Friday 31 October 2014

အားလုံးစောင့်ကြည့်နေသော ထိပ်သီးဆွေးနွေးပွဲ

Photo: အားလုံးစောင့်ကြည့်နေသော ထိပ်သီးဆွေးနွေးပွဲ
Friday, October 31, 2014

လက်ရှိအစိုးရလက်ထက် တွင်    ပထမဆုံးအ ကြိမ်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် မြန်မာ့နိုင်ငံရေး    ထိပ်သီးခေါင်းဆောင် ၁၄ ဦး သမ္မတ အိမ်တော် တွင် ယနေ့နံနက်၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်တော့မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လေးနှစ်ခန့်သို့ ချဉ်း နင်းဝင်ရောက် လာချိန် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ရှေ့ မတိုးနိုင်ဘဲ အကျပ်တွေ့နေစဉ် အိုဘားမားအပါအဝင် ကမ္ဘာ့အင် အားကြီးနိုင်ငံများမှခေါင်းဆောင်များ တက် ရောက်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးများမတိုင် မီ ယခုကဲ့သို့တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်ခြင်းဖြစ်သည်။ ထို့ ကြောင့် အစိုးရအတွက် နိုင်ငံရေး အကျပ်အတည်းမှ ရုံးထွက်နိုင်ရန် နိုင်ငံတကာတွင် ပြယုဂ်ကောင်း စေရန်သက်သက်ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုဖြစ်လာနိုင်သည် ဟု သုံးသပ်သူများလည်းရှိသည်။

‘‘အိုဘားမားအပါအဝင် ထိပ်သီးခေါင်းဆောင်တွေလာခါ နီး၊ နိုင်ငံတကာအစည်းအဝေးတွေ လုပ်ခါနီးမှာ ဖိအားနဲ့စိုးရိမ်မှုတွေ လျှော့ချနိုင်ဖို့ ယောင်ပြလုပ်တဲ့ အစည်းအဝေးဖြစ်နိုင်တဲ့ အနေ အထားမျိုးဖြစ်နေတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာရန်မျိုးသိမ်းက သုံး သပ်ပြောဆိုသည်။

‘‘သူတို့မှာ အကျပ်အတည်း တစ်ခုကြုံနေပြီဆိုတာပဲ။ အဲဒါက စဉ်းစားရမယ့်အချက်ပါ။ ဖွဲ့စည်း ပုံပြင်ဆင်ရေးအကျပ်အတည်း ဖြစ်နိုင်တယ်။ ဘယ်လိုပြင်ကြ မလဲဆိုတာ သူတို့အတွက် စိုးရိမ် စရာဖြစ်နိုင်တယ်။ အဲဒါကြောင့် ခေါ်တွေ့တာဖြစ်ဖို့များပါတယ်’’ ဟု ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ် (SNLD)မှ အတွင်းရေးမှူးဦးစိုင်းညွန့်လွင်က ဆိုသည်။

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ချိန်သည် နိုင်ငံအတွက် အရေးပါသောဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအရှိန်မြင့်တက်နေ ချိန်ဖြစ်ပြီး ပြင်ဆင်ရေးကိစ္စတွင် အရေးပါသော   ပုဒ်မအချို့ကို လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် တပ်မတော်အနေ ဖြင့် ပြင်ဆင်ခြင်းမပြုလိုကြောင်း လွှတ်တော်သို့ တင်ပြထားချိန် လည်းဖြစ်သည်။

‘‘ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ လွှတ်တော်ထဲမှာအရင်ဆွေးနွေး တာထက် ပြင်ပမှာအဓိကခေါင်း ဆောင်တွေလေးပွင့်ဆိုင်သဘော မျိုးဆွေးနွေးပြီးမှ ပြင်နိုင်ရင် ပို အကျိုးရှိမယ်။ ဒီလိုတွေ့ဆုံမှု မလုပ်ဘဲ လွှတ်တော်ထဲမှာဆွေး နွေးနေရင်တော့   ငြင်းခုံနေတာပဲ အဖတ်တင်မယ်’’ဟု   ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက သူ၏အမြင်ကိုပြော သည်။

အခြေခံဥပဒေပြင်ဆင်ရေး သည် လက်ရှိဖွဲ့စည်းပုံအရ တပ် မတော်မပါဝင်က မဖြစ်နိုင်သည့် အနေအထားဖြစ်နေ၍ တပ်မတော်က ထိုကဲ့သို့ပြင်ဆင်ခြင်းမပြုလိုဘဲ တင်းခံနေပါက နိုင်ငံရေးအကျပ် အတည်းတစ်ခုသို့ ဆိုက်ရောက် သွားနိုင်ကြောင်း ဝေဖန်မှုများရှိ လာချိန်တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ပါ ပါဝင်လာ မည့်ဆွေးနွေးပွဲတစ်ခုကို နိုင်ငံ တော်သမ္မတဘက်က ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် အဓိက အားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကိစ္စများ သည် အဓိကထားဆွေးနွေးသင့် သည့်အချက်များဖြစ်ပြီး လတ် တလောနိုင်ငံရေးအခြေအနေ အရ အကျပ်အတည်းတစ်ခုပေါ် ပေါက်လာစေနိုင်သောရွေး ကောက်ပွဲစနစ်ပြောင်းလဲရေး ကိစ္စသည်လည်း ထည့်သွင်းဆွေး နွေးသင့်သောအချက်တစ်ခုဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူများကဆိုသည်။

ထိုကဲ့သို့သုံးသပ်မှုများရှိနေ သော်လည်း ဆွေးနွေးပွဲတွင် အဓိ ကပါဝင်သင့်သူများထက် လူဦး ရေများပြားစွာပါဝင်လာခြင်း သည် အစိုးရဘက်မှ အချိန်ဆွဲပြု လုပ်နိုင်မည့် နည်းဗျူဟာတစ်ရပ် ကို ရေးဆွဲခြင်းကလည်းဖြစ်နိုင် ကြောင်း နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးထင်လင်းဦး (Wisdom Villa)ကဆိုသည်။

‘‘အခုအစိုးရသက်တမ်းကုန် ခါနီးမှ တွေ့မယ်လုပ်တယ်။ တွေ့ မယ့်တွေ့တော့လည်း လေးပွင့် ဆိုင်မဟုတ်တော့ ပါမယ့်သူတွေ က တော်တော်များတယ်။ လူများ တော့ တွေ့ဆုံမှုမှာ စကားတွေ အများကြီးပြောရမယ်။ ဆိုလိုတာ က ဆွေးနွေးစရာတွေများလာ မယ်။ ဒီအခါကျရင် ဆွေးနွေးတာ တွေကမပြတ်ဘူး။ ဒီအတွက် အချိန်ထပ်ယူရမယ်။ အချိန်ရွှေ့ တာတွေလုပ်လာမယ်။ ဒါအဓိက သူတို့လိုချင်တဲ့အချက်ပဲ’’ဟု ဦးထင်လင်းဦးကဆိုသည်။

ဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ကြားထားမှုများတွင် အစိုးရ ဘက်မှ သမ္မတနှင့်ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ်နှင့်ဒုကာချုပ်၊ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံ ရေးခေါင်းဆောင်များဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးဌေးဦး၊ ဦးခင် မောင်ဆွေ စသဖြင့် မြန်မာနိုင်ငံရေးမှ ထိပ်သီးပုဂ္ဂိုလ် ၁၄ ဦး ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ သို့သော် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းကိုမူ ဖိတ်ကြားခဲ့ခြင်းမရှိ ပေ။

‘‘ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ကျွန်တော်တို့ကို မဖိတ်ကြားတဲ့အတွက်လည်း ဘာ မှမပြောလိုပါဘူး’’ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးဂျင်မီကပြောသည်။

ပြုပြင်ပြောင်းလဲရေးပြုလုပ် သောနိုင်ငံတစ်ခုတွင် နိုင်ငံရေး အကျပ်အတည်းတစ်ခုတွေ့ကြုံ လာပါက တွေ့ဆုံဆွေးနွေးမှုများ ဖြင့်သာ အဖြေရှာရလေ့ရှိပြီး ထင်ရှားသောသာဓကတစ်ခုမှာ တောင်အာဖရိကနိုင်ငံရှိ လူထု ခေါင်းဆောင်နယ်လ်ဆင်မင်ဒဲ လားနှင့် ထိုစဉ်က အာဏာလက် ဝယ်ရှိသူဒီကလပ်တို့ အကြိမ်ကြိမ် တွေ့ဆုံမှုမှတစ်ဆင့် ဘုံသဘော တူညီချက်များရှာဖွေနိုင်ကာ ကောင်းမွန်သောဒီမိုကရေစီပြု ပြင်ပြောင်းလဲမှုကို ဖော်ဆောင်နိုင် ခြင်းသည် သာဓကဖြစ်ကြောင်း ၈၈ မျိုးဆက်မှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးကိုကိုကြီးက ပြည် တွင်းဆွေးနွေးပွဲတစ်ခု၌   ပြော ကြားထားသည်။

အကျပ်အတည်းများကို ဆွေးနွေးပွဲဖြင့်အဖြေရှာသင့်သည် ဆိုသော်လည်း ယခုပြုလုပ်မည့် ဆွေးနွေးပွဲသည်   တိုင်းပြည် အတွက်   လက်ရှိအာဏာလက် ဝယ်ရှိသူများမှ လိုက်လျောပေးလို ၍   ခေါ်ယူတွေ့ဆုံမှုမျိုးဖြစ်လာ ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ဦးစိုင်းညွန့်လွင်ကသုံးသပ်သည်။

‘‘အရင်ကတည်းက တွေ့ဆုံ ဖို့တောင်းဆိုတယ်။ ဘာမှဂရုစိုက် တာမရှိခဲ့ဘူးလေ။ ဒါတွေက အဓိ ကသာဓကတွေပါပဲ။ အဲဒီတော့ တိုင်းပြည်အတွက် စေတနာရှိမှ တွေ့ဆုံမှုကအလုပ်ဖြစ်ပါလိမ့် မယ်။ အဓိကအချက်ကတော့ တစ်ကြိမ်တည်းတွေ့ရုံနဲ့တော့ အဖြေမရနိုင်ပါဘူး’’ဟုဆိုသည်။

ယခင်နဝတအစိုးရလက် ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် တပ်မတော်ထိပ်တန်း ခေါင်းဆောင်အချို့နှင့် ဒေါ် အောင်ဆန်းစုကြည်တို့   တွေ့ဆုံမှုများရှိခဲ့သော်လည်း    ထိရောက် သောပြောင်းလဲမှုများ   ဖြစ်ပေါ် လာခြင်းမရှိခဲ့ပေ။

လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိထိုကဲ့သို့ အစိုးရနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင် များတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းမျိုးမရှိဘဲ ယခုပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖဆပလခေတ်မှ ယနေ့အထိနိုင်ငံ ရေးလောကကို   ဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ ကပြောသည်။

‘‘ဟိုအရင်အစိုးရလက်ထက် တွေတုန်းကတော့ ငြိမ်းချမ်းရေး အတွက်   နှစ်ဖက်ခေါင်းဆောင် တွေတွေ့တာမျိုးတော့ရှိတယ်။ အခုလိုမျိုး ထိပ်သီးခေါင်းဆောင် တွေ    အများကြီးပါလာတာမျိုး တော့မရှိဘူး။ ပြီးတော့ အရင်တုန်းကတွေ့တာကလည်း အခြေ အနေချင်းတွေ၊   ခေတ်စနစ်ချင်း တွေ မတူတော့ဘူး’’ဟု ၎င်းက ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲကိုပြုလုပ်သည် ဖြစ်စေ နိုင်ငံအတွက် ရေရှည် အကျိုးရှိနိုင်ပြီး လက်တွေ့အကျပ် အတည်းများကို ကျော်လွှားနိုင် မည့် ဆွေးနွေးပွဲတစ်ခုဖြစ်လာစေ လိုကြောင်း နိုင်ငံရေးအသိုင်း အဝိုင်းမှ ပုဂ္ဂိုလ်များကဆိုသည်။

  ‘‘လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး   အကျပ်အတည်းတွေကို လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ လွတ်လပ်ပွင့်လင်းပြီး ရေရှည် အမြင်ပေါ်မှာရပ်တည်ဖို့လိုတယ်။ လက်ရှိစီစဉ်ထားပုံအရ အဖြေ တစ်ခုထွက်ဖို့ အလားအလာနည်း ပေမယ့် လမ်းပြမြေပုံသစ်တစ်ခု ရေးဖို့လုပ်နိုင်ရင်တော့ တိုင်းပြည် အတွက်ကောင်းမယ်’’ဟု ဒေါက် တာရန်မျိုးသိမ်းကပြောသည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးမှု များသည် တစ်ကြိမ်တည်းဖြင့် ပြီး ပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှု များဆက်တိုက်ပြုလုပ်သွားမှသာ အခက်အခဲများကိုဖြေရှင်းနိုင် မည်။ အဖြေတစ်ရပ်ကိုရှာဖွေ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း ဦးသုဝေကဆိုသည်။

‘‘ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး အဓိကဦးစားပေးဆွေးနွေး သွားမယ်။ စီးပွားရေးကိစ္စက လည်းဆွေးနွေးမှာပါ။ သမ္မတက ဘယ်လိုဆွေးနွေးမယ်ဆိုတာ မသိရသေးလို့ ဆွေးနွေးမယ့် အကြောင်းအရာကိုတော့ ဆွေး နွေးပွဲရောက်မှပဲသိပါလိမ့်မယ်။ ကော်မရှင်ဥက္ကဋ္ဌလည်းပါတယ် ဆိုတော့ ရွေးကောက်ပွဲနဲ့ပတ် သက်လို့ ဆွေးနွေးဖြစ်မယ့်အနေ အထားရှိနိုင်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့တော့ ဒါကိုဆွေးနွေး တဲ့သူရှိရင် ပါဝင်ဆွေးနွေးသွားမှာ ပါ’’ဟု ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ)ကပြောသည်။

‘‘ဘာဆွေးနွေးဖြစ်မယ်ဆို တာကတော့ အတိအကျပြောလို့ မဖြစ်သေးပါဘူး။ ဒါပေမဲ့မှန်းထားတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက် ပွဲစနစ်ဖြစ်မယ်။ ဖွဲ့စည်းပုံမှာပြင် သင့်တယ်ထင်တဲ့အချက်တွေကို ပြင်ဖို့ပြောမယ်။ ဥပမာ တိုင်းရင်း သားတွေ တန်းတူညီမျှမှုရအောင် ပြင်ရမယ့်အချက်တွေပေါ့။ ပြည် နယ်တွေကိုလုပ်ပိုင်ခွင့်တွေပိုပေးဖို့၊ အခုဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ မရသေးဘူး။ အဲဒါကိုပြောမယ်လို့ စဉ်းစားထားတယ်။ နောက်တစ်ခု ကတော့ ရွေးကောက်ပွဲစနစ်ပေါ့။ ပီအာရ်ကို တိုင်းရင်းသားတွေက လက်မခံဘူးပေါ့ ပြည်နယ်တွေမှာ သုံးတာကိုမကြိုက်ကြဘူး။ အဲဒီ အချက်တွေပါလာမှာပါ’’ဟု ဦးစိုင်းအိုက်ပေါင်း(ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)က လည်းပြောသည်။

ပထမဆုံးအကြိမ်တွေ့ဆုံ ကြမည့် လက်ရှိအာဏာလက်ဝယ် ရှိသူများနှင့် နိုင်ငံရေးထိပ်သီး ခေါင်းဆောင်များတွေ့ဆုံပွဲတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ကို ခေါင်းစဉ်တပ် ကြေညာထားခြင်းမရှိသော်လည်း အဆိုပါတွေ့ဆုံပွဲမှတစ်ဆင့် လတ်တလောဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအကျပ်အတည်း များကိုဖြေရှင်းနိုင်မည့်နည်းလမ်း များနှင့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ပေါ်ထွက်လာစေမည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပေါ်လာစေ ရန် လေ့လာစောင့်ကြည့်သူများက ဆန္ဒရှိနေကြသည်။

7Day DAILY 

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လက်ရှိအစိုးရလက်ထက် တွင်    ပထမဆုံးအ ကြိမ်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် မြန်မာ့ နိုင်ငံရေး    ထိပ်သီးခေါင်းဆောင် ၁၄ ဦး သမ္မတအိမ်တော်တွင် ယနေ့နံနက်၌ တွေ့ဆုံဆွေးနွေးမှုပြု လုပ် တော့ မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လေးနှစ်ခန့်သို့ ချဉ်း နင်းဝင်ရောက် လာချိန် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ရှေ့ မတိုးနိုင်ဘဲ အကျပ်တွေ့နေစဉ် အိုဘားမားအပါအဝင် ကမ္ဘာ့အင် အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ တက် ရောက်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးများမတိုင် မီ ယခုကဲ့သို့တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်ခြင်းဖြစ်သည်။ ထို့ ကြောင့် အစိုးရအတွက် နိုင်ငံရေး အကျပ်အတည်းမှ ရုံးထွက်နိုင် ရန် နိုင်ငံတကာတွင် ပြယုဂ်ကောင်း စေရန်သက်သက်ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုဖြစ်လာ နိုင်သည် ဟု သုံးသပ်သူများလည်းရှိသည်။

‘‘အိုဘားမားအပါအဝင် ထိပ်သီးခေါင်းဆောင်တွေလာခါ နီး၊ နိုင်ငံတကာအစည်းအဝေးတွေ လုပ်ခါနီးမှာ ဖိအားနဲ့စိုးရိမ်မှုတွေ လျှော့ချနိုင်ဖို့ ယောင်ပြလုပ်တဲ့ အစည်းအဝေးဖြစ်နိုင်တဲ့ အနေ အထားမျိုးဖြစ်နေတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာရန်မျိုးသိမ်းက သုံး သပ်ပြောဆိုသည်။

‘‘သူတို့မှာ အကျပ်အတည်း တစ်ခုကြုံနေပြီဆိုတာပဲ။ အဲဒါက စဉ်းစားရမယ့်အချက်ပါ။ ဖွဲ့စည်း ပုံပြင်ဆင်ရေး အကျပ်အတည်း ဖြစ်နိုင်တယ်။ ဘယ်လိုပြင်ကြ မလဲဆိုတာ သူတို့အတွက် စိုးရိမ် စရာဖြစ်နိုင်တယ်။ အဲဒါကြောင့် ခေါ်တွေ့တာဖြစ်ဖို့များပါတယ်’’ ဟု ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ် (SNLD)မှ အတွင်းရေးမှူးဦးစိုင်းညွန့်လွင်က ဆိုသည်။

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ချိန်သည် နိုင်ငံအတွက် အရေးပါသောဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး အရှိန်မြင့်တက်နေ ချိန်ဖြစ်ပြီး ပြင်ဆင်ရေးကိစ္စတွင် အရေးပါသော   ပုဒ်မအချို့ကို လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် တပ်မတော်အနေ ဖြင့် ပြင်ဆင်ခြင်းမပြုလိုကြောင်း လွှတ်တော်သို့ တင်ပြထားချိန် လည်းဖြစ်သည်။

‘‘ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ လွှတ်တော်ထဲမှာအရင်ဆွေးနွေး တာထက် ပြင်ပမှာအဓိကခေါင်း ဆောင်တွေ လေးပွင့်ဆိုင် သဘော မျိုးဆွေးနွေးပြီးမှ ပြင်နိုင်ရင် ပို အကျိုးရှိမယ်။ ဒီလိုတွေ့ဆုံမှု မလုပ်ဘဲ လွှတ်တော်ထဲ မှာဆွေး နွေးနေရင်တော့   ငြင်းခုံနေတာပဲ အဖတ်တင်မယ်’’ဟု   ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက သူ၏အမြင်ကိုပြော သည်။

အခြေခံဥပဒေပြင်ဆင်ရေး သည် လက်ရှိဖွဲ့စည်းပုံအရ တပ် မတော်မပါဝင်က မဖြစ်နိုင်သည့် အနေ အထားဖြစ်နေ၍ တပ်မတော်က ထိုကဲ့သို့ပြင်ဆင်ခြင်းမပြုလိုဘဲ တင်းခံနေပါက နိုင်ငံရေးအကျပ် အတည်း တစ်ခုသို့ ဆိုက်ရောက် သွားနိုင်ကြောင်း ဝေဖန်မှုများရှိ လာချိန်တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ပါ ပါဝင်လာ မည့်ဆွေးနွေးပွဲတစ်ခုကို နိုင်ငံ တော်သမ္မတဘက်က ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် အဓိကအားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကိစ္စများသည် အဓိက ထား ဆွေးနွေးသင့် သည့်အချက်များဖြစ်ပြီး လတ် တလောနိုင်ငံရေးအခြေအနေ အရ အကျပ်အတည်း တစ်ခုပေါ် ပေါက်လာစေနိုင်သောရွေး ကောက်ပွဲစနစ်ပြောင်းလဲရေး ကိစ္စသည်လည်း ထည့်သွင်းဆွေး နွေးသင့်သောအချက်တစ်ခုဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူများကဆိုသည်။

ထိုကဲ့သို့သုံးသပ်မှုများရှိနေ သော်လည်း ဆွေးနွေးပွဲတွင် အဓိ ကပါဝင်သင့်သူများထက် လူဦး ရေများပြားစွာ ပါဝင်လာခြင်းသည် အစိုးရဘက်မှ အချိန်ဆွဲပြု လုပ်နိုင်မည့် နည်းဗျူဟာတစ်ရပ်ကို ရေးဆွဲခြင်း ကလည်း ဖြစ်နိုင် ကြောင်း နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးထင်လင်းဦး (Wisdom Villa)ကဆိုသည်။

‘‘အခုအစိုးရသက်တမ်းကုန် ခါနီးမှ တွေ့မယ်လုပ်တယ်။ တွေ့ မယ့်တွေ့တော့လည်း လေးပွင့်ဆိုင် မဟုတ် တော့ ပါမယ့်သူတွေ က တော်တော်များတယ်။ လူများ တော့ တွေ့ဆုံမှုမှာ စကားတွေ အများကြီးပြော ရမယ်။ ဆိုလိုတာ က ဆွေးနွေးစရာတွေများလာ မယ်။ ဒီအခါကျရင် ဆွေးနွေးတာ တွေကမပြတ်ဘူး။ ဒီအတွက် အချိန်ထပ်ယူရမယ်။ အချိန်ရွှေ့ တာတွေလုပ်လာမယ်။ ဒါအဓိက သူတို့လိုချင်တဲ့အချက်ပဲ’’ဟု ဦးထင်လင်းဦးကဆိုသည်။

ဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ကြားထားမှုများတွင် အစိုးရ ဘက်မှ သမ္မတနှင့်ဒုသမ္မတနှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ်နှင့်ဒုကာချုပ်၊ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံ ရေးခေါင်းဆောင် များဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးဌေးဦး၊ ဦးခင် မောင်ဆွေ စသဖြင့် မြန်မာနိုင်ငံရေး မှ ထိပ်သီးပုဂ္ဂိုလ် ၁၄ ဦး ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ သို့သော် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းကိုမူ ဖိတ်ကြားခဲ့ခြင်းမရှိ ပေ။

‘‘ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ကျွန်တော်တို့ကို မဖိတ်ကြား တဲ့ အတွက်လည်း ဘာ မှမပြောလိုပါဘူး’’ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဂျင်မီကပြောသည်။

ပြုပြင်ပြောင်းလဲရေးပြုလုပ် သောနိုင်ငံတစ်ခုတွင် နိုင်ငံရေး အကျပ်အတည်းတစ်ခုတွေ့ကြုံ လာပါက တွေ့ဆုံဆွေးနွေးမှုများ ဖြင့်သာ အဖြေရှာရလေ့ရှိပြီး ထင်ရှားသောသာဓကတစ်ခုမှာ တောင်အာဖရိက နိုင်ငံရှိ လူထု ခေါင်းဆောင်နယ်လ်ဆင်မင်ဒဲ လားနှင့် ထိုစဉ်က အာဏာလက် ဝယ်ရှိသူဒီကလပ်တို့ အကြိမ်ကြိမ် တွေ့ဆုံမှုမှတစ်ဆင့် ဘုံသဘော တူညီချက်များရှာဖွေနိုင်ကာ ကောင်းမွန်သောဒီမိုကရေစီပြု ပြင်ပြောင်းလဲမှုကို ဖော်ဆောင်နိုင် ခြင်းသည် သာဓကဖြစ်ကြောင်း ၈၈ မျိုးဆက်မှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးကိုကိုကြီးက ပြည် တွင်းဆွေးနွေးပွဲတစ်ခု၌   ပြော ကြားထားသည်။

အကျပ်အတည်းများကို ဆွေးနွေးပွဲဖြင့်အဖြေရှာသင့်သည် ဆိုသော်လည်း ယခုပြုလုပ်မည့် ဆွေးနွေးပွဲသည်   တိုင်းပြည် အတွက်   လက်ရှိအာဏာလက် ဝယ်ရှိသူများမှ လိုက်လျောပေးလို ၍   ခေါ်ယူတွေ့ဆုံမှုမျိုးဖြစ် လာရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ဦးစိုင်းညွန့်လွင်ကသုံးသပ်သည်။

‘‘အရင်ကတည်းက တွေ့ဆုံ ဖို့တောင်းဆိုတယ်။ ဘာမှဂရုစိုက် တာမရှိခဲ့ဘူးလေ။ ဒါတွေက အဓိ ကသာဓက တွေပါပဲ။ အဲဒီတော့ တိုင်းပြည်အတွက် စေတနာရှိမှ တွေ့ဆုံမှုကအလုပ်ဖြစ်ပါလိမ့်မယ်။ အဓိကအချက် ကတော့ တစ်ကြိမ်တည်းတွေ့ရုံနဲ့တော့ အဖြေမရနိုင်ပါဘူး’’ဟုဆိုသည်။

ယခင်နဝတအစိုးရလက် ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် တပ်မတော်ထိပ်တန်း ခေါင်းဆောင် အချို့နှင့် ဒေါ် အောင်ဆန်းစုကြည်တို့   တွေ့ဆုံမှုများရှိခဲ့သော်လည်း    ထိရောက် သောပြောင်းလဲမှုများ   ဖြစ်ပေါ် လာခြင်းမရှိခဲ့ပေ။

လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိထိုကဲ့သို့ အစိုးရနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင် များတွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်ခဲ့ခြင်းမျိုးမရှိဘဲ ယခုပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖဆပလခေတ်မှ ယနေ့အထိနိုင်ငံ ရေးလောကကို   ဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ ကပြောသည်။

‘‘ဟိုအရင်အစိုးရလက်ထက် တွေတုန်းကတော့ ငြိမ်းချမ်းရေး အတွက်   နှစ်ဖက်ခေါင်းဆောင် တွေတွေ့တာ မျိုး တော့ရှိတယ်။ အခုလိုမျိုး ထိပ်သီးခေါင်းဆောင် တွေ    အများကြီးပါလာတာမျိုး တော့မရှိဘူး။ ပြီးတော့ အရင်တုန်းကတွေ့တာကလည်း အခြေ အနေချင်းတွေ၊   ခေတ်စနစ်ချင်း တွေ မတူတော့ဘူး’’ဟု ၎င်းက ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲကိုပြုလုပ်သည် ဖြစ်စေ နိုင်ငံအတွက် ရေရှည် အကျိုးရှိနိုင်ပြီး လက်တွေ့အကျပ် အတည်းများကို ကျော်လွှားနိုင်မည့် ဆွေးနွေးပွဲတစ်ခုဖြစ်လာစေ လိုကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းမှ ပုဂ္ဂိုလ်များကဆိုသည်။

‘‘လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး   အကျပ်အတည်းတွေကို လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ လွတ်လပ် ပွင့် လင်း ပြီး ရေရှည် အမြင်ပေါ်မှာရပ်တည်ဖို့လိုတယ်။ လက်ရှိစီစဉ်ထားပုံအရ အဖြေ တစ်ခုထွက်ဖို့ အလား အလာ နည်း ပေမယ့် လမ်းပြမြေပုံသစ်တစ်ခု ရေးဖို့လုပ်နိုင်ရင်တော့ တိုင်းပြည် အတွက်ကောင်းမယ်’’ဟု ဒေါက် တာရန်မျိုးသိမ်းကပြောသည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးမှုများသည် တစ်ကြိမ်တည်းဖြင့် ပြီးပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှုများ ဆက် တိုက်ပြု လုပ်သွားမှသာ အခက်အခဲများကိုဖြေရှင်းနိုင်မည်။ အဖြေတစ်ရပ်ကိုရှာဖွေ တွေ့ရှိနိုင်မည်ဖြစ် ကြောင်း ဦးသုဝေကဆိုသည်။

‘‘ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး အဓိကဦးစားပေးဆွေးနွေး သွားမယ်။ စီးပွားရေးကိစ္စက လည်းဆွေးနွေးမှာပါ။ သမ္မတက ဘယ်လိုဆွေးနွေးမယ်ဆိုတာ မသိရသေးလို့ ဆွေးနွေးမယ့် အကြောင်းအရာကိုတော့ ဆွေး နွေးပွဲရောက်မှပဲသိပါလိမ့်မယ်။ ကော်မရှင်ဥက္ကဋ္ဌလည်းပါတယ် ဆိုတော့ ရွေးကောက်ပွဲနဲ့ပတ် သက်လို့ ဆွေးနွေးဖြစ်မယ့်အနေ အထားရှိနိုင်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့တော့ ဒါကိုဆွေးနွေး တဲ့သူရှိရင် ပါဝင်ဆွေးနွေးသွားမှာ ပါ’’ဟု ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ)ကပြောသည်။

‘‘ဘာဆွေးနွေးဖြစ်မယ်ဆို တာကတော့ အတိအကျပြောလို့ မဖြစ်သေးပါဘူး။ ဒါပေမဲ့မှန်းထားတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက် ပွဲစနစ်ဖြစ်မယ်။ ဖွဲ့စည်းပုံမှာပြင် သင့်တယ်ထင်တဲ့ အချက်တွေကို ပြင်ဖို့ပြောမယ်။ ဥပမာ တိုင်းရင်း သားတွေ တန်းတူညီမျှမှုရအောင် ပြင်ရမယ့်အချက်တွေ ပေါ့။ ပြည် နယ်တွေကိုလုပ်ပိုင်ခွင့်တွေပိုပေးဖို့၊ အခုဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် တွေ မရသေးဘူး။ အဲဒါကိုပြောမယ်လို့ စဉ်းစားထားတယ်။ နောက်တစ်ခု ကတော့ ရွေးကောက်ပွဲ စနစ်ပေါ့။ ပီအာရ်ကို တိုင်းရင်းသားတွေက လက်မခံဘူးပေါ့ ပြည်နယ်တွေမှာ သုံးတာကို မကြိုက်ကြဘူး။ အဲဒီ အချက်တွေပါလာမှာပါ’’ဟု ဦးစိုင်းအိုက်ပေါင်း(ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)က လည်းပြောသည်။

ပထမဆုံးအကြိမ်တွေ့ဆုံ ကြမည့် လက်ရှိအာဏာလက်ဝယ် ရှိသူများနှင့် နိုင်ငံရေးထိပ်သီး ခေါင်းဆောင် များ တွေ့ဆုံပွဲတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ကို ခေါင်းစဉ်တပ် ကြေညာထားခြင်း မရှိသော်လည်း အဆိုပါတွေ့ဆုံပွဲမှတစ်ဆင့် လတ်တလောဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အကျပ် အတည်း များကိုဖြေရှင်းနိုင်မည့်နည်းလမ်း များနှင့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ပေါ်ထွက်လာစေမည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပေါ်လာစေ ရန် လေ့လာစောင့်ကြည့်သူများက ဆန္ဒရှိနေကြသည်။

7Day DAILY

No comments:

Post a Comment