ် ကို ပြည်သူလူထုအကြား ချပြရှင်း လင်းပြီး မဲဆန္ဒရှင်များ၏ သဘောဆန္ဒကိုသာ အလေးပြု၍ ရွေးချယ်သုံးစွဲသင့်သည်’’ဟု တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကျော်မြင့်က ပြည်သူ့ လွှတ်တော်သို့ အကြံပြုတင်ပြခဲ့ သည်။

ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်၊ အရှုံးရှိသည့်အတွက် ရွေးကောက် ပွဲ၌ ရှုံးသည့်သူများကလည်း ရလဒ်ကို ကျေနပ်လက်ခံပြီးနောက် ရွေးကောက်ပွဲအနိုင်ရရန်အတွက်သာ အားနည်းချက်များကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်သည်ဟုလည်း ဗိုလ်မှူးကျော်မြင့်က ပြောသည်။

ကော်မရှင်မှ တင်ပြထား သည့် ရွေးကောက်ပွဲ နည်းစနစ် များကို ကန့်ကွက်ခြင်း မဟုတ် သော်လည်း နိုင်ငံ၏ နိုင်ငံရေးရေ ချိန်မြင့်မားနေချိန်တွင် မိမိနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် နိုင်ငံရေး အကဲဆတ်မှုကို ကြိုတင်သုံးသပ်၍ ရွေးကောက်ပွဲစနစ်ကို စဉ်းစား သင့်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်ကလည်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

သင့်လျော်သော ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ရေးအတွက် လေ့လာရေး ကော်မရှင်၏ အကြံပြု ချက်နည်းလမ်း ရှစ်မျိုးအပေါ် ပြည်သူ့လွှတ်တော်အစည်းအဝေး ၃ ရက်ထိ ဆွေးနွေးနေဆဲဖြစ်သော် လည်း ပြည်ခိုင်ဖြိုးပါတီက အချိုး ကျကိုယ်စားပြုစနစ်ကို ထောက်ခံ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ကန့်ကွက်ကာ ကျန်တိုင်းရင်းသားပါတီများ အားလုံးက ၀င် ရောက်ဆွေးနွေးခြင်း မပြုသည့် အခြေအနေသာ  ဖြစ်နေသေးသည်။

အချိုးကျ ကိုယ်စားပြုစနစ် ကို အပြင်းအထန် ကန့်ကွက်နေ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက အကယ်၍ ကျင့်သုံး မည်ဆိုလည်း လူထုဆန္ဒကို ခံယူပြီးမှသာကျင့်သုံးရန် လွှတ်တော်သို့ တိုက်တွန်း ခဲ့သော် လည်း ပြည် ခိုင်ဖြိုးပါတီက ကန့်ကွက်နေခြင်း ဖြစ်သည်။

သို့သော် အာဏာရပါတီနှင့် မိတ်ဖက်ဟု ပြောနိုင်သော တပ်မ တော်သားကိုယ်စားလှယ်များက အတိုက် အခံပါတီက တောင်းဆိုနေသည့်အတိုင်းပင် ပြည်သူ့ဆန္ဒခံယူပြီးမှ ရွေးကောက်ပွဲစနစ်ပြောင်းလဲရန် တောင်း ဆိုခဲ့ခြင်းဖြစ်ရာ တပ်မတော်သားများ၏တောင်းဆိုချက် ဖြစ်၊ မဖြစ် မသိနိုင်သေးဘဲ စောင့်ကြည့်ရဦးမည် သာ ဖြစ်ကြောင်း အတိုက်အခံ ကိုယ်စားလှယ်များက ပြောသည်။ရွေးကောက်ပွဲ စနစ်တစ်ခု ရွေးချယ်ရန် အတွက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်ပြီး မကြာမီရက်များအတွင်း ဆုံးဖြတ်တော့ မည်ဖြစ်ရာ အင်အား ၁၁၀ ဦးရှိသော တပ်မတော်သား ကိုယ်စားလှယ်များအားလုံး က ယင်းစနစ် များကို ကျင့်သုံးရန် ကန့်ကွက်မည်ဆိုပါကပင် အာဏာရပါတီ၏ ဆုံးဖြတ်ချက်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

7Day DAILY

No comments:

Post a Comment